LG G7 THINQ ရဲ႕ဘက္ထရီစြမ္းေဆာင္ခ်က္ စမ္းသပ္ခ်က္ရလာဒ္မ်ား

0
1783

ကိုရီးယားစမတ္ဖုန္းထုတ္လုပ္သူ LG အေနနဲ႔ ယခု၂ရက္ေန႔က သူတု႔ိရဲ႕flagship ဖုန္း LG G7 ThinQ ကိုမိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီဖုန္းမွာ 6.1-inch full-screen နဲ႔အတူ 3120×1440 pixels ၊ Qualcomm Snapdragon 845 ပရိုဆက္ဆာကို သုံးထားပါတယ္။ high-end ဖုန္းေတြရဲ႕ထုံးစံအတုိင္း  4GBRAM နဲ႔ 64GB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္း 16MP rear dual ကင္မရာနဲ႔ ဘက္ထရီစြမ္းအားပိုင္းမွာေတာ့  3000mAh ကိုထည့္သြင္းေပးထားပါတယ္။

အေကာင္းဆုံးစြမ္းေဆာင္ခ်က္နဲ႔ ထြက္လာတဲ့ဖုန္းလို႔ဆိုႏုိင္ၿပီး ကင္မရာပိုင္းနဲ႔ အျခားစြမ္းေဆာင္ရည္ပိုင္းေတြမွာ အျခားစမတ္ဖုန္းေတြကို တိုက္ရိုက္ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ G7 ThinQ ရဲ႕ဘက္ထရီစမ္းသပ္ခ်က္ေတြကို  PhoneArena  ကေနထြက္ေပၚလာခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ စာရင္မွာေတာ့ G7 ThinQ ကိုလက္ရွိထြက္ထားတဲ့ စမတ္ဖုန္းေတြနဲ႔ LG ရဲ႕အရင္ထြက္ထားတဲ့ ဖုန္းေတြနဲ႔ႏိႈင္းယွဥ္ျပထားတာကို ေတြ႕ရပါတယ္။

screenshots မွာေတာ့ 3000mAh စြမ္းအားရွိတဲ့ G7 ThinQ ရဲ႕ဘက္ထရီရဲ႕အမွတ္ဟာ ၇နာရီမိနစ္၂၀ၾကာတာကုိေတြ႕ရပါတယ္။ ၂၀၁၈ထြက္ အျခားဖုန္းေတြနဲ႔ ႏိႈင္းယွဥ္ခ်က္မွာ သူရဲ႕အားခံႏိုင္စြမ္းဟာ သိပ္ကြာျခားလွတာကို မေတြ႕ခဲ့ရပါဘူး။ ၈နာရီနဲ႔၄၅မိနစ္ၾကာခံႏုိင္စြမ္းနဲ႔ Apple iPhone 8/X တို႔ထက္စာရင္ေတာ့ အနည္းငယ္နိမ့္ပါတယ္။ Samsung Galaxy S9 နဲ႔တူညီတဲ့ အမွတ္မွာရွိေနၿပီး LG V30 ထက္၂နာရီနီးပါးေလာက္ နိမ့္ပါတယ္။

ဘက္ထရီအားသြင္းလို႔ၾကာတဲ့အခ်ိိန္ႏိႈင္းယွဥ္ခ်က္မွာေတာ့ အားလုံးထက္အျမန္ဆုံးမွာ ရွိေနၿပီး 102 မိနစ္နဲ႕အားအျပည့္ကို ေရာက္ရွိမွာ ျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ iPhone 8 နဲ႔ iPhone X ထက္သာသြားၿပိီး  S9 ရဲ႕အားသြင္းခ်ိန္နဲ႔ တူညီေနပါတယ္။

Unicode

ကိုရီးယားစမတ်ဖုန်းထုတ်လုပ်သူ LG အနေနဲ့ ယခု၂ရက်နေ့က သူတု့ိရဲ့flagship ဖုန်း LG G7 ThinQ ကိုမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီဖုန်းမှာ 6.1-inch full-screen နဲ့အတူ 3120×1440 pixels ၊ Qualcomm Snapdragon 845 ပရိုဆက်ဆာကို သုံးထားပါတယ်။ high-end ဖုန်းတွေရဲ့ထုံးစံအတိုင်း  4GBRAM နဲ့ 64GB အချက်အလက်သိုလှောင်နိုင်စွမ်း 16MP rear dual ကင်မရာနဲ့ ဘက်ထရီစွမ်းအားပိုင်းမှာတော့  3000mAh ကိုထည့်သွင်းပေးထားပါတယ်။

အကောင်းဆုံးစွမ်းဆောင်ချက်နဲ့ ထွက်လာတဲ့ဖုန်းလို့ဆိုနိုင်ပြီး ကင်မရာပိုင်းနဲ့ အခြားစွမ်းဆောင်ရည်ပိုင်းတွေမှာ အခြားစမတ်ဖုန်းတွေကို တိုက်ရိုက်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီနေ့မှာတော့ G7 ThinQ ရဲ့ဘက်ထရီစမ်းသပ်ချက်တွေကို  PhoneArena  ကနေထွက်ပေါ်လာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ စာရင်မှာတော့ G7 ThinQ ကိုလက်ရှိထွက်ထားတဲ့ စမတ်ဖုန်းတွေနဲ့ LG ရဲ့အရင်ထွက်ထားတဲ့ ဖုန်းတွေနဲ့နှိုင်းယှဉ်ပြထားတာကို တွေ့ရပါတယ်။

screenshots မှာတော့ 3000mAh စွမ်းအားရှိတဲ့ G7 ThinQ ရဲ့ဘက်ထရီရဲ့အမှတ်ဟာ ၇နာရီမိနစ်၂၀ကြာတာကိုတွေ့ရပါတယ်။ ၂၀၁၈ထွက် အခြားဖုန်းတွေနဲ့ နှိုင်းယှဉ်ချက်မှာ သူရဲ့အားခံနိုင်စွမ်းဟာ သိပ်ကွာခြားလှတာကို မတွေ့ခဲ့ရပါဘူး။ ၈နာရီနဲ့၄၅မိနစ်ကြာခံနိုင်စွမ်းနဲ့ Apple iPhone 8/X တို့ထက်စာရင်တော့ အနည်းငယ်နိမ့်ပါတယ်။ Samsung Galaxy S9 နဲ့တူညီတဲ့ အမှတ်မှာရှိနေပြီး LG V30 ထက်၂နာရီနီးပါးလောက် နိမ့်ပါတယ်။

ဘက်ထရီအားသွင်းလို့ကြာတဲ့အချိန်နှိုင်းယှဉ်ချက်မှာတော့ အားလုံးထက်အမြန်ဆုံးမှာ ရှိနေပြီး 102 မိနစ်နဲ့အားအပြည့်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ iPhone 8 နဲ့ iPhone X ထက်သာသွားပြီး  S9 ရဲ့အားသွင်းချိန်နဲ့ တူညီနေပါတယ်။

Leave a Reply