မေ၁၇မှာ မိတ်ဆက်သွားမယ့် ကမ္ဘာ့အမြန်ဆုံးဝိုင်ယာလက် CHARGER UMIDIGI Q1
0
1605
Unicode Version
ဝိုင်ယာလက်နည်းလမ်းကို အသုံးပြုပြီး အားသွင်းတဲ့ စနစ်ဟာ လက်ရှိအချိန်မှာတော့ စမတ်ဖုန်းထုတ်လုပ်သူအများစုအနေနဲ့ အသုံးပြုဖို့ပြင်ဆင်နေကြပါပြီ။ ပုံမှန်အားသွင်းစနစ်အပြင် ထပ်ပေါင်းထည့်ဖို့ပြင်ဆင်နေကြတာကြောင့် မျိုးဆက်သစ်ဖုန်းအများစုဟာ Wireless charging စနစ်ကိုထောက်ပံ့ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ UMIDIGI ဆိုတာကတော့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်ပြီး သူဆီကထုတ်လုပ်တဲ့ဖုန်းတွေဟာ ဘက်ထရီပမာဏများပြီး ဈေးသက်သာ တဲ့ ဖုန်းတွေများပါတယ်။
အခု UMIDIGI အနေနဲ့ UMIDIGI Q1  ဆိုတဲ့ကမ္ဘာ့အမြန်ဆုံး WIRELESS CHARGER လေးကိုမိတ်ဆက်ဖို့ပြင်ဆင်လျက်ရှိနေပါပြီ။ ယခုလ၁၇ရက်နေ့ တရုတ်နိုင်ငံမှာပဲ မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။ Qi devices တွေနဲ့အံဝင်နိုင်ပြီး အားသွင်းအမြန်ဆုံး 15Watt နဲ့ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ အားသွင်းတည်ငြိမ်မှုကို ရရှိနိုင်တာကတော့ ကုမ္ပဏီကထုတ်လုပ်ထားတဲ့ UMIDIGI Z2 Pro  နဲ့ဖြစ်ပြီး၊ အခြား Qi ထောက်ပံ့ပေးတဲ့ ဖုန်းတွေမှာဆိုရင်လည်း အဆင်ပြေနိုင်ပါတယ်။
Q1လုပ်ဆောင်မှု စမ်းသပ်ချက်တွေအရ 3650 mAh စွမ်းအားရှိဘက်ထရီကို အားအပြည့်သွင်းမယ်ဆိုရင် မိနစ်၁၀၀ကြာပါလိမ့်မယ်။ ဒါဟာ18W fast charge ကြိုးကိုအသုံးပြုပြီးအားသွင်းရင် ကြာမြင့်နိုင်မယ့် မိနစ်၇၀စွမ်းနဲ့သိပ်ကွာခြားမှုမရှိပါဘူး။ လက်ရှိအချိန်မှာတော့ ဈေးကွက်ထဲမှာ ဝိုင်ယာလက်အားသွင်းစနစ်ကို အသုံးပြုနိုင့်မယ့် ဖုန်းများျများစားစားမရှိသေးပါဘူး။ သို့ပေမယ့် Qi device တွေနဲ့သဟဇာတဖြစ်တာကြောင့် မတူညီတဲ့ ဖုန်းမော်ဒယ်အများစုမှာ အသုံးပြုနိုင်ပါလိမ့်မယ်။ iPhone X, Samsung Galaxy S9 (သို့) Xiaomi Mi MIX 2S ဖုန်းတွေမှာ အသုံးပြုနိုင်ပါလိမ့်မယ်။
Leave a Reply