Bitcoin နဲ႕ အျခား cryptocurrency ကိုေထာက္ပံ့ေပးႏုိင္မယ့္ HTC ရဲ႕ Exodus စမတ္ဖုန္း

0
1488

Zawgyi Version

HTC က cryptocurrency ၊ blockchain နယ္ပယ္ပုိင္းကို ၀င္ေရာက္လာဖို႕အတြက္ blockchain နဲ႕ အားျဖည့္ထားတဲ့ စမတ္ဖုန္းတစ္လံုးကို ဖန္တီးလိုက္ပါတယ္။

HTC Exodus ကေတာ့ Android စနစ္သံုး စမတ္ဖုန္းတစ္လံုးျဖစ္ျပီးေတာ့ blockchain စြမ္းအားအသံုးျပဳမွာပါ။ အဲဒီဟန္းဆက္ဟာ cryptocurrency ေတြရဲ႕အနာဂတ္ကိုရည္မွန္းျပီးေတာ့ ဒီဇိုင္းထုတ္ထားတာျဖစ္ျပီး လံုျခံဳစိတ္ခ်ရတဲ့ hardware နဲ႕ universal wallet တို႕ကိုေပါင္းစပ္ထားပါတယ္။ wallet ေလးမွာေတာ့ app ေတြနဲ႕ Bitcoin ၊ Lightning Networks ၊ Dfinity ၊ Ethereum နဲ႕ အျခား cryptocurrency ေတြကို ေထာက္ပံ့ေပးထားမွာပါ။ မိတ္ဖက္အဖြဲ႕အစည္းေတြကိုလည္း မၾကာခင္ေၾကညာသြားမယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။

HTC Vive program ကို ဦးေဆာင္ခဲ့ဖူးတဲ့ Phil Chen ကေတာ့ Exodus အဖြဲ႕မွာ တာ၀န္ရွိသူတစ္ေယာက္အျဖစ္ လုပ္ေဆာင္ေနပါတယ္။ Exodus ဟာ “blockchain ecosystem တစ္ခုလံုး” ကိုေထာက္ပံ့ေပးႏိုင္လိမ့္မယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။ HTC ကလည္း သူ႕ရဲ႕ native blockchain network ကို ဖန္တီးခ်င္ေနျပီးေတာ့ သံုးစြဲသူေတြဆီကို ယူေဆာင္လာေပးခ်င္ေနတာပါ။

HTC ဟာ Exodus ရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို လွ်ိဳ႕၀ွက္ထားဆဲပါ။ ဒါေပမယ့္လည္း အဲဒီဖုန္းအတြက္ cryptocurrency ေတြကို payment option တစ္ခုအေနနဲ႕ လုပ္ေဆာင္ေပးမယ္လို႕လည္း သတင္းေတြထြက္ေနပါတယ္။ ဘယ္ေလာက္က်သင့္မလဲ၊ launch ဘယ္အခ်ိန္လုပ္မလဲဆိုတာေတြကို မသိရေသးပါဘူး။

သင္ေရာ Exodus ကို ဘယ္လိုျမင္သလဲ။

Unicode Version

HTC က cryptocurrency ၊ blockchain နယ်ပယ်ပိုင်းကို ဝင်ရောက်လာဖို့အတွက် blockchain နဲ့ အားဖြည့်ထားတဲ့ စမတ်ဖုန်းတစ်လုံးကို ဖန်တီးလိုက်ပါတယ်။
HTC Exodus ကတော့ Android စနစ်သုံး စမတ်ဖုန်းတစ်လုံးဖြစ်ပြီးတော့ blockchain စွမ်းအားအသုံးပြုမှာပါ။ အဲဒီဟန်းဆက်ဟာ cryptocurrency တွေရဲ့အနာဂတ်ကိုရည်မှန်းပြီးတော့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ hardware နဲ့ universal wallet တို့ကိုပေါင်းစပ်ထားပါတယ်။ wallet လေးမှာတော့ app တွေနဲ့ Bitcoin  ၊ Lightning Networks ၊ Dfinity ၊ Ethereum နဲ့ အခြား cryptocurrency တွေကို ထောက်ပံ့ပေးထားမှာပါ။ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း မကြာခင်ကြေညာသွားမယ်လို့ မျှော်မှန်းထားပါတယ်။
HTC Vive program ကို ဦးဆောင်ခဲ့ဖူးတဲ့ Phil Chen ကတော့ Exodus အဖွဲ့မှာ တာဝန်ရှိသူတစ်ယောက်အဖြစ် လုပ်ဆောင်နေပါတယ်။ Exodus ဟာ “blockchain ecosystem တစ်ခုလုံး” ကိုထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ HTC ကလည်း သူ့ရဲ့ native blockchain network ကို ဖန်တီးချင်နေပြီးတော့ သုံးစွဲသူတွေဆီကို ယူဆောင်လာပေးချင်နေတာပါ။
HTC ဟာ Exodus ရဲ့ အသေးစိတ်အချက်အလက်တွေကို လျှို့ဝှက်ထားဆဲပါ။ ဒါပေမယ့်လည်း အဲဒီဖုန်းအတွက် cryptocurrency တွေကို payment option တစ်ခုအနေနဲ့ လုပ်ဆောင်ပေးမယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဘယ်လောက်ကျသင့်မလဲ၊ launch ဘယ်အချိန်လုပ်မလဲဆိုတာတွေကို မသိရသေးပါဘူး။
သင်ရော Exodus ကို ဘယ်လိုမြင်သလဲ။

Leave a Reply