Galaxy S10 မတုိင္ခင္ ေတြ႕ျမင္ရမည္မဟုတ္တဲ့ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္

0
1884

Zawgyi Version

Samsung နဲ႕ မ်က္ႏွာျပင္ေအာက္က လက္ေဗြစနစ္အေၾကာင္းကေတာ့ လွည့္ပတ္မႈေလးေတြ အေတာ္မ်ားေနပါျပီ။ ေကာလဟာလေတြဆိုတာလည္း ထြက္လိုက္မနည္းပါဘူး။ အခုေကာလဟာလေလးကေတာ့ Samsung Galaxy S10 ဟာ ဒီ feature ေလးကို အသံုုးျပဳမယ့္ ပထမဆံုးဖုန္းျဖစ္မွာပါ။ Galaxy Note 9 မွာ မပါ၀င္ပါဘူး။

ဒီခန္႕မွန္းခ်က္ကိုေတာ့ Chosun ကေျပာဆိုခဲ့တာျဖစ္ျပီး Samsung က ဒီနည္းပညာကို အျပည့္အ၀ဖန္တီးႏုိင္ခဲ့ျပီး ျဖစ္ေပမယ့္လည္း တိက်မႈအတြက္ လုပ္ေဆာင္ဖို႕အခ်ိန္လိုအပ္ေနဆဲပါ။

Vivo နဲ႕ Huawei တို႕ကေတာ့ မ်က္ႏွာျပင္ေအာက္က optical scanner ေလးကို Synaptics အကူအညီနဲ႕ ဖုန္းေတြ ထုတ္လုပ္ခဲ့ျပီး ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Samsung လုပ္ေဆာင္ေနတဲ့စနစ္ကေတာ့ ultrasonic နည္းပညာကို အသံုးျပဳမွာျဖစ္တဲ့အတြက္ေၾကာင့္ ပိုမိုတိက်သလို ထုတ္လုပ္ဖို႕လည္း ေစ်းၾကီးျမင့္ပါတယ္။

Samsung က ဒီနည္းပညာကိုအေကာင္းဆံုး၊ အခ်ိန္ကုိက္ျဖစ္ေအာင္ေစာင့္မွာပါ။ သူက အျခားထုတ္ကုန္ေတြျဖစ္တဲ့ အိမ္သံုးပစၥည္း၊ IOT ပစၥည္းေတြနဲ႕ စက္ယာဥ္ေတြမွာလည္း အသံုးျပဳဖုိ႕ စီစဥ္ထားလို႕ပါ။

ေႏွာင့္ေႏွးေနဦးမယ္ဆုိတဲ့သတင္းကေတာ့ စိတ္ပ်က္စရာေကာင္းေပမယ့္လည္း လက္ရွိအသံုးျပဳႏုိင္ေနတဲ့ပစၥည္းေတြကိုၾကည့္လုိက္ရင္ေတာ့ Samsung ဘာေၾကာင့္အခ်ိန္ယူခ်င္သလဲဆိုတာကို နားလည္ေပးလို႕ရပါတယ္။

Vivo X20 Plus UD ရဲ႕ sensor ကို အထင္ၾကီးခဲ့ေပမယ့္လည္း မ်က္ႏွာျပင္အေပၚမွာရွိတဲ့ sensor ေတြထက္ ေႏွးတာကို သတိထားမိပါတယ္။ Porsche Design Huawei Mate RS မွာလည္း ဖုန္းရဲ႕အေနာက္ဘက္မွာ fingerprint sensor ထည့္သြင္းေပးထားပါတယ္။ ဒီေတာ့ မ်က္ႏွာျပင္ေအာက္ကဟာကို မသံုးျဖစ္ပါဘူး။ အေနာက္မွာတစ္ခုထည့္ေပးထားတယ္ဆိုကတည္းက မတိက်လို႕ဆိုတာ ခံစားလို႕ရပါတယ္။

Samsung ကေတာ့ အေကာင္းဆံုးျဖစ္ေအာင္ အခ်ိန္ယူျပီးေတာ့ လုပ္ေဆာင္ေနပါတယ္။ မ်က္ႏွာျပင္ေအာက္ကလက္ေဗြစနစ္ကို ပထမဆံုးထုတ္လုပ္သူေတာ့ ျဖစ္မလာႏုိင္ေပမယ့္လည္း အျပီးသတ္ေခ်ာေမြ႕စြာ ေအာင္ျမင္မႈကိုရယူႏုိင္မယ့္သူေတာ့ ျဖစ္ခြင့္ရွိေနပါေသးတယ္။

Unicode Version

Samsung နဲ့ မျက်နှာပြင်အောက်က လက်ဗွေစနစ်အကြောင်းကတော့ လှည့်ပတ်မှုလေးတွေ အတော်များနေပါပြီ။ ကောလဟာလတွေဆိုတာလည်း ထွက်လိုက်မနည်းပါဘူး။ အခုကောလဟာလလေးကတော့ Samsung Galaxy S10 ဟာ ဒီ feature လေးကို အသုံုးပြုမယ့် ပထမဆုံးဖုန်းဖြစ်မှာပါ။ Galaxy Note 9 မှာ မပါဝင်ပါဘူး။
ဒီခန့်မှန်းချက်ကိုတော့ Chosun ကပြောဆိုခဲ့တာဖြစ်ပြီး Samsung က ဒီနည်းပညာကို အပြည့်အဝဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပေမယ့်လည်း တိကျမှုအတွက် လုပ်ဆောင်ဖို့အချိန်လိုအပ်နေဆဲပါ။
Vivo နဲ့ Huawei တို့ကတော့ မျက်နှာပြင်အောက်က optical scanner လေးကို Synaptics အကူအညီနဲ့ ဖုန်းတွေ ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Samsung လုပ်ဆောင်နေတဲ့စနစ်ကတော့ ultrasonic နည်းပညာကို အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် ပိုမိုတိကျသလို ထုတ်လုပ်ဖို့လည်း ဈေးကြီးမြင့်ပါတယ်။
Samsung က ဒီနည်းပညာကိုအကောင်းဆုံး၊ အချိန်ကိုက်ဖြစ်အောင်စောင့်မှာပါ။ သူက အခြားထုတ်ကုန်တွေဖြစ်တဲ့ အိမ်သုံးပစ္စည်း၊ IOT ပစ္စည်းတွေနဲ့ စက်ယာဉ်တွေမှာလည်း အသုံးပြုဖို့ စီစဉ်ထားလို့ပါ။
နှောင့်နှေးနေဦးမယ်ဆိုတဲ့သတင်းကတော့ စိတ်ပျက်စရာကောင်းပေမယ့်လည်း လက်ရှိအသုံးပြုနိုင်နေတဲ့ပစ္စည်းတွေကိုကြည့်လိုက်ရင်တော့ Samsung ဘာကြောင့်အချိန်ယူချင်သလဲဆိုတာကို နားလည်ပေးလို့ရပါတယ်။
Vivo X20 Plus UD ရဲ့ sensor ကို အထင်ကြီးခဲ့ပေမယ့်လည်း မျက်နှာပြင်အပေါ်မှာရှိတဲ့ sensor တွေထက် နှေးတာကို သတိထားမိပါတယ်။ Porsche Design Huawei Mate RS မှာလည်း ဖုန်းရဲ့အနောက်ဘက်မှာ fingerprint sensor ထည့်သွင်းပေးထားပါတယ်။ ဒီတော့ မျက်နှာပြင်အောက်ကဟာကို မသုံးဖြစ်ပါဘူး။ အနောက်မှာတစ်ခုထည့်ပေးထားတယ်ဆိုကတည်းက မတိကျလို့ဆိုတာ ခံစားလို့ရပါတယ်။
Samsung ကတော့ အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီးတော့ လုပ်ဆောင်နေပါတယ်။ မျက်နှာပြင်အောက်ကလက်ဗွေစနစ်ကို ပထမဆုံးထုတ်လုပ်သူတော့ ဖြစ်မလာနိုင်ပေမယ့်လည်း အပြီးသတ်ချောမွေ့စွာ အောင်မြင်မှုကိုရယူနိုင်မယ့်သူတော့ ဖြစ်ခွင့်ရှိနေပါသေးတယ်။

Leave a Reply