Offline Gmail Mode သံုးစြဲသူမ်ားထံ ေရာက္ရွိလာ

0
1747

Zawgyi Version

web-based email ေတြအသံုးျပဳရတာ အခက္အခဲျဖစ္ေနလား။ ဟုတ္ပါတယ္။ ေမးလ္စစ္ေဆးဖို႕အတြက္ အင္တာနက္ေကာ္နက္ရွင္လိုအပ္တယ္ေလ။ အလုပ္၊ အိမ္၊ ေက်ာင္းမွာအသံုးျပဳမယ္ဆိုရင္ ကိစၥမရွိေပမယ့္လည္း ခရီးသြားေနတာမ်ိဳး၊ စိတ္ခ်ရတဲ့ေကာ္နက္ရွင္မရွိတဲ့ေနရာမ်ိဳး ေရာက္ေနမယ္ဆိုရင္ေရာ။

ဒါေတြေၾကာင့္ပဲ Google က Gmail အတြက္ offline mode ကို ထြက္ရွိေပးလိုက္တယ္လို႕ ျမင္မိပါတယ္။ ဒီေတာ့ Gmail သံုးစြဲသူေတြအေနနဲ႕ offline ျဖစ္ေနခ်ိန္မွာေတာင္ email ေတြကို ဖတ္ႏုိင္ျပီးေတာ့ တံု႕ျပန္ႏုိင္ေတာ့မွာပါ။ offline ျဖစ္ေနခ်ိန္မွာ ေရးသားျပီးပို႕လိုက္တဲ့စာေတြကေတာ့ တစ္ဖက္ကိုေရာက္သြားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ေကာ္နက္ရွင္ခ်ိတ္မိတဲ့အခ်ိ္န္မွ ပို႕ေပးသြားမွာပါ။

ေျပာထားတဲ့အတုိင္းပဲ offline mode ေလးကို အသံုးျပဳခ်င္တယ္္ဆိုရင္ေတာ့ Google Chrome 61 ႏွင့္အထက္ လိုအပ္ပါတယ္။ လုပ္ေဆာင္ရမွာကေတာ့ Settings ထဲကိုသြားျပီးေတာ့ offline ျဖစ္ခ်င္တဲ့ မက္ေဆ့ခ်္ေတြကို ေရြးခ်ယ္ေပးရမွာပါ။ ရက္နဲ႕သတ္မွတ္ေပးရမွာျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ရက္ထက္ေက်ာ္လြန္သြားတဲ့ မက္ေဆ့ခ်္ေတြရွိေနမယ္ဆိုရင္ေတာ့ အသံုုးျပဳလို႕ရမွာ မဟုတ္ပါဘူး။

offline mode ရဲ႕ ဒီဇိုင္းအသစ္နဲ႕ ဘယ္လိုေတြေကာင္းမြန္မလဲဆိုတာကေတာ့ Google ရဲ႕ support page မွာ အေသးစိတ္ဖတ္ရွဳႏုိင္ပါတယ္။

Unicode Version

web-based email တွေအသုံးပြုရတာ အခက်အခဲဖြစ်နေလား။ ဟုတ်ပါတယ်။ မေးလ်စစ်ဆေးဖို့အတွက် အင်တာနက်ကော်နက်ရှင်လိုအပ်တယ်လေ။ အလုပ်၊ အိမ်၊ ကျောင်းမှာအသုံးပြုမယ်ဆိုရင် ကိစ္စမရှိပေမယ့်လည်း ခရီးသွားနေတာမျိုး၊ စိတ်ချရတဲ့ကော်နက်ရှင်မရှိတဲ့နေရာမျိုး ရောက်နေမယ်ဆိုရင်ရော။
ဒါတွေကြောင့်ပဲ Google က Gmail အတွက် offline mode ကို ထွက်ရှိပေးလိုက်တယ်လို့ မြင်မိပါတယ်။ ဒီတော့ Gmail သုံးစွဲသူတွေအနေနဲ့ offline ဖြစ်နေချိန်မှာတောင် email တွေကို ဖတ်နိုင်ပြီးတော့ တုံ့ပြန်နိုင်တော့မှာပါ။ offline ဖြစ်နေချိန်မှာ ရေးသားပြီးပို့လိုက်တဲ့စာတွေကတော့ တစ်ဖက်ကိုရောက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကော်နက်ရှင်ချိတ်မိတဲ့အချိန်မှ ပို့ပေးသွားမှာပါ။
ပြောထားတဲ့အတိုင်းပဲ offline mode လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ Google Chrome 61 နှင့်အထက် လိုအပ်ပါတယ်။ လုပ်ဆောင်ရမှာကတော့ Settings ထဲကိုသွားပြီးတော့ offline ဖြစ်ချင်တဲ့ မက်ဆေ့ချ်တွေကို ရွေးချယ်ပေးရမှာပါ။ ရက်နဲ့သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ရက်ထက်ကျော်လွန်သွားတဲ့ မက်ဆေ့ချ်တွေရှိနေမယ်ဆိုရင်တော့ အသုံုးပြုလို့ရမှာ မဟုတ်ပါဘူး။
offline mode ရဲ့ ဒီဇိုင်းအသစ်နဲ့ ဘယ်လိုတွေကောင်းမွန်မလဲဆိုတာကတော့ Google ရဲ့ support page မှာ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

 

Leave a Reply