အလုပ္သမားေတြကိုထြက္ခ်င္စိတ္ေပါက္ေအာင္လုပ္ႏုိင္ခဲ့တဲ့ Google ရဲ႕ AI drone ပေရာဂ်က္

0
1778

Zawgyi Version

Google ၀န္ထမ္းေတြဟာ Project Maven လို႕ေခၚတဲ့ ယူအက္စ္ကာကြယ္ေရးဌာနနဲ႕ပူးေပါင္းျပီးေတာ့ artificial intelligence ပိုင္းလုပ္ေဆာင္တဲ့ ပေရာဂ်က္ကိုကန္႕ကြက္ျပီးေတာ့ အလုပ္ထြက္လာၾကပါတယ္။ ဓါတ္ပံု၊ အရာ၀တၳဳေတြကို drone နဲ႕ရိုက္ကူးျပီးေတာ့ ေလ့လာဆန္းစစ္မႈႏႈန္း ျမန္ဆန္ေအာင္လုပ္ေဆာင္ေပးမယ္ဆိုတဲ့ Maven ပေရာဂ်က္ကို ၀န္ထမ္းေတြက ကန္႕ကြက္ၾကပါတယ္။ AI ကို စစ္ဆင္ေရးမွာ အသံုးျပဳမႈအတြက္ မလိုလားၾကသူေတြေၾကာင့္ အခုလိုကန္႕ကြက္ၾကတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့လတုန္းက Google ၀န္ထမ္းေထာင္ေပါင္းမ်ားစြာဟာ Pentagon နဲ႕စာခ်ဳပ္ကို ဆက္မလုပ္ဖို႕အတြက္ လက္မွတ္ေရးထိုးျပီး ေတာင္းဆိုခဲ့ၾကပါတယ္။ ဒီႏွစ္ မတ္လမွာ Mavenပေရာဂ်က္ကိုေၾကညာလုုိက္ျပီးတဲ့ေနာက္ ထိုးစစ္မဟုတ္တာမ်ိဳးမွာသာ အသံုးျပဳသြားမွာပါလို႕ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း မေက်နပ္တဲ့၀န္ထမ္းတစ္ေယာက္ဆီက အိတ္ဖြင့္ေပးစာမွာေတာ့ အဲဒီေျပာၾကားခ်က္ကို ေမးခြန္းထုတ္ထားပါတယ္။

“တုိုက္ရုိက္အသံုးျပဳမႈကို ဖယ္ရွားထားမယ္ဆုိေပမယ့္လည္း ဒီနည္းပညာဟာ စစ္တပ္အတြက္ တည္ေဆာက္ေနတာ။ ျပီးေတာ့ အဲဒီလုပ္ငန္းစဥ္ေတြကို လြယ္ကူေခ်ာေမြ႕ေအာင္ ကူညီေပးမွာပဲ။ ဒီလုပ္ေဆာင္ခ်က္က Google brand ကို ထိခိုက္ေစႏုိင္ျပီးေတာ့ လုပ္ေဆာင္ႏုိင္စြမ္းကို အသံုးခ်တဲ့ေနရာကိုလည္း ေမးခြန္းထုတ္စရာျဖစ္လာႏုိင္တယ္” လို႕ စာထဲမွာ ေရးသားထားပါတယ္။

၀န္ထမ္းေပါင္း ၄၀၀၀ ေက်ာ္က လက္မွတ္ေရးထိုးခဲ့ပါတယ္။ ၀န္ထမ္းအေတာ္မ်ားမ်ားကေတာ့ ႏုတ္ထြက္ကုန္ၾကျပီလို႕ Gizmodo သတင္းဌာနက ေျပာဆိုထားပါတယ္။ Maven ပေရာဂ်က္ထဲက၀န္ထမ္းအေတာ္မ်ားမ်ားထြက္ၾကတာျဖစ္ျပီးေတာ့ ဒါဟာ ႏုိင္ငံေရးနဲ႕သက္ဆုိင္ေနတယ္ဆိုတာ သတိျပဳမိေအာင္ ထြက္ၾကတာျဖစ္တယ္လို႕ ဆိုပါတယ္။ စီမံဌာနဟာ ဒီအေၾကာင္းေတြကို အေရးသိပ္မစိုုက္ဘူးလုိ႕လည္း အသံေတြ ထြက္လာေနပါတယ္။

Google ကေတာ့ Maven ဟာ open-source software ကို အေျခခံထားတာျဖစ္ပါတယ္။ တကယ္လို႕ Google ကသာ စာခ်ဳပ္မခ်ဳပ္ဘူးဆိုရင္ေတာင္ Pentagon ကို ဒီနည္းပညာမသံုးေအာင္ ဟန္႕တားလို႕ရမွာမဟုတ္ဘူးလို႕ ဆိုပါတယ္။ ဒီလိုလုပ္လုိက္တာေတြက အခေၾကးေငြမရေတာ့တာသာ ရွိမွာပါ။

တစ္ခ်ိန္တည္းမွာပဲ International Committee for Robot Arms Control (ICRAC) ကလည္း ၀င္ေရာက္ပတ္သတ္လာပါတယ္။ Alphabet နဲ႕ Google အမႈေဆာင္ေတြဆီကို အိတ္ဖြင့္စာေပးလိုက္ပါတယ္။ open-source code ဆိုတဲ့စကားလံုးကို ျပန္လည္ေခ်ပထားပါတယ္။

“Project Maven က ယူအက္စ္စစ္တပ္ပရိုဂရမ္တစ္ခုျဖစ္ျပီးေတာ့ ဒရုန္းအေတာ္မ်ားမ်ားကိုအသံုးျပီး ေစာင့္ၾကည့္တဲ့ဗြီဒီယိုေတြကို machine learning နဲ႕ေလ့လာမယ္။ လူသားပညာရွင္ေတြစိတ္၀င္စားတဲ့ အရာ၀တၳဳေတြကို အမ်ိဳးအမည္တပ္ေပးမယ္။ Google က open source ‘deep learning’ နည္းပညာကို ေထာက္ပံ့ေပးေနသလို ကၽြမ္းက်င္တဲ့ပညာရွင္ေတြနဲ႕ ကာကြယ္ေရးဌာနကိုပါ ကူညီလုပ္ေဆာင္ေပးေနတာ”လို႕ ICRAC က ေထာက္ျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ အဲဒီစနစ္ဟာ လူသားအကူအညီမပါဘဲ လည္ပတ္ႏုိင္ျခင္းမရွိေသးပါဘူး။ ဒီေတာ့ အခ်ိန္ၾကာမယ္ဆိုရင္ ကန္႕သတ္ထားမႈက ေဘာင္ေက်ာ္သြားျပီးေတာ့ သူ႕ဘာသာထိန္းခ်ဳပ္ႏုိင္တဲ့အဆင့္ကို ေရာက္သြားႏုိင္တယ္လို႕ ICRAC က ေျပာဆိုထားပါတယ္။ တကယ္လို႕ AI ေတြကသာ အဓိကက်တဲ့ ဆံုးျဖတ္ခ်က္ေတြနဲ႕ ေရြးခ်ယ္မႈေတြကို သူတို႕ကိုယ္တုိုင္လုပ္ေဆာင္သြားမယ္ဆိုရင္ ဘယ္လုိေတြျဖစ္လာမလဲဆိုတာ စစ္တပ္ကြန္မန္ဒါေတြအေနနဲ႕ စဥ္းစားသင့္တယ္လုိ႕ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။

“နည္းပညာလုပ္ငန္းေတြအေနနဲ႕ က်င့္၀တ္အပုိင္းကိုစဥ္းစားမယ္ဆိုရင္ ဒီနည္းပညာရဲ႕ေကာင္းက်ိဳးကို ဘယ္သူေတြသံုးမွာလဲ၊ ဘယ္သူေတြကေရာ အႏၱရာယ္ရွိနုိင္လဲဆိုတာ ေတြးသင့္တယ္။ ျပီးေတာ့မွ သက္ေရာက္မႈမရွိေအာင္၊ အနည္းဆံုးျဖစ္ေအာင္ လုပ္ရမယ္။ ဘယ္နည္းပညာကမွ အဲေလာက္အေရးမၾကီးဘူး။ ျပည္သူ႕ဆႏၵခံယူမႈမရွိဘဲနဲ႕ ဒီလိုေတြလုပ္ေနတာက အဆင္မေျပဘူး” လို႕ အဆံုးသတ္ထားပါတယ္။

Google က ဘယ္လိုေတြလုပ္မွာလဲ။ Maven မွာ ပါ၀င္ပတ္သတ္ေနျခင္းကလည္း လူေျပာမ်ားတဲ့အေၾကာင္းအရာတစ္ခု ျဖစ္လာႏုိင္တာမို႕ အာရံုေတြကို ဆြဲေခၚႏုိင္တဲ့လုပ္ရပ္တစ္ခုဆိုတာေတာ့ ျငင္းလို႕မရပါဘူး။ Google ရဲ႕ လုပ္ေဆာင္ခ်က္ကို ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

Unicode Version

Google ဝန်ထမ်းတွေဟာ Project Maven လို့ခေါ်တဲ့ ယူအက်စ်ကာကွယ်ရေးဌာနနဲ့ပူးပေါင်းပြီးတော့ artificial intelligence ပိုင်းလုပ်ဆောင်တဲ့ ပရောဂျက်ကိုကန့်ကွက်ပြီးတော့ အလုပ်ထွက်လာကြပါတယ်။ ဓါတ်ပုံ၊ အရာဝတ္ထုတွေကို drone နဲ့ရိုက်ကူးပြီးတော့ လေ့လာဆန်းစစ်မှုနှုန်း မြန်ဆန်အောင်လုပ်ဆောင်ပေးမယ်ဆိုတဲ့ Maven ပရောဂျက်ကို ဝန်ထမ်းတွေက ကန့်ကွက်ကြပါတယ်။ AI ကို စစ်ဆင်ရေးမှာ အသုံးပြုမှုအတွက် မလိုလားကြသူတွေကြောင့် အခုလိုကန့်ကွက်ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက Google ဝန်ထမ်းထောင်ပေါင်းများစွာဟာ Pentagon နဲ့စာချုပ်ကို ဆက်မလုပ်ဖို့အတွက် လက်မှတ်ရေးထိုးပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒီနှစ် မတ်လမှာ Mavenပရောဂျက်ကိုကြေညာလိုုက်ပြီးတဲ့နောက် ထိုးစစ်မဟုတ်တာမျိုးမှာသာ အသုံးပြုသွားမှာပါလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မကျေနပ်တဲ့ဝန်ထမ်းတစ်ယောက်ဆီက အိတ်ဖွင့်ပေးစာမှာတော့ အဲဒီပြောကြားချက်ကို မေးခွန်းထုတ်ထားပါတယ်။
“တိုက်ရိုက်အသုံးပြုမှုကို ဖယ်ရှားထားမယ်ဆိုပေမယ့်လည်း ဒီနည်းပညာဟာ စစ်တပ်အတွက် တည်ဆောက်နေတာ။ ပြီးတော့ အဲဒီလုပ်ငန်းစဉ်တွေကို လွယ်ကူချောမွေ့အောင် ကူညီပေးမှာပဲ။ ဒီလုပ်ဆောင်ချက်က Google brand ကို ထိခိုက်စေနိုင်ပြီးတော့ လုပ်ဆောင်နိုင်စွမ်းကို အသုံးချတဲ့နေရာကိုလည်း မေးခွန်းထုတ်စရာဖြစ်လာနိုင်တယ်” လို့ စာထဲမှာ ရေးသားထားပါတယ်။
ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဝန်ထမ်းအတော်များများကတော့ နုတ်ထွက်ကုန်ကြပြီလို့ Gizmodo သတင်းဌာနက ပြောဆိုထားပါတယ်။ Maven ပရောဂျက်ထဲကဝန်ထမ်းအတော်များများထွက်ကြတာဖြစ်ပြီးတော့ ဒါဟာ နိုင်ငံရေးနဲ့သက်ဆိုင်နေတယ်ဆိုတာ သတိပြုမိအောင် ထွက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ စီမံဌာနဟာ ဒီအကြောင်းတွေကို အရေးသိပ်မစိုုက်ဘူးလို့လည်း အသံတွေ ထွက်လာနေပါတယ်။
Google ကတော့ Maven ဟာ open-source software ကို အခြေခံထားတာဖြစ်ပါတယ်။ တကယ်လို့ Google ကသာ စာချုပ်မချုပ်ဘူးဆိုရင်တောင် Pentagon ကို ဒီနည်းပညာမသုံးအောင် ဟန့်တားလို့ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလိုလုပ်လိုက်တာတွေက အခကြေးငွေမရတော့တာသာ ရှိမှာပါ။
တစ်ချိန်တည်းမှာပဲ International Committee for Robot Arms Control (ICRAC) ကလည်း ဝင်ရောက်ပတ်သတ်လာပါတယ်။ Alphabet နဲ့ Google အမှုဆောင်တွေဆီကို အိတ်ဖွင့်စာပေးလိုက်ပါတယ်။ open-source code ဆိုတဲ့စကားလုံးကို ပြန်လည်ချေပထားပါတယ်။
“Project Maven က ယူအက်စ်စစ်တပ်ပရိုဂရမ်တစ်ခုဖြစ်ပြီးတော့ ဒရုန်းအတော်များများကိုအသုံးပြီး စောင့်ကြည့်တဲ့ဗွီဒီယိုတွေကို machine learning နဲ့လေ့လာမယ်။ လူသားပညာရှင်တွေစိတ်ဝင်စားတဲ့ အရာဝတ္ထုတွေကို အမျိုးအမည်တပ်ပေးမယ်။ Google က open source ‘deep learning’ နည်းပညာကို ထောက်ပံ့ပေးနေသလို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ကာကွယ်ရေးဌာနကိုပါ ကူညီလုပ်ဆောင်ပေးနေတာ”လို့ ICRAC က ထောက်ပြခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီစနစ်ဟာ လူသားအကူအညီမပါဘဲ လည်ပတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီတော့ အချိန်ကြာမယ်ဆိုရင် ကန့်သတ်ထားမှုက ဘောင်ကျော်သွားပြီးတော့ သူ့ဘာသာထိန်းချုပ်နိုင်တဲ့အဆင့်ကို ရောက်သွားနိုင်တယ်လို့ ICRAC က ပြောဆိုထားပါတယ်။ တကယ်လို့ AI တွေကသာ အဓိကကျတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရွေးချယ်မှုတွေကို သူတို့ကိုယ်တိုင်လုပ်ဆောင်သွားမယ်ဆိုရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စစ်တပ်ကွန်မန်ဒါတွေအနေနဲ့ စဉ်းစားသင့်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
“နည်းပညာလုပ်ငန်းတွေအနေနဲ့ ကျင့်ဝတ်အပိုင်းကိုစဉ်းစားမယ်ဆိုရင် ဒီနည်းပညာရဲ့ကောင်းကျိုးကို ဘယ်သူတွေသုံးမှာလဲ၊ ဘယ်သူတွေကရော အန္တရာယ်ရှိနိုင်လဲဆိုတာ တွေးသင့်တယ်။ ပြီးတော့မှ သက်ရောက်မှုမရှိအောင်၊ အနည်းဆုံးဖြစ်အောင် လုပ်ရမယ်။ ဘယ်နည်းပညာကမှ အဲလောက်အရေးမကြီးဘူး။ ပြည်သူ့ဆန္ဒခံယူမှုမရှိဘဲနဲ့ ဒီလိုတွေလုပ်နေတာက အဆင်မပြေဘူး” လို့ အဆုံးသတ်ထားပါတယ်။
Google က ဘယ်လိုတွေလုပ်မှာလဲ။ Maven မှာ ပါဝင်ပတ်သတ်နေခြင်းကလည်း လူပြောများတဲ့အကြောင်းအရာတစ်ခု ဖြစ်လာနိုင်တာမို့ အာရုံတွေကို ဆွဲခေါ်နိုင်တဲ့လုပ်ရပ်တစ်ခုဆိုတာတော့ ငြင်းလို့မရပါဘူး။ Google ရဲ့ လုပ်ဆောင်ချက်ကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Leave a Reply