Smartphone Trending

Oppo Realme 1 ရဲ့ hands-on ဓာတ်ပုံများထွက်ပေါ်




Unicode

OPPO အနေနဲ့ တရုတ်နိုင်ငံအတွင်းမှာ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုနဲ့ မိတ်ဆက်ရောင်းချလျက်ရှိနေပြီး အိန္ဒိယဈေးကွက် ကုမ္ပဏီရဲ့ ဒုတိယအမှတ်တံဆိပ်ဖြစ်တဲ့ Realme ကိုဖြန့်ချိဖို့လုပ်နေပါတယ်။ Oppo ဟာ Realme အမှတ်တံဆိပ် ပထမဆုံးဖုန်း အဖြစ် Realme 1 ကို မိတ်ဆက်ရောင်းချဖို့အသင့်ဖြစ်နေပြီး ဒီဖုန်းကို မနက်ဖြန်မှာ အိန္ဒိယမှာ ကြေညာသွားပါမယ်။ ယခု မကြေညာမီ ဒီဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက် အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ဒီဇိုင်းက Oppo F7 နဲ့တူပေမယ့် ကွဲပြားတာတွေ အများကြီး ရှိပါတယ်။

ယနေ့ပေါက်ကြားလာတဲ့သတင်းအရ Oppo Realme 1 က မျက်နှာပြင် ၆(notch-less display )လက်မရှိပါတယ်။ သူ့မှာ Full HD+ (18:9 aspect ratio) နဲ့ဖြစ်ပြီး 1080×2160 IPSLCD ရုပ်ထွက်နှင့်ထောက်ပံ့ထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့2.0 GHz အမြန်နှုန်းရှိတဲ့ MediaTek Helio P60 ၊ RAM6GB နှင့် Storage 128GB ပါဝင်ပါတယ်။ microSD မှ တစ်ဆင့် ထပ်မံ တိုးမြှင့်နိုင်ပါသေးတယ်။ Android 8.1 Oreo အခြေခံ ColorOS 5.0 သုံးထားပါတယ်။

ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး PDAF နှင့် Depth Effect ပါဝင်ပါတယ်။ ရှေ့ကင်မရာက 8MP ဖြစ်ပြီး Portrait Mode ရိုက်ကူးနိုင်ပါမယ်။ Bluetooth 4.2 ၊ FM Radio နှင့် ဘက်ထရီ 3410 mAh စွမ်းအားနဲ့ဖြစ်ပါတယ်။ လက်ဗွေရာစနစ် မပါဝင်ပါဘူး။ လုံခြုံရေးအတွက် Face Unlock ပါဝင်ပါတယ်။ မနက်ဖြန်(မေ၁၅)မှာတော့ Amazon India  ကနေမိတ်ဆက်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၁၈၀ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.