Zawgyi Version
Unicode Version
Instagram Stories မှာ poll သုံးဖူးသလား။ သုံးဖူးတယ်ဆိုရင် နှစ်ခုထဲကတစ်ခုရွေးဆိုတဲ့ လုပ်ဆောင်ချက်လေးထက် ပိုလိုချင်နေလား။ ဒါဆိုရင်တော့ Instagram မှာ သင့်အတွက် လုပ်ဆောင်ချက်လေးတစ်ခု ထပ်ရနေပါပြီ။
Poll အတွက် slider အသစ်လေးတစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ အဲဒီ slider လေးထဲမှာ emoji လေးတွေတောင် ပါဝင်နေပါသေးတယ်။ ဒီ feature လေးကတော့ Instagram ရဲ့ ဗားရှင်းအသစ်ထဲမှာ ပါဝင်လာမှာဖြစ်ပြီးတော့ Android ၊ iOS အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သူတို့ရဲ့ Instagram Stories ထဲမှာ sticker poll လေးတွေကို ထည့်သွင်းနိုင်မှာဖြစ်ပြီးတော့ ကြည့်ရှုသူတွေကို မြင်စေချင်တဲ့ emoji တွေကိုလည်း သတ်မှတ်ရွေးချယ်နိုင်ဦးမှာ ဖြစ်ပါတယ်။
ကြည့်တဲ့သူတွေအနေနဲ့လည်း poll လေးကို ရွှေ့ကြည့်ခွင့်ရမှာဖြစ်ပြီး emoji လေးတွေကလည်း animate ဖြစ်နေမှာပါ။ ဒီတော့ သူတို့ဘာရွေးလိုက်သလဲဆိုတာကို အချိန်နဲ့တပြေးညီ မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
emoji slider အသစ်လေးကို သင်ရော ဘယ်လိုထင်ပါသလဲ။ လူကြိုက်များလာမယ်လို့ရော တွေးမိသလား။