‘Displays of the Year’ ဆုကိုရသွားတဲ့ iPad Pro နဲ့ iPhone X

0
1729

Zawgyi Version









Unicode Version

iPad Pro နဲ့ iPhone X တို့ဟာ Displays of the Year ဆုကို The Society for Information Display (SID) မှ ပေးအပ်ခြင်း ခံရပါတယ်။ နှစ်စဉ်ကျင်းပတဲ့ Display Industry Awards ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆုတွေဟာ “အရည်အသွေးမြင့်ပြီးတော့ display လုပ်ငန်းထဲမှာ ဆန်းသစ်တဲ့လုပ်ရပ်တွေကို ပြသနိုင်တဲ့သူ”ကို ပေးအပ်တာဖြစ်ပါတယ်။ 2018 award winner အားလုံးရဲ့ ထုတ်ကုန်တွေဟာ ၂၀၁၇ခုနှစ်မှာ ဝယ်ယူနိုင်ပြီးသားတွေ ဖြစ်ပါတယ်။
Apple ရဲ့ ၂၀၁၇ ခုနှစ် ဂျွန်လမှာထုတ်လုပ်ခဲ့တဲ့ 10.5 နဲ့ 12.9-inch iPad Pro model တွေဟာ ProMotion display နည်းပညာအတွက် ဆုတစ်ခုရခဲ့ပါတယ်။ ProMotion ဟာ 120Hz display refresh rate ကို မိတ်ဆက်ပေးခဲ့ပြီးတော့ screen ပေါ်ကလှုပ်ရှားနေတဲ့အရုပ်တွေကို ချောမွေ့၊ responsive ပိုဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ စာသား၊ scrolling ၊ gaming ၊ Apple Pencil နှောင့်နှေးမှု၊ ဇာတ်ကား စတာတွေကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။
10.5 and 12.9-inch iPad Pro model တွေမှာ 2224 x 1168 and 2732 x 2048 resolution ကို အသုံးပြုထားပါတယ်။ pixel density ကတော့ 264 pixels per inch ကို သုံးထားတာပါ။ True Tone လို့ခေါ်တဲ့ အခန်းတွင်းအလင်းအမှောင်အပေါ်မူတည်ပြီးတော့ display ချိန်နိုင်တဲ့ feature လေးကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ P3 wide color gamut နဲ့ လက်တွေ့ဆန်တဲ့အရောင်တွေကိုခံစားနိုင်မှာပါ။
iPhone X မှာတော့ Displays of the Year award ရခဲ့ပြီး သူ့ရဲ့ edge-to-edge Super Retina display ကြောင့် ရခဲ့တာပါ။ လုံး၀ physical button မပါဝင်တော့ပါဘူး။ iPhone အတွက် ပထမဆုံးသော OLED display ကို ပေးအပ်ခဲ့ပြီးတော့ HDR နဲ့ True Tone ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
5.8-in. Super Retina display မှာ 458 ppi resolution ထည့်သွင်းထားပြီး OLED panel ရဲ့စံနှုန်းကိုလည်း အရင်မျိုးဆက်တွေနဲ့ တန်းညှိထားပါတယ်။ အရောင်၊ million-to-one contrast ratio ၊ system-wide color management တွေလည်း မကျန်ခဲ့ပါဘူး။ HDR display မှာ Dolby Vision နဲ့ HDR10 ကို ထောက်ပံ့ပေးထားပြီးတော့ ဓါတ်ပုံနဲ့ဗွီဒီယိုတွေအတွက် အရည်အသွေးမြင့်မားအောင် ဆောင်ရွက်ပေးထားပါတယ်။ True Tone ကတော့ white balance ကို ချိန်ညှိပေးပြီးတော့ စာရွက်ကြည့်နေရသလို ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။
Apple မဟုတ်တဲ့ပစ္စည်းတွေကလည်း ဆုတွေရခဲ့ပါသေးတယ်။ Sharp 70-inch 8K LCD TV နဲ့ Continental Automotive’s 3D Touch surface ၊ Kolon ရဲ့ Colorless Polyimide ၊ Synaptics ရဲ့ Optical In-Display Fingerprint Sensor ၊ LG UHD Crystal Sound OLED တွေကလည်း ဆုတွေအသီးသီး ပိုင်ဆိုင်ခဲ့ပါတယ်။
Displays of the Year award winner တွေအားလုံးအတွက် မေ၂၃ရက်နေ့ Display Week awards မှာ နေ့လည်စာစားပွဲလုပ်သွားမှာ ဖြစ်ပါတယ်။

Leave a Reply