ONEPLUS 6 ကင္မရာမွာ AI လုပ္ေဆာင္ခ်က္ပါဝင္လာမွာလား ?

0
1697

OnePlus ရဲ႕စမတ္ဖုန္းသစ္မိတ္ဆက္မယ့္ ရက္နီးလာေလေလ သူနဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြက ထပ္ထြက္လာေလပါဘဲ။ အခုလည္းအသစ္ထြက္မယ့္ OnePlus 6 ကင္မရာမွာ AI လုပ္ေဆာင္ခ်က္ပါလာႏိုင္မယ့္ နမူနာေလးတစ္ခုကို ထပ္ေတြ႕ရျပန္ပါၿပီ။ တရုတ္စမတ္ဖုန္းကုမၸဏီအေနနဲ႔ သူတို႔ရဲ႕ Weibo အေကာင့္မွာ အသစ္ထြက္လာမယ့္ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ ေၾကာ္ျငာပိုစတာေလးတစ္ခုကို တင္လိုက္တာျဖစ္ပါတယ္။ ပိုစတာမွာ ျပထားတာကေတာ့ OnePlus 6 မိတ္ဆက္မယ့္ရက္နဲ႔အခ်ိန္စာသားေတြနဲ႔အတူ AI လုပ္ေဆာင္ခ်က္အသစ္ကို ျမင္ေတြ႕ရဖို႔ ၃ရက္သာလိုပါေတာ့တယ္ စာသားေလးပဲျဖစ္ပါတယ္။

ကင္မရာပိုင္းအဆင့္ျမင့္တင့္မႈအရ AI လုပ္ေဆာင္ခ်က္ ပါဝင္ဖို႔လုံးဝေသခ်ာသြားပါၿပီ။ ဘာေၾကာင့္လဲဆိုရင္ အခုေနာက္ပိုင္းအသစ္ထြက္လာတဲ့ စမတ္ဖုန္းအမ်ားစုဟာ သူတို႔ဖုန္းေတြရဲ႕ ကင္မရာလုပ္ေဆာင္ခ်က္ပိုင္း AI စြမ္းေဆာင္ရည္ကို မျဖစ္မေနထည့္သြင္းေနၾကတာတာကိုေတြ႕ရလို႔ပဲျဖစ္ပါတယ္။ ဖုန္းဟာ အေရာင္၂မ်ိဳးနဲ႔ထြက္လာမွာျဖစ္ၿပီး Midnight Black နဲ႔ Mirror Black တို႔႔ပဲျဖစ္ပါတယ္။ အျဖဴေရာင္ထြက္လာဖုိ႔ကေတာ့ မေသခ်ာေသးပါဘူး။ ေဒၚလာ620 ေလာက္နဲ႔စတင္ေရာင္းခ်ႏိုင္ၿပီး 8GB+256GB ဗားရွင္းကေတာ့ $700 က်သင့္ႏုိင္ပါတယ္။

သူ႕မွာပါဝင္မႈေတြအေနနဲ႔ 6.23 လက္မ optic AMOLED display နဲ႔ခပ္ရွည္ရွည္ (19:9 aspect ratio ) မွာ 2280 x 1080p resolution နဲ႔ျဖစ္ပါတယ္။ Qualcomm Snapdragon 845 chipset နဲ႔အတူ  6GB/8GB RAM ဗားရွင္း၂မ်ိဳးထြက္လာမွာျဖစ္ၿပီး၊ အခ်က္အလက္သိုေလွာင္မႈပိုင္းမွာလည္း 64GB/128GB/256GB ဆိုၿပီးရွိပါလိမ့္မယ္။ ေစ်းအႀကီးဆုံးကေတာ့ 8GB+256GB ဗားရွင္း ျဖစ္ပါလိမ့္မယ္။ 16MP+20MP ေနာက္ေက်ာဘက္ကင္မရာမွာ OIS နဲ႔ AI စြမ္းအားေထာက္ပံ့မႈပါဝင္လာမွာ ျဖစ္ၿပီး၊အေရွ႕ဘက္ကင္မရာကေတာ့ 16MP ရွိမွာျဖစ္ပါတယ္။

ယခုလ၁၇ရက္ေန႔ တရုတ္စံေတာ္ခ်ိန္ ၁၀နာရီမွာ မိတ္ဆက္သြားမွာျဖစ္ၿပီး ၂၂ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ အြန္လုိင္းစတိုးျဖစ္တဲ့ Amazon Prime  ကေနေတာ့ ေမ၂၁ရက္ေန႔မွာ စတင္ေရာင္းခ်မွာျဖစ္ပါတယ္။ အိႏၵိယမွာေတာ့ ပရီေအာ္ဒါကို ဒီရက္ပိုင္းျဖစ္တဲ့ 13ရက္ေန႔ 16ရက္ေန႔အထိလက္ခံေနပါတယ္။

Unicode

OnePlus ရဲ့စမတ်ဖုန်းသစ်မိတ်ဆက်မယ့် ရက်နီးလာလေလေ သူနဲ့ပတ်သတ်တဲ့ အချက်အလက်တွေက ထပ်ထွက်လာလေပါဘဲ။ အခုလည်းအသစ်ထွက်မယ့် OnePlus 6 ကင်မရာမှာ AI လုပ်ဆောင်ချက်ပါလာနိုင်မယ့် နမူနာလေးတစ်ခုကို ထပ်တွေ့ရပြန်ပါပြီ။ တရုတ်စမတ်ဖုန်းကုမ္ပဏီအနေနဲ့ သူတို့ရဲ့ Weibo အကောင့်မှာ အသစ်ထွက်လာမယ့် စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ ကြော်ငြာပိုစတာလေးတစ်ခုကို တင်လိုက်တာဖြစ်ပါတယ်။ ပိုစတာမှာ ပြထားတာကတော့ OnePlus 6 မိတ်ဆက်မယ့်ရက်နဲ့အချိန်စာသားတွေနဲ့အတူ AI လုပ်ဆောင်ချက်အသစ်ကို မြင်တွေ့ရဖို့ ၃ရက်သာလိုပါတော့တယ် စာသားလေးပဲဖြစ်ပါတယ်။
ကင်မရာပိုင်းအဆင့်မြင့်တင့်မှုအရ AI လုပ်ဆောင်ချက် ပါဝင်ဖို့လုံးဝသေချာသွားပါပြီ။ ဘာကြောင့်လဲဆိုရင် အခုနောက်ပိုင်းအသစ်ထွက်လာတဲ့ စမတ်ဖုန်းအများစုဟာ သူတို့ဖုန်းတွေရဲ့ ကင်မရာလုပ်ဆောင်ချက်ပိုင်း AI စွမ်းဆောင်ရည်ကို မဖြစ်မနေထည့်သွင်းနေကြတာတာကိုတွေ့ရလို့ပဲဖြစ်ပါတယ်။ ဖုန်းဟာ အရောင်၂မျိုးနဲ့ထွက်လာမှာဖြစ်ပြီး Midnight Black နဲ့ Mirror Black တို့ပဲဖြစ်ပါတယ်။ အဖြူရောင်ထွက်လာဖို့ကတော့ မသေချာသေးပါဘူး။ ဒေါ်လာ620 လောက်နဲ့စတင်ရောင်းချနိုင်ပြီး 8GB+256GB ဗားရှင်းကတော့ $700 ကျသင့်နိုင်ပါတယ်။

သူ့မှာပါဝင်မှုတွေအနေနဲ့ 6.23 လက်မ optic AMOLED display နဲ့ခပ်ရှည်ရှည် (19:9 aspect ratio ) မှာ 2280 x 1080p resolution နဲ့ဖြစ်ပါတယ်။ Qualcomm Snapdragon 845 chipset နဲ့အတူ  6GB/8GB RAM ဗားရှင်း၂မျိုးထွက်လာမှာဖြစ်ပြီး၊ အချက်အလက်သိုလှောင်မှုပိုင်းမှာလည်း 64GB/128GB/256GB ဆိုပြီးရှိပါလိမ့်မယ်။ ဈေးအကြီးဆုံးကတော့ 8GB+256GB ဗားရှင်း ဖြစ်ပါလိမ့်မယ်။ 16MP+20MP နောက်ကျောဘက်ကင်မရာမှာ OIS နဲ့ AI စွမ်းအားထောက်ပံ့မှုပါဝင်လာမှာ ဖြစ်ပြီး၊အရှေ့ဘက်ကင်မရာကတော့ 16MP ရှိမှာဖြစ်ပါတယ်။

ယခုလ၁၇ရက်နေ့ တရုတ်စံတော်ချိန် ၁၀နာရီမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ၂၂ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အွန်လိုင်းစတိုးဖြစ်တဲ့ Amazon Prime  ကနေတော့ မေ၂၁ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ အိန္ဒိယမှာတော့ ပရီအော်ဒါကို ဒီရက်ပိုင်းဖြစ်တဲ့ 13ရက်နေ့ 16ရက်နေ့အထိလက်ခံနေပါတယ်။

Leave a Reply