LG Q7 တြင္ Helio P10 chipset အသံုးျပဳလာမည္

0
1659

ေတာင္ကိုရီးယားစမတ္ဖုန္း ထုတ္လုပ္သူအေနနဲ႔ ယခုလ2ရက္ေန႔မွာတုံးက ထိပ္တန္း စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္ေပးခဲ့ပါတယ္။ လုပ္ေဆာင္ခ်က္ေကာင္းေတြနဲ႔အတူ ေစ်းႏႈန္းကလည္း ေဒၚလာ၈၀၀ေက်ာ္ပါတယ္။ ဒီေစ်းႏႈန္းဟာ သုံးစြဲသူအားလုံးနဲ႔ ယွဥ္လုိက္မယ္ဆုိရင္ သင့္တင့္တဲ့ ေစ်းႏႈန္းလို႔ သတ္မွတ္လို႔မရႏိုင္ပါဘူး။ ဒါေၾကာင့္ LG အေနနဲ႔ေစ်းသက္သာတဲ့ ဖုန္းတစ္လုံးကို မိတ္ဆက္ေပးႏိုင္ဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

LG ဟာ ၿပီးခဲ့တဲ့ ေမလတုန္းက Q7 အမည္မူပုိင္ခြင့္ ရယူခဲ့ၿပီး၊ LG အေနနဲ႔ Korea Intellectual Property Office မွာ မူပုိင္ခြင့္ ရယူလာတာ ျဖစ္ပါတယ္။ ဒါကုိ ၾကည့္ရင္ LG Q7 ဖုန္း ထြက္လာမယ္ဆိုတာ ျမင္ႏုိင္ပါတယ္၊ ယေန႔မွာ LG ဖုန္းတစ္လံုးကုိ Geekbench မွာ ျမင္ေတြ႕ရပါတယ္။ LG Q7 ျဖစ္လာဖို႔ ရွိပါတယ္။ ယင္းဖုန္းမွာ MediaTek Helio P10 Chipset ႏွင့္ အထုိင္ခ်ထားေၾကာင္း ေတြ႕ရပါတယ္။

LG Q7 က Single-core က ၆၃၀ ရရွိၿပီး Multi-core က ၂၃၂၂ ရရွိပါတယ္။ RAM4GB ႏွင့္ Android 8.1 Oreo အသံုးျပဳထားပါတယ္။ ဒီဖုန္းက LG G7 ThinQ ရဲ႕ Mini ဗားရွင္းျဖစ္လာႏိုင္ပါတယ္။ LG G7 ThinQ မွာေတာ့  Snapdragon 845 chip နဲ႔ 6.1-inch မွာ 1440 x 3120 resolution ေဖာ္ျပႏုိင္စြမ္းေပးထားပါတယ္။ 16+16MP dual ကင္မရာအရည္အေသြးနဲ႔  3000mAh ဘက္ထရီတပ္ဆင္ေပးထားၿပီး single-core မွာ2312 ရရွိထားၿပီး multi-core  မွာေတာ့ 8979 ရရွိထားပါတယ္။  Q7 ဟာ G7 ThinQ ရဲ႕Mini ဗားရွင္းျဖစ္တာေၾကာင့္ ThinQ ရဲ႕လုပ္ေဆာင္ခ်က္အမ်ားစု ေထာ္ကပံ့ေပးထားႏုိင္ၿပီး ေစ်းႏႈန္းကေတာ့ ေဒၚလာ၄ဝဝ ဝန္းက်င္ရွိႏိုင္ပါတယ္။

Unicode Version

တောင်ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့ ယခုလ2ရက်နေ့မှာတုံးက ထိပ်တန်း စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပေးခဲ့ပါတယ်။ လုပ်ဆောင်ချက်ကောင်းတွေနဲ့အတူ ဈေးနှုန်းကလည်း ဒေါ်လာ၈၀၀ကျော်ပါတယ်။ ဒီဈေးနှုန်းဟာ သုံးစွဲသူအားလုံးနဲ့ ယှဉ်လိုက်မယ်ဆိုရင် သင့်တင့်တဲ့ ဈေးနှုန်းလို့ သတ်မှတ်လို့မရနိုင်ပါဘူး။ ဒါကြောင့် LG အနေနဲ့ဈေးသက်သာတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်ပေးနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

LG ဟာ ပြီးခဲ့တဲ့ မေလတုန်းက Q7 အမည်မူပိုင်ခွင့် ရယူခဲ့ပြီး၊ LG အနေနဲ့ Korea Intellectual Property Office မှာ မူပိုင်ခွင့် ရယူလာတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ရင် LG Q7 ဖုန်း ထွက်လာမယ်ဆိုတာ မြင်နိုင်ပါတယ်၊ ယနေ့မှာ LG ဖုန်းတစ်လုံးကို Geekbench မှာ မြင်တွေ့ရပါတယ်။ LG Q7 ဖြစ်လာဖို့ ရှိပါတယ်။ ယင်းဖုန်းမှာ MediaTek Helio P10 Chipset နှင့် အထိုင်ချထားကြောင်း တွေ့ရပါတယ်။

LG Q7 က Single-core က ၆၃၀ ရရှိပြီး Multi-core က ၂၃၂၂ ရရှိပါတယ်။ RAM4GB နှင့် Android 8.1 Oreo အသုံးပြုထားပါတယ်။ ဒီဖုန်းက LG G7 ThinQ ရဲ့ Mini ဗားရှင်းဖြစ်လာနိုင်ပါတယ်။ LG G7 ThinQ မှာတော့  Snapdragon 845 chip နဲ့ 6.1-inch မှာ 1440 x 3120 resolution ဖော်ပြနိုင်စွမ်းပေးထားပါတယ်။ 16+16MP dual ကင်မရာအရည်အသွေးနဲ့  3000mAh ဘက်ထရီတပ်ဆင်ပေးထားပြီး single-core မှာ2312 ရရှိထားပြီး multi-core  မှာတော့ 8979 ရရှိထားပါတယ်။  Q7 ဟာ G7 ThinQ ရဲ့Mini ဗားရှင်းဖြစ်တာကြောင့် ThinQ ရဲ့လုပ်ဆောင်ချက်အများစု ထော်ကပံ့ပေးထားနိုင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ၄ဝဝ ဝန်းကျင်ရှိနိုင်ပါတယ်။

Leave a Reply