Cookie AutoDelete ဆိုတဲ့ Chrome extension ရဲ့ အသုံးဝင်သောလုပ်ဆောင်ချက်များ
0
1459
Zawgyi Version
Download Cookie AutoDelete (free)
Unicode Version
အသုံးပြုရလွယ်တဲ့ tool လေးတစ်ခုနဲ့ သင့်ရဲ့ cookie တွေအားလုံးကို ထိန်းချုပ်လို့ရပြီးတော့ အဲဒီ tool လေးကိုလည်း extension အဖြစ်နဲ့ ထားရမယ်ဆိုတော့ ဘယ်လောက်တောင် အဆင်ပြေချောမွေ့လိုက်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါတော့။
ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က Chromebook extension အကောင်းဆုံးတစ်ခုကို ကျွန်တော်တွေ့လိုက်ပါတယ်။ သူဟာ စည်းမျဉ်းအချို့ကို အသုံးပြုပြီးတော့ cookie တွေကို ခွဲချေပစ်ပါတယ်။ အခုဆိုရင် အတွင်းပိုင်းအထိ လိုက်ကြည့်နေစရာမလိုအပ်တော့ပဲ တစ်ချက်လောက်နဲ့ ကိစ္စတုံးသွားပါပြီ။
Cookie ဆိုတာ ဘာကြီးလဲ။ ဟုတ်တာပေါ့။ စားလို့ရတဲ့ ကွတ်ကီးမဟုတ်တာတော့ သေချာပါတယ်။ အင်တာနက်အသုံးပြုလိုက်တဲ့အချိန်မှာ HTTP cookies လို့ခေါ်တဲ့ အချက်အလက်လေးတွေကို အသုံးပြုရလေ့ရှိပါတယ်။ သင့်ရဲ့ browser က အဲဒီဟာလေးတွေကို သိမ်းထားပေးပါတယ်။ သူတို့ကလည်း အသုံးဝင်ပါတယ်။ ဝက်ဘ်ပေါ်မှာ တူညီတဲ့နေရာတွေကို သွားကြည့်တတ်တယ်ဆိုရင်ပေါ့။ browser က ဖတ်နိုင်တဲ့အချက်အလက်တွေကိုသာ သိမ်းထားတာမဟုတ်ဘဲနဲ့ ဝက်ဘ်ဆိုက်ဖတ်နိုင်တဲ့ အချက်အလက်တွေကိုလည်း အဲဒီထဲမှာ သိမ်းထားပါတယ်။ ဆိုလိုတာက cookie အချို့ သင့်ကိုထောက်လှမ်းနိုင်ပါသေးတယ်။ ဒါကြောင့်မို့ ဝက်ဘ်ဆိုက်အချို့ရဲ့အောက်ခြေနားလေးမှာ သင်ကြည့်ထားခဲ့တဲ့ အကြောင်းအရာတွေနဲ့ပတ်သတ်ပြီးတော့ ကြော်ငြာလေးတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါဟာ စိတ်ရှုပ်စရာတစ်ခုထက် ပိုပါတယ်။
online security နဲ့ပတ်သတ်လာရင်တော့ သိပ်မပြောတတ်ပါဘူူး။ အဲဒီလိုခြေရာခံနိုင်နေတဲ့ cookie တွေကို အမြဲတမ်းပြန်ဖျက်ပစ်ချင်ပါတယ်။ ဒါပေမယ့်လည်း အချိန်ပေးပြီး လုပ်နေရတာကိုတော့ မကြိုက်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီလေ။
အိုးမိုင်ဂေါ့ဒ် settings တွေကလည်း perfect ပါလား
Cookie AutoDelete ကတော့ install လုပ်လိုက်တဲ့အချိန်မှာ သူ့ဘာသာ ဘာမှမလုပ်ပေးပါဘူး။ ဒါကိုလည်း ကြိုက်တာပေါ့။ တစ်နေရာတည်းမှာ ရနိုင်တဲ့အရာလေးလိုပါပဲ။ “Auto-clean” ဆိုတဲ့ browser ဒါမှမဟုတ် tab ပိတ်လိုက်တာနဲ့ cookie တိုင်းကို ဖျက်ပေးမယ့်အရာလေးကို enable လုပ်လိုက်ပါ။ Cookie AutoDelete မှာ စိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ခုကတော့ whitelists နဲ့ greylists ပါပဲ။
ဝက်ဘ်ဆိုက်တစ်ခုကို ဝင်တဲ့အခါမှာ extension လေးကိုဖွင့်ကြည့်လိုက်တာနဲ့ အသုံုးပြုမယ့် cookie တိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အမိုက်စားပဲ မဟုတ်လား။ တစ်ခုချင်းစီရဲ့ဘေးမှာ ခလုတ်လေးရှိပြီးတော့ whitelist or greylist သွင်းနိုင်ပါတယ်။ whitelist ထည့်မယ်ဆိုရင်တော့ cookie ကို မဖျက်ဘဲနဲ့ သူ့သက်တမ်းကုန်သည်အထိ ထားပေးမှာပါ။ greylist ဆိုရင်တော့ browser မပိတ်ခင်အထိ ထားပေးဦးမှာပါ။
whitelists နဲ့ greylists တွေကို export ၊ import လုပ်နိုင်ပါသေးတယ်။ site တစ်ခုမှာ cookie တွေ ဘယ်လောက်များသုံးထားသလဲဆိုတာကြည့်နိုင်တယ်။ facebook.com လိုမျိုး domain တစ်ခုထဲက cookie တွေ အားလုံးကို တစ်ပြိုင်နက်တည်းရှင်းနိုင်တယ်။ pop-out extension window လေးကနေပြီး အားလုံးလုပ်ဆောင်နိုင်ပါတယ်။ Pokémon Go ထက် ပိုပျော်စရာကောင်းပါတယ်။ ကျွန်တော့အတွက်ပေါ့လေ။
ဟုတ်ပါတယ်။ သင့်အတွက် ဝက်ဘ်ဆိုက်တိုင်းမှာ သိမ်းဆည်းထားတဲ့ cookie လေးတွေကို အချိန်ကုန်ခံပြီး ဖျက်နေစရာမလိုတော့ပါဘူး။ ဒီတော့ လုံခြုံရေးအတွက်လည်း စိတ်ချရပြီလေ။ အင်တာနက်သုံးတာ စိတ်ချလက်ချနဲ့ သုံးလိုက်ပါတော့။ ကဲ အခုပဲ install လုပ်လိုက်ပါနော်။
Leave a Reply