Huawei Watch 2 2018 ကို ျမင္ရေတာ့မွာလား

0
1652

Zawgyi Version

Huawei Watch အသစ္ေလးကို ဒီႏွစ္ထဲမွာ launch လုပ္ပါလိမ့္မယ္။ ဘယ္အခ်ိန္မွာ ျမင္ရမလဲဆိုတာ တိတိက်က်မသိရေသးေပမယ့္လည္း လုပ္ေဆာင္ေနတယ္ဆိုတာကေတာ့ ေသခ်ာသေလာက္ပါပဲ။ launch အတြက္ အေလာတၾကီးလုပ္ေနစရာမလိုအပ္ဘူးလုိ႕လည္း ေတြးမိပါတယ္။ ေပါက္ၾကားမႈေတြရဲ႕အရွင္သခင္ Evan Blass က launch က နီးကပ္လာျပီလို႕ေျပာထားပါတယ္။ သူ႕ရဲ႕မက္ေဆ့ခ်္ကို ဖ်က္ထားတယ္ဆိုေတာ့ စိတ္၀င္စားစရာပါပဲ။ Huawei Watch 2 2018 version ကေတာ့ စိတ္လႈပ္ရွားစြာနဲ႕ ေစာင့္ေမွ်ာ္ခံေနရပါျပီ။

2018 model ကေတာ့ Huawei Watch 2 ကို အဆင့္ျမွင့္ထားမွာ က်ိန္းေသပါတယ္။ ဒီဇိုင္းပိုင္းမွာေတာ့ ေျပာင္းလဲမႈၾကီးၾကီးမားမားကို မျမင္ရေလာက္ဘူးလုိ႕ ေတြးထားပါတယ္။ အခ်က္အလက္ပိုင္းမွာသာ ေျပာင္းလဲသြားႏုိင္ပါတယ္။ Wear OS ကို အသံုးျပဳထားျပီးေတာ့ 768MB RAM ၊ 4GB onboard storage ၊ Qualcomm Snapdragon 2100 chipset ကို ေတြ႕ျမင္ရႏုိင္ပါတယ္။ 1.2-inch AMOLED screen ၊ 390 x 390 resolution (326ppi) ၊ built-in GPS ၊ WiFi ၊ Bluetooth ၊ eSim support (၀ို္း) စတာေတြကို အသံုးျပဳႏုိင္မွာပါ။ IP68 ဆိုေတာ့ ေရစိုခံတယ္ေနာ္။

ambient light sensor ၊ accelerometer ၊ optical heart rate sensor ၊ barometer ေတြလည္း ပါ၀င္လာဦးမွာပါ။ စိုထိုင္းဆစစ္ေဆးႏုိင္တဲ့ capacitance sensor ၊ အျပင္ဘက္ကိုေျခရာခံႏုိင္တဲ့ geomagnetic sensor ေလးေတြကို အသစ္ထည့္ေပးထားမွာပါ။

ထြက္ရွိမယ့္ရက္နဲ႕ ေစ်းႏႈန္းကေတာ့ မသိရေသးပါဘူး။

Unicode Version

Huawei Watch အသစ်လေးကို ဒီနှစ်ထဲမှာ launch လုပ်ပါလိမ့်မယ်။ ဘယ်အချိန်မှာ မြင်ရမလဲဆိုတာ တိတိကျကျမသိရသေးပေမယ့်လည်း လုပ်ဆောင်နေတယ်ဆိုတာကတော့ သေချာသလောက်ပါပဲ။ launch အတွက် အလောတကြီးလုပ်နေစရာမလိုအပ်ဘူးလို့လည်း တွေးမိပါတယ်။ ပေါက်ကြားမှုတွေရဲ့အရှင်သခင် Evan Blass က launch က နီးကပ်လာပြီလို့ပြောထားပါတယ်။ သူ့ရဲ့မက်ဆေ့ချ်ကို ဖျက်ထားတယ်ဆိုတော့ စိတ်ဝင်စားစရာပါပဲ။ Huawei Watch 2 2018 version ကတော့ စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်ခံနေရပါပြီ။
2018 model ကတော့ Huawei Watch 2 ကို အဆင့်မြှင့်ထားမှာ ကျိန်းသေပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ ပြောင်းလဲမှုကြီးကြီးမားမားကို မမြင်ရလောက်ဘူးလို့ တွေးထားပါတယ်။ အချက်အလက်ပိုင်းမှာသာ ပြောင်းလဲသွားနိုင်ပါတယ်။ Wear OS ကို အသုံးပြုထားပြီးတော့ 768MB RAM ၊ 4GB onboard storage ၊ Qualcomm Snapdragon 2100 chipset ကို တွေ့မြင်ရနိုင်ပါတယ်။ 1.2-inch AMOLED screen ၊ 390 x 390 resolution (326ppi) ၊ built-in GPS ၊ WiFi ၊ Bluetooth ၊ eSim support (ဝိုး) စတာတွေကို အသုံးပြုနိုင်မှာပါ။ IP68 ဆိုတော့ ရေစိုခံတယ်နော်။
ambient light sensor ၊ accelerometer ၊ optical heart rate sensor ၊ barometer တွေလည်း ပါဝင်လာဦးမှာပါ။ စိုထိုင်းဆစစ်ဆေးနိုင်တဲ့ capacitance sensor ၊ အပြင်ဘက်ကိုခြေရာခံနိုင်တဲ့ geomagnetic sensor လေးတွေကို အသစ်ထည့်ပေးထားမှာပါ။
ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းကတော့ မသိရသေးပါဘူး။

Leave a Reply