iPhone X Dock ၊ Lock Screen ေလးေတြကို iOS 11.3 – iOS 11.4 မွာ ျပင္ဆင္နည္း (Jailbreakမလို)

0
2281

Zawgyi Version

iPhone X ရဲ႕ screen ကုိၾကည့္ရတာပ်င္းေနျပီလား။ stock wallpaper ေတြကို ၾကည့္ရတာစိတ္မပါေတာ့ဘဲ နည္းနည္းေလးေျပာင္းလဲတာမ်ိဳးကို ျမင္ခ်င္လား။ သင့္အတြက္ ကၽြန္ေတာ္တို႕ရွိေနပါတယ္။
တခ်ိန္တုန္းကေတာ့ iPhone ၊ iPad မွာ ေျပာင္းလဲမႈေတြလုပ္ခ်င္တယ္ဆုိရင္ Jailbreak လုပ္ရတာနဲ႕ Cydia ၊ WinterBoard/Anemone သြင္းရတာနဲ႕ အလုပ္ေတြကိုရွဳပ္လို႕။
ဒါေၾကာင့္လည္း လူေတြက ပိုလြယ္မယ့္နည္းလမ္းကို တျဖည္းျဖည္းရွာလာၾကတာေပါ့။ iPhone X မွာ Dock ေလးကို အျမင္ေျပာင္းခ်င္တာျဖစ္ျဖစ္၊ Lock screen ကို စိတ္ၾကိဳက္ျပင္ခ်င္တာျဖစ္ျဖစ္ ေအာက္ကစာေလးကို ဆက္ဖတ္လိုက္ပါ။
အဆင့္ ၁ – ဖုန္းမွာ wallpaper ေလးကိုထည့္ဖို႕အတြက္ ၀က္ဘ္ဆိုက္တစ္ခုကို သြားရမွာပါ။ ဒီေတာ့ heyeased.weebly.com/so-x.htm ဆိုတာေလးကို iPhone ေပၚက Safari မွာရုိက္လိုက္ပါ။
အဆင့္ ၂ – သင့္စိတ္ၾကိဳက္မေတြ႕မခ်င္း ေအာက္ကိုဆြဲျပီးရွာလိုက္ပါ။ ျပီးရင္ေတာ့ launch လုပ္ဖုိ႕အတြက္ thumbnail ေလးကိုႏွိပ္ျပီးေတာ့ အၾကီးၾကီးျမင္ရေအာင္ ၾကည့္လုိက္ပါ။
အဆင့္ ၃ – ဆက္လုပ္ခ်င္တယ္ဆုိရင္ေတာ့ ပံုုေလးကိုဖိႏွိပ္ထားလိုက္မယ္ဆိုရင္ display ရဲ႕ ေအာက္ေျခနားမွာ pops up ေလး တက္လာမွာပါ။ Save Image option ေလးကိုေရြးလိုက္ျပီးေတာ့ ဖုန္းရဲ႕ Camera Roll ထဲကို တိုက္ရုိက္သိမ္းလိုက္ပါ။
အဆင့္ ၄ – Photos ကိုႏွိ္ပ္လုိက္ျပီးေတာ့ သင့္ရဲ႕ Camera Roll ကိုသြားလိုက္ျပီးေတာ့ ခုနသိမ္းလုိက္တဲ့ပံုကို ေရြးလိုက္ပါ။ ျပီးရင္ေတာ့ ဘယ္ဘက္ေအာက္နားက Share button ေလးကိုေရြးျပီးေတာ့ Use as Wallpaper လုပ္လိုက္ပါ။
အဆင့္ ၅ – ေနာက္တစ္ပိုင္းကေတာ့ သင္ေဒါင္းလုတ္ဆြဲလိုက္တဲ့ပံုအေပၚမွာ မူတည္ေနပါတယ္။ Dock အတြက္ theme ပါမယ္ဆိုရင္ေတာ့ wallpaper ကို Home screen အတြက္ပါထားလုိက္ပါ။ မဟုတ္ရင္ေတာ့ Lock screen ကို ထားလုိက္ပါ။ Still ျဖစ္ရမွာပါ။ Perspective ျဖစ္လို႕မရပါဘူး။
အဆင့္ ၆ – ရပါျပီ။ ထြက္လိုက္ျပီးေတာ့ Home screen ၊ Lock screen ကို သြားၾကည့္္လုိက္ပါ။ ေျပာင္းလဲမႈကို ေတြ႕ျမင္ရမွာပါ။

Unicode Version

iPhone X ရဲ့ screen ကိုကြည့်ရတာပျင်းနေပြီလား။ stock wallpaper တွေကို ကြည့်ရတာစိတ်မပါတော့ဘဲ နည်းနည်းလေးပြောင်းလဲတာမျိုးကို မြင်ချင်လား။ သင့်အတွက် ကျွန်တော်တို့ရှိနေပါတယ်။
တချိန်တုန်းကတော့ iPhone ၊ iPad မှာ ပြောင်းလဲမှုတွေလုပ်ချင်တယ်ဆိုရင် Jailbreak လုပ်ရတာနဲ့ Cydia ၊ WinterBoard/Anemone သွင်းရတာနဲ့ အလုပ်တွေကိုရှုပ်လို့။
ဒါကြောင့်လည်း လူတွေက ပိုလွယ်မယ့်နည်းလမ်းကို တဖြည်းဖြည်းရှာလာကြတာပေါ့။ iPhone X မှာ Dock လေးကို အမြင်ပြောင်းချင်တာဖြစ်ဖြစ်၊ Lock screen ကို စိတ်ကြိုက်ပြင်ချင်တာဖြစ်ဖြစ် အောက်ကစာလေးကို ဆက်ဖတ်လိုက်ပါ။
အဆင့် ၁ – ဖုန်းမှာ wallpaper လေးကိုထည့်ဖို့အတွက် ဝက်ဘ်ဆိုက်တစ်ခုကို သွားရမှာပါ။ ဒီတော့ heyeased.weebly.com/so-x.htm ဆိုတာလေးကို iPhone ပေါ်က Safari မှာရိုက်လိုက်ပါ။
အဆင့် ၂ – သင့်စိတ်ကြိုက်မတွေ့မချင်း အောက်ကိုဆွဲပြီးရှာလိုက်ပါ။ ပြီးရင်တော့ launch လုပ်ဖို့အတွက် thumbnail လေးကိုနှိပ်ပြီးတော့ အကြီးကြီးမြင်ရအောင် ကြည့်လိုက်ပါ။
အဆင့် ၃ – ဆက်လုပ်ချင်တယ်ဆိုရင်တော့ ပုံုလေးကိုဖိနှိပ်ထားလိုက်မယ်ဆိုရင် display ရဲ့ အောက်ခြေနားမှာ pops up လေး တက်လာမှာပါ။ Save Image option လေးကိုရွေးလိုက်ပြီးတော့ ဖုန်းရဲ့ Camera Roll ထဲကို တိုက်ရိုက်သိမ်းလိုက်ပါ။
အဆင့် ၄ – Photos ကိုနှိပ်လိုက်ပြီးတော့ သင့်ရဲ့ Camera Roll ကိုသွားလိုက်ပြီးတော့ ခုနသိမ်းလိုက်တဲ့ပုံကို ရွေးလိုက်ပါ။ ပြီးရင်တော့ ဘယ်ဘက်အောက်နားက Share button လေးကိုရွေးပြီးတော့ Use as Wallpaper လုပ်လိုက်ပါ။
အဆင့် ၅ – နောက်တစ်ပိုင်းကတော့ သင်ဒေါင်းလုတ်ဆွဲလိုက်တဲ့ပုံအပေါ်မှာ မူတည်နေပါတယ်။ Dock အတွက် theme ပါမယ်ဆိုရင်တော့ wallpaper ကို Home screen အတွက်ပါထားလိုက်ပါ။ မဟုတ်ရင်တော့ Lock screen ကို ထားလိုက်ပါ။ Still ဖြစ်ရမှာပါ။ Perspective ဖြစ်လို့မရပါဘူး။
အဆင့် ၆ – ရပါပြီ။ ထွက်လိုက်ပြီးတော့ Home screen ၊ Lock screen ကို သွားကြည့်လိုက်ပါ။ ပြောင်းလဲမှုကို တွေ့မြင်ရမှာပါ။

Leave a Reply