ၾကည့္ထားတဲ့ ဗြီဒီယို history ေတြကို ေဖ်ာက္ခြင့္ေပးေတာ့မယ့္ YouTube Android app

0
1571

Zawgyi Version

Google က YouTube Android app အတြက္ incognito mode အသစ္ေလးကိုစမ္းသပ္ေနပါတယ္။ အဲဒီ mode ကေတာ့ session ကို ေျခရာခံလုိက္ျခင္း မျပဳလုပ္ႏုိ္င္ေအာင္ လုပ္ေဆာင္ေပးသြားမွာပါ။

YouTube app ထဲက account settings အတြင္းမွာ ‘Turn on Incognito’ ေလးကို ဘယ္လိုရွာရမလဲဆိုတဲ့အေၾကာင္း screenshots ေလးနဲ႕ Android Police က တင္ေပးခဲ့တာကို ေတြ႕ထားပါတယ္။

နားလည္ေအာင္ေျပာရမယ္ဆိုရင္ေတာ့ app ထဲမွာ log in ျဖစ္ျပီးေတာ့ ဗြီဒီယိုေတြကိုၾကည့္တဲ့အခါမွာ သူတို႕ရဲ႕ history ထဲကို ဘာမွမထည့္ေတာ့ပါဘူး။ ျပီးေတာ့ recommendation ေတြလည္း မျပေတာ့ပါဘူး။

incognito mode ဖြင့္ထားတဲ့အခ်ိန္မွာ YouTube သံုးစြဲသူေတြအေနနဲ႕ သူတို႕ရဲ႕လုပ္ေဆာင္ခ်က္ေတြကို session မွာ မသိမ္းေတာ့ေၾကာင္း notification ေလးတက္လာမွာပါ။ Google account avatar ေလးကို incognito icon ေလးနဲ႕အုပ္ေပးထားမွာ ျဖစ္ပါတယ္။

YouTube မွာရွိတဲ့အရာေတြက PornHub လုိမ်ိဳး private mode လိုအပ္ေနတဲ့အရာေတြမဟုတ္ေပမယ့္လည္း သူတို႕ရဲ႕ၾကည့္ရွဳထားတဲ့ history ကို သံုးစြဲသူေတြက မျမင္ေစခ်င္တဲ့အေၾကာင္းရင္းေတြလည္း ရွိႏုိင္တာပဲေလ။

တစ္ေယာက္ေယာက္ကမ်ား လက္ေဆာင္ေပးဖို႕စီစဥ္ထားျပီးေတာ့ review ေတြကိုၾကည့္ထားတယ္။ ဒါေပမယ့္ smart TVေပၚက YouTube app မွာ အဲဒီဗြီဒီယိုေတြ ျပေစခ်င္မတဲ့လား။ surprise မျဖစ္ေတာ့ဘူးေပါ့။

ဒါမွမဟုတ္လည္း YouTube ရဲ႕ ၾကမ္းတမ္းတဲ့သီအိုရီေတြအေၾကာင္း စပ္စုၾကည့္ခ်င္တာလား။

Chrome မွာဆိုရင္လည္း incognito mode ရွိတဲ့အတြက္ေၾကာင့္ YouTube မွာ မရွိေသးတာကိုက အံ့ၾသစရာျဖစ္ေနတာပါ။

main app က ထြက္လုိက္မယ္ဆိုရင္ လက္ရွိနည္းလမ္းကေန ထြက္သြားမွာျဖစ္ျပီးေတာ့ history ကို ျပန္ရွာၾကည့္ႏုိင္မွာပါ။

Unicode Versioin

Google က YouTube Android app အတွက် incognito mode အသစ်လေးကိုစမ်းသပ်နေပါတယ်။ အဲဒီ mode ကတော့ session ကို ခြေရာခံလိုက်ခြင်း မပြုလုပ်နိုင်အောင် လုပ်ဆောင်ပေးသွားမှာပါ။
YouTube app ထဲက account settings အတွင်းမှာ ‘Turn on Incognito’ လေးကို ဘယ်လိုရှာရမလဲဆိုတဲ့အကြောင်း screenshots လေးနဲ့ Android Police က တင်ပေးခဲ့တာကို တွေ့ထားပါတယ်။
နားလည်အောင်ပြောရမယ်ဆိုရင်တော့ app ထဲမှာ log in ဖြစ်ပြီးတော့ ဗွီဒီယိုတွေကိုကြည့်တဲ့အခါမှာ သူတို့ရဲ့ history ထဲကို ဘာမှမထည့်တော့ပါဘူး။ ပြီးတော့ recommendation တွေလည်း မပြတော့ပါဘူး။
incognito mode ဖွင့်ထားတဲ့အချိန်မှာ YouTube သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို session မှာ မသိမ်းတော့ကြောင်း notification လေးတက်လာမှာပါ။ Google account avatar လေးကို incognito icon လေးနဲ့အုပ်ပေးထားမှာ ဖြစ်ပါတယ်။
YouTube မှာရှိတဲ့အရာတွေက PornHub လိုမျိုး private mode လိုအပ်နေတဲ့အရာတွေမဟုတ်ပေမယ့်လည်း သူတို့ရဲ့ကြည့်ရှုထားတဲ့ history ကို သုံးစွဲသူတွေက မမြင်စေချင်တဲ့အကြောင်းရင်းတွေလည်း ရှိနိုင်တာပဲလေ။
တစ်ယောက်ယောက်ကများ လက်ဆောင်ပေးဖို့စီစဉ်ထားပြီးတော့ review တွေကိုကြည့်ထားတယ်။ ဒါပေမယ့် smart TVပေါ်က YouTube app မှာ အဲဒီဗွီဒီယိုတွေ ပြစေချင်မတဲ့လား။ surprise မဖြစ်တော့ဘူးပေါ့။
ဒါမှမဟုတ်လည်း YouTube ရဲ့ ကြမ်းတမ်းတဲ့သီအိုရီတွေအကြောင်း စပ်စုကြည့်ချင်တာလား။
Chrome မှာဆိုရင်လည်း incognito mode ရှိတဲ့အတွက်ကြောင့် YouTube မှာ မရှိသေးတာကိုက အံ့သြစရာဖြစ်နေတာပါ။
main app က ထွက်လိုက်မယ်ဆိုရင် လက်ရှိနည်းလမ်းကနေ ထွက်သွားမှာဖြစ်ပြီးတော့ history ကို ပြန်ရှာကြည့်နိုင်မှာပါ။

Leave a Reply