Gmail ရဲ႕ AI စြမ္းအားသံုုး ‘Smart Compose’ ေလးကို ဘယ္လိုအသံုးျပဳၾကမလဲ

0
1538

Zawgyi Version

ျပီးခဲ့တဲ့အပတ္က Google’s I/O developer conference မွာ Smart Compose ဆိုတဲ့ feature ေလးကို ျပသခဲ့ပါတယ္။ နာမည္ေလးအတုိင္းပါပဲ။ Smart Compose လုပ္ေဆာင္ခ်က္ကေတာ့ စာသားေလးေတြကုိ ဘာျပီးရင္ဘာလာမလဲဆိုတာကို ခန္႕မွန္းေပးမွာ ျဖစ္ပါတယ္။ normal predictive text feature ကေတာ့ ဘာစကားလံုးေျပာမလဲဆိုတာကို ခန္႕မွန္းတာျဖစ္ျပီး Smart Compose ကေတာ့ စာေၾကာင္းတစ္ေၾကာင္းလံုးကို ခန္႕မွန္းေပးမွာပါ။

ဒါ့ျပင္ Smart Compose က သူ႕ရဲ႕ခန္႕မွန္းမႈေတြကို သံုးစြဲသူတစ္ေယာက္ခ်င္းစီရဲ႕ အၾကိဳက္ေတြ၊ လုပ္ေဆာင္မႈေတြကို အေျခခံျပီး လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ Google က ဒီလေနာက္ပိုင္းမွာ ထုတ္ေပးသြားမယ္လို႕ ေျပာခဲ့ပါတယ္။ အခုေစာင့္ဆုိင္းရတဲ့အခ်ိန္ေတြ ကုန္လြန္သြားပါျပီ။

AI အေျခခံ email tool ေလးကို ဒီေန႕မွာပဲ အသံုးျပဳႏုိင္ပါတယ္။ ပထမဆံုး enable လုပ္ေပးရမွာပါ။ Gmail settings ထဲကိုသြားျပီးေတာ့ “Enable experimental access” feature ေလးကို ဖြင့္လုိက္ပါ။ ဒါေလးေတြမလုပ္ခင္မွာ အေပၚနားမွာရွိတဲ့ gear icon ေလးဆီကိုသြားျပီးေတာ့ “Try the new Gmail” option ကို ဖြင့္ထားဖို႕လုိမယ္ေနာ္။

၁။ ညာဘက္အေပၚေထာင့္နားက Settings ကို ႏွိပ္လုိက္ပါ။ Gmail အသစ္ကို မသံုးရေသးဘူးဆိုရင္ေတာ့ Try the new Gmail ကို ႏွိ္ပ္လုိက္ပါ။

၂။ “General” ေအာက္က Experimental Access ကိုသြားလုိက္ပါ။

၃။ အမွန္ျခစ္ေပးလိုက္ပါ။

၄။ ေအာက္ေျခနားက Save changes ကိုႏွိပ္လုိက္ပါ။

စမ္းသပ္ၾကည့္ႏုိင္ပါျပီ။ အခ်ိန္ကုန္သက္သာမယ္လို႕ ေမွ်ာ္လင့္ရပါတယ္။

Unicode Version

ပြီးခဲ့တဲ့အပတ်က Google’s I/O developer conference မှာ Smart Compose ဆိုတဲ့ feature လေးကို ပြသခဲ့ပါတယ်။ နာမည်လေးအတိုင်းပါပဲ။ Smart Compose လုပ်ဆောင်ချက်ကတော့ စာသားလေးတွေကို ဘာပြီးရင်ဘာလာမလဲဆိုတာကို ခန့်မှန်းပေးမှာ ဖြစ်ပါတယ်။ normal predictive text feature ကတော့ ဘာစကားလုံးပြောမလဲဆိုတာကို ခန့်မှန်းတာဖြစ်ပြီး Smart Compose ကတော့ စာကြောင်းတစ်ကြောင်းလုံးကို ခန့်မှန်းပေးမှာပါ။
ဒါ့ပြင် Smart Compose က သူ့ရဲ့ခန့်မှန်းမှုတွေကို သုံးစွဲသူတစ်ယောက်ချင်းစီရဲ့ အကြိုက်တွေ၊ လုပ်ဆောင်မှုတွေကို အခြေခံပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Google က ဒီလနောက်ပိုင်းမှာ ထုတ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အခုစောင့်ဆိုင်းရတဲ့အချိန်တွေ ကုန်လွန်သွားပါပြီ။
AI အခြေခံ email tool လေးကို ဒီနေ့မှာပဲ အသုံးပြုနိုင်ပါတယ်။ ပထမဆုံး enable လုပ်ပေးရမှာပါ။ Gmail settings ထဲကိုသွားပြီးတော့ “Enable experimental access” feature လေးကို ဖွင့်လိုက်ပါ။ ဒါလေးတွေမလုပ်ခင်မှာ အပေါ်နားမှာရှိတဲ့ gear icon လေးဆီကိုသွားပြီးတော့ “Try the new Gmail” option ကို ဖွင့်ထားဖို့လိုမယ်နော်။
၁။ ညာဘက်အပေါ်ထောင့်နားက Settings ကို နှိပ်လိုက်ပါ။ Gmail အသစ်ကို မသုံးရသေးဘူးဆိုရင်တော့ Try the new Gmail ကို နှိပ်လိုက်ပါ။
၂။ “General” အောက်က Experimental Access ကိုသွားလိုက်ပါ။
၃။ အမှန်ခြစ်ပေးလိုက်ပါ။
၄။ အောက်ခြေနားက Save changes ကိုနှိပ်လိုက်ပါ။
စမ်းသပ်ကြည့်နိုင်ပါပြီ။ အချိန်ကုန်သက်သာမယ်လို့ မျှော်လင့်ရပါတယ်။

 

Leave a Reply