Ultrasonic နည္းပညာနဲ႕ Apple Touch ID ကို မ်က္ႏွာျပင္ေအာက္မွာ ေတြ႕ျမင္ရႏုိင္

0
1796

Zawgyi Version

Apple က Face ID ကို စိတ္ၾကိဳက္ဂုဏ္ယူလို႕ရပါတယ္။ ဒါေပမယ့္လည္း အသံုးျပဳရတာအဆင္မေျပတဲ့ေနရာေတြလည္း ရွိေနေသးတယ္ဆိုေတာ့ ဒီအတုိင္းထားလို႕မရပါဘူး။ သမားရိုးက် fingerprint sensor ေတြကို အေရွ႕၊ အေနာက္မွာ ထည့္မထားတဲ့အတြက္အသံုးျပဳလို႕ မရေတာ့ပါဘူး။ ရွဳေထာင့္ေပါင္းစံုကေန မ်က္ႏွာကိုဖတ္ႏုိင္လို႕ အသံုး၀င္တယ္ဆိုေပမယ့္လည္း မ်က္ႏွာျပင္ေအာက္က fingerprint scanner ေတြက စမတ္ဖုန္းေရစီးေၾကာင္းအသစ္ျဖစ္လာမွာပါ။ ဒါေၾကာင့္ Apple က ဒါကို တိတ္တိတ္ကေလးလုပ္ေဆာင္ေနတယ္လို႕ သတင္းရထားပါတယ္။ ဒါေပမယ့္လည္း Apple ရဲ႕ မူအတုိင္း တစ္မူထူးျခားေအာင္ လုပ္ပါလိမ့္မယ္။

ကိုရီးယားမီဒီယာရဲ႕ တင္ျပခ်က္ထဲမွာ fingerprint sensor ကို သံုးမ်ိဳးခြဲျခားျပထားပါတယ္။ Optical ကေတာ့ အသံုးမ်ားတဲ့နည္းပညာတစ္ခုျဖစ္ျပီးေတာ့ သာမန္sensor ေတြအတြက္သာမက Synaptics ကထုတ္လုပ္ျပီး Vivo မွာအသံုးျပဳထားတဲ့ in-display လိုမ်ိဳးမွာလည္း အသံုးျပဳပါတယ္။ သူဟာ fingerprint ကို အလင္းထုတ္ေပးျပီးေတာ့ ေရာင္ျပန္နဲ႕တုိက္ဆုိင္ျပီးေတာ့ ဖုန္းထဲမွာ ပံုရိပ္ကိုလံုျခံဳစြာသိုေလွာင္ထားပါတယ္။ electrical pattern ကို အသံုးျပဳပါတယ္။

optical in-display sensor ေတြမတုိင္ခင္မွာ Qualcomm ကလည္း ultrasonic sensor ကိုလုပ္ေဆာင္ျပီးေတာ့ သရုပ္ျပသခဲ့ဖူးပါတယ္။ နာမည္ေလးအတုိင္းပါပဲ သူက ultrasound ကိုအသံုးျပဳျပီးေတာ့ အေရျပားရဲ႕အေသးစိတ္ကိုေျခရာခံပါတယ္။ အလင္း၊ လွ်ပ္စစ္ေပၚမွာ မွီခိုေနတာမဟုတ္တဲ့အတြက္ ultrasonic sensor ေတြဟာ သီအိုရီအရေတာ့ လက္ေခ်ာင္းေတြေရစိုေနရင္ေတာင္၊ ဆီေပေနရင္ေတာင္ လုပ္ေဆာင္ႏုိင္ပါတယ္။ ဖန္သားကို အလြယ္တကူထိုးေဖာက္ႏုိင္ျပီးေတာ့ မ်က္ႏွာျပင္ေအာက္မွာသံုးလို႕လည္း အဆင္ေျပေစပါတယ္။

ဒါေပမယ့္ ultrasonic fingerprint sensor ေတြဟာ အတိက်ဆံုးလို႕ေျပာႏုိင္ေပမယ့္လည္း ေစ်းၾကီးျပီးေတာ့ ျပဳလုပ္ဖို႕ ခက္ခဲပါတယ္။ အမ်ားအျပားအသံုုးမျပဳႏုိင္တဲ့အတြက္ေၾကာင့္ premium flagship ထုတ္ကုန္ေတြကိုသာ ဦးတည္သြားေစပါတယ္။

Qualcomm ၊ Apple နဲ႕ Samsung တို႕က ဒီနည္းပညာကို တက္တက္ၾကြၾကြ လုပ္ေဆာင္ေနတယ္လုိ႕ ေျပာေနၾကပါတယ္။ Apple နဲ႕ Qualcomm ဆက္ဆံေရးကိုၾကည့္လိုက္ေတာ့ သူ႕ဘာသာလုပ္ေဆာင္ဖို႕ အခြင့္အလမ္းမ်ားေနပါတယ္။ Samsung ကေတာ့ Qualcomm နဲ႕ ဆက္ဆံေရးေကာင္းမြန္ေနျပီးေတာ့ သူ႕ရဲ႕ထုတ္ကုန္အေတာ္မ်ားမ်ားမွာ သံုးသြားဖို႕ စိတ္ကူးထားပါတယ္။

Unicode Version

Apple က Face ID ကို စိတ်ကြိုက်ဂုဏ်ယူလို့ရပါတယ်။ ဒါပေမယ့်လည်း အသုံးပြုရတာအဆင်မပြေတဲ့နေရာတွေလည်း ရှိနေသေးတယ်ဆိုတော့ ဒီအတိုင်းထားလို့မရပါဘူး။ သမားရိုးကျ fingerprint sensor တွေကို အရှေ့၊ အနောက်မှာ ထည့်မထားတဲ့အတွက်အသုံးပြုလို့ မရတော့ပါဘူး။ ရှုထောင့်ပေါင်းစုံကနေ မျက်နှာကိုဖတ်နိုင်လို့ အသုံးဝင်တယ်ဆိုပေမယ့်လည်း မျက်နှာပြင်အောက်က fingerprint scanner တွေက စမတ်ဖုန်းရေစီးကြောင်းအသစ်ဖြစ်လာမှာပါ။ ဒါကြောင့် Apple က ဒါကို တိတ်တိတ်ကလေးလုပ်ဆောင်နေတယ်လို့ သတင်းရထားပါတယ်။ ဒါပေမယ့်လည်း Apple ရဲ့ မူအတိုင်း တစ်မူထူးခြားအောင် လုပ်ပါလိမ့်မယ်။
ကိုရီးယားမီဒီယာရဲ့ တင်ပြချက်ထဲမှာ fingerprint sensor ကို သုံးမျိုးခွဲခြားပြထားပါတယ်။ Optical ကတော့ အသုံးများတဲ့နည်းပညာတစ်ခုဖြစ်ပြီးတော့ သာမန်sensor တွေအတွက်သာမက Synaptics ကထုတ်လုပ်ပြီး Vivo မှာအသုံးပြုထားတဲ့ in-display လိုမျိုးမှာလည်း အသုံးပြုပါတယ်။ သူဟာ fingerprint ကို အလင်းထုတ်ပေးပြီးတော့ ရောင်ပြန်နဲ့တိုက်ဆိုင်ပြီးတော့ ဖုန်းထဲမှာ ပုံရိပ်ကိုလုံခြုံစွာသိုလှောင်ထားပါတယ်။ electrical pattern ကို အသုံးပြုပါတယ်။
optical in-display sensor တွေမတိုင်ခင်မှာ Qualcomm ကလည်း ultrasonic sensor ကိုလုပ်ဆောင်ပြီးတော့ သရုပ်ပြသခဲ့ဖူးပါတယ်။ နာမည်လေးအတိုင်းပါပဲ သူက ultrasound ကိုအသုံးပြုပြီးတော့ အရေပြားရဲ့အသေးစိတ်ကိုခြေရာခံပါတယ်။ အလင်း၊ လျှပ်စစ်ပေါ်မှာ မှီခိုနေတာမဟုတ်တဲ့အတွက် ultrasonic sensor တွေဟာ သီအိုရီအရတော့ လက်ချောင်းတွေရေစိုနေရင်တောင်၊ ဆီပေနေရင်တောင် လုပ်ဆောင်နိုင်ပါတယ်။ ဖန်သားကို အလွယ်တကူထိုးဖောက်နိုင်ပြီးတော့ မျက်နှာပြင်အောက်မှာသုံးလို့လည်း အဆင်ပြေစေပါတယ်။
ဒါပေမယ့် ultrasonic fingerprint sensor တွေဟာ အတိကျဆုံးလို့ပြောနိုင်ပေမယ့်လည်း ဈေးကြီးပြီးတော့ ပြုလုပ်ဖို့ ခက်ခဲပါတယ်။ အများအပြားအသုံုးမပြုနိုင်တဲ့အတွက်ကြောင့် premium flagship ထုတ်ကုန်တွေကိုသာ ဦးတည်သွားစေပါတယ်။
Qualcomm ၊ Apple နဲ့ Samsung တို့က ဒီနည်းပညာကို တက်တက်ကြွကြွ လုပ်ဆောင်နေတယ်လို့ ပြောနေကြပါတယ်။ Apple နဲ့ Qualcomm ဆက်ဆံရေးကိုကြည့်လိုက်တော့ သူ့ဘာသာလုပ်ဆောင်ဖို့ အခွင့်အလမ်းများနေပါတယ်။ Samsung ကတော့ Qualcomm နဲ့ ဆက်ဆံရေးကောင်းမွန်နေပြီးတော့ သူ့ရဲ့ထုတ်ကုန်အတော်များများမှာ သုံးသွားဖို့ စိတ်ကူးထားပါတယ်။

Leave a Reply