Posted on Leave a comment
အီးမေးလ်မှာ စာပြန်ဖို့မေ့တတ်လား Gmail အသစ်ကကူညီပေးလိမ့်မယ်
Zawgyi Version
Unicode Version
Gmail အသစ်မှာ သုံးစွဲသူတွေကို စာပြန်ဖို့မေ့နေတယ်ဆိုရင် အသိပေးနိုင်တော့မယ်လို့ Google က ကြေညာလိုက်ပါတယ်။ AI စွမ်းအားသုံးထားတဲ့ notification tool လေးက default အနေနဲ့ ဖွင့်ထားပေးမှာပါ။
Google ကတော့ ဒီ reminder feature လေးက အီးမေးလ်တွေကို စာပြန်ဖို့မေ့သွားတတ်တဲ့သူတွေကို သတိရစေဖို့ ကူညီပေးမှာလို့ ရေးသားထားပါတယ်။
“Nudging” ဆိုတာကတော့ စာသား notification လေးဖြစ်ပြီးတော့ Gmail inbox အသစ်ရဲ့ မက်ဆေ့ချ်ဘေးနားလေးမှာ မြင်နေရမှာ ဖြစ်ပါတယ်။ မက်ဆေ့ချ်ဘယ်တုန်းက ဝင်လာတာလဲ၊ စာပြန်ချင်လားလို့ မေးနေမှာပါ။ notification လေးက သင်စိတ်ဝင်စားမယ်ထင်တဲ့ မက်ဆေ့ချ်တွေမှာသာ ပေါ်နေမှာ ဖြစ်ပါတယ်။ spam တွေမှာ မြင်ရမှာ မဟုတ်ပါဘူး။
Nudging ကတော့ ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။ Sent folder ထဲထိဝင်ကြည့်နိုင်ပြီးတော့ စာမပြန်ရသေးတာကိုလည်း သိနိုင်ပါတယ်။ ဒီတော့ မပြန်ဖြစ်တဲ့သူတွေတောင် ပြန်ဖြစ်ပါတော့မယ်။
Feature အသစ်ကိုမကြိုက်ရင်လည်း ပိတ်ထားလို့ရပါတယ်။ Gmail settings ထဲကိုသွားပြီးတော့ nudging feature နှစ်ခု – Inbox nudges နဲ့ Sent box ကို ပိတ်ထားလိုက်ပါ။ တစ်ခုတည်းဖွင့်ထားချင်လည်း ရပါတယ်။
Google က ၁ရက်ကနေ ၃ရက်အတွင်း ထွက်ရှိပေးမှာဆိုတော့ မြင်ရတော့မှာပါ။
သင်ရော သုံးလို့ရနေပြီလား။ ဘယ်လိုထင်လဲ ဆွေးနွေးပေးခဲ့ပါဦး။
Leave a Reply
This site uses Akismet to reduce spam. Learn how your comment data is processed.