Huawei Y9 (2018) နဲ့ Xiaomi Mi 5X ဘယ်ဟာရွေးချယ်သင့်လဲ

0
1315

ဒီနှစ်အစောပိုင်းကာလမှ Huawei က အသစ်မိတ်ဆက်ခဲ့တဲ့ Y9 (2018) ဟာ ယခင် Y series များနဲ့မတူဘဲ ဖုန်းရဲ့လုပ်ဆောင်ချက်တေပိုမိုကောင်းမွန်လာတွေကို တွေ့ရတဲ့အတွကပီးခဲ့တဲ့နှစ် ဇူလိုင်ကထွက်ရှိခဲ့ပြီး စမတ်ဖုန်းအသုံးပြုသူတွေအကြားနာမည်ရခဲ့တဲ့ Xiaomi ရဲ အလတ်တန်းစားဖုန်းတစ်ခုဖြစ်တဲ Mi 5X ကှိုင်းယှဉ်ကြည့်ဖြစ်ခဲ့ပါတယ်။ Level တူတဲ Y9 (2018) နဲ့ Mi5X ဟာ mid-range ဖုန်းတွေဖြစ်ပေမဲ ကင်မရာကိုသေသေချာချာပြင်ဆင်ထားတဲစမတ်ဖုန်းတွေ ဖြစ်ပါတယ်။

ကင်မရာနဲ့ပတ်သက်ရငရှေ့ဆုံးကနေ အမြဲတီထွင်ဆန်းသစ်ခဲ့တဲ့ Huawei ဟာ ဒီတစ်ခေါက်မှာလည်း mid-range ဖုန်းအမျိုးအစားများအကြားမှာ ပထမဦးဆုံးအနေနဲ ရှေ့ကင်မရာနှစ်လုံး နောက်ကင်မရာနှစ်လုံးနဲစုစုပေါင်း ကင်မရာလေးလုံး အသုံးပြုခဲ့ပါတယ်။ Selfie အထူးပြုထားတဲကင်မရာဖြစ်တဲ့အတွကရှေ့ဘက်မှာ 16MP နဲ့ 2MP အပြင Super Selfie Effect တွေနဲ့ Sticker တေနောက်ခံ Background တွေနဲရိုက်ရတာကြိုက်တဲ့သူတွေအတွက် AR Lens လည်း ပါဝင်လာပါတယ်။ ကျောဘက်မှာ 13MP နဲ့ 2MP ကင်မရာအတွဲ တပ်ဆင်ထားပါတယ်။ 2MP တွေကDepth of Field ကို ထိန်းချုပ်ပေးပြီး Bokeh effect နဲနောက်ခံဝါးပြီး ရိုက်ကူးနိုင်အောငပံ့ပိုးပေးတာါ။ နောက်ထူးခြားတဲ့အချက်က ရိုက်ပြီးတဲ့အခါမလိုချင်တဲ့ Focus ကို ပြောင်းနိုင်တာပဲဖစ်ပါတယ်။ လှပသေသပ်တဲ့ Portrait နဲ့ Landscape ဓာတ်ပုံတွေကိုရိုက်ကူးနိုင်စေပါတယ်။ Mi 5X ကလည်း ကင်မရာပိုင်းမှာမခေပါဘူး  ကျောဘက်ကင်မရာအနေနဲ12MP+12MP dual camera စနစပါဝငပီး 2xZoom ဆွဲပြီး အသုံးပြုနိုင်ပါတယ်။ Y9 (2018) လိုပဲ နောက်ခံဝါးပြီး ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ Blur က သိပ်မညီညာတဲ့အတွကနည်းနည်းအပေါစားဆန်သလိုတောရှိပါတယ်။ Mi5X ရဲရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ယခင် Mi စီးရီးရဲ့အစဉ်အလာအတိုင်း Beauty Mode ပါဝင်ပါတယ်။

ဒီဇိုင်းပိုင်းကြည့်မယ်ဆိုရငHawei Y9 (2018) မှာ 5.93” Full View Display နဲ FHD+ 1080 x 2160 pixels resolution ရှိပြီး18:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 76.66% ရှိပါတယ်။ Pixel Density 407 ppi ရှိပါတယ်။ ကြည်လင်ပြတ်သားတဲပုံရိပ်အရည်အသွေးကို Screen အပြည့်မင်ကွင်းကျယ် ကြည့်ရှုနိုင်လိုစိတ်ကျေနပ်ဖွယ် ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း Mi5X က 5.5” Display နဲFHD:1080 x 1920 pixels resolution ရှိပြီး 16:9 ratio ရှိပါတယ်။ Screen-to-body အချိုးဟာ 70.1% ရှိပြီး Pixel Density 403 ppi ရှိပါတယ်။ လက်ရှိခေတ်စားနေတဲမျက်နှာပြင်ပြည့် Full View Display မပါဝင်တဲ့အတွက ခေတ်သစ်ဖုန်းအသွင်ကို ကိုင်ချင်တဲ့သူတွေအတွက နည်းနည်းတွန့်ဆုတ်စရာပါပဲY9 (2018) နဲ Mi 5X နှစ်ခုလုံးကိုသတ္တုကိုယ်ထည်နဲ့တည်ဆောက်ထားပြီး အနားသတ်ဘောင်တွေကွေးပါတယ်။ Fingerprint Sensor ကို ကျောဘက်မှာပဲထည့်သွင်းထားကြပါတယ်။ Y9 (2018) မှာတော Fingerprint Sensor အပြ် Flagship ဖုန်းတွေမှာသာ အတွေ့များတဲ့ Face Unlock စနစ ပါဝင်ပါသေးတယ်။ နည်းပညာအသစ်သစ်တွေကိုစမ်းသပ်လိုသူတွေအတွက် Y9 (2018) က အားသာနေပါတယ်။

စွမ်းဆောင်ရည်ပိုင်းကို ဆက်ကြည့်မယ်ဆိုရငY9 (2018) မှာHuawei က သူ့ရဲ့ကိုယ်ပိုင် Chipset ဖြစ်တဲHiSilicon Kirin 659 ကို အသုံးပြုထားပြီ Octa-core (4×2.36 GHz Cortex-A53 & 4×1.7 GHz Cortex – A53) များနဲ တွဲဖက်ထားတာကြောင့် ဘက်ထရီသက်တမ်းနဲစွမ်းဆောင်ရည်ပိုင်းမှာ ထူးထူးခြားခြား ပိုမိုကောင်းမွန်လာပါတယ်။ ကီးမားတဲ4000 mAh ဘက်ထရီ ပါဝင်ပြီး တစ်နေ့တာအတွင်း ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ အရေးပေါ်လိုအပ်ခဲ့ရင်တောင်မှ OTG ကြိုးနဲ့အတူ တခြားဖုန်းတွေဆီကနေ အားသွင်းနိုင်ပါသေးတယ်။ ဒါက Y9 (2018) ရဲထူးခြားချက်ပဲဖစ်ပါတယ်။ Mi5X မှာတော Snapdragon 625 နဲ အထိုင်ချထားပါတယ်။ Octa -core 2.0 GHz Cortex-A53 နဲအားဖြည့်ထားပြီး 3080 mAh ဘက်ထရီတပ်ဆင်ထားပါတယ်။ Type-C အမျိုးအစားဖြစ်ပြီး Quick Charging စနစပံ့ပိုးထားပါတယ်။

Y9 (2018) မှာ RAM 3GB+32GB နဲ့ Mi 5X မှာ RAM 4GB+64GB ပါဝင်ပါတယ်။ Y9 (2018) မှာ storage နည်းတယ်ထင်ရပေမဲ့ SIM Card Slot သုံးခု ပါဝင်လို့ 256GB အထိ တိုးချဲ့အသုံးပြုနိုင်ပါတယ်။ Slot သုံးခုမှာ နှစ်ခုကို SIM card အတွက်အသုံးပြုနိုင်ပြီး ကျန်တဲ့ Slot တစ်ခုကိုတော့ MicroSD card အတွက်ပဲ အသုံးပြုနိုင်မှာပါ။ Mi 5X မှာလည်း 128GB အထိ တိုးချဲ့နိုင်ပါတယ်။ ဒါပေမဲ့ SIM card slot ကတောနှစ်ခုပဲ ပါရှိပါတယ်။

လက်ရှိမှာ စမတ်ဖုန်းတော်တော်များများဟာ Android Oreo update မရရှိသေးပါဘူး။ Huawei Y9 (2018) မှာတော့ Android 8.0 (Oreo) ကို အခြေခံထားတဲ့အပြင် EMUI 8.0 ကို အသုံးပြုထားတာကြောင့် ဖုန်းလုပ်ဆောင်ချက်တွေ ၂ ဆ ပိုမိုသွက်လက်တဲ့အပြငBackground က ဖုန်းကိုလေးလံစေမယ့်အရာတွေကိုလျှော့ချပေးပါတယ်။ Mi5X မှာတော့ Android 7.1.2 (Nougat) ကို အခြေခံပြီး Xiaomi ရဲ့ MIUI 9 နဲ့တည်ဆောက်ထားလိုအသုံးပြုရလွယ်ကူရိုးရှင်းပါတယ်။ ဒါပေမဲ့ Android 8.0 မှာပါဝင်လာတဲ feature အသစ်တွေဖြစ်တဲPicture in Picture တို့ ၊ Auto Fill တို့ကိုတောအသုံးမပြုနိုင်ခြင်း မရှိပါဘူးနောက်ပြီး Y9 (2018) မှာ ဂိမ်းဆော့တဲ့သူတွေအတွကအသုံးဝင်မယ့် Game Suite ဆိုတဲ့ feature ပါဝင်ပါတယ်။ သူ့ကို ဖွင့်ထားလိုက်ရငကိုယ်ဂိမ်းကစားနေတာကို အနှောင့်အယှက်ဖြစ်စေတဲဖုန်းခေါ်ဆိုမှုတွေ၊ Message တေဝင်ရောက်ခြင်းကနေ အလိုအလျောကဟန့်တားပေးပါတယ်။ ဒါကတော့ ကျွန်တော်ကိုယ်တိုငသဘောကျတဲ့ feature တစ်ခုပဲဖစ်ပါတယ်။

Y9 (2018) ဟာ အရောင်အားဖြင့် အနက်ရောင်၊ ရွှေရောင်၊ အပြာရောငသုံးမျိုးနဲ့လာပြီး ၂၅၉၀၀၀ ကျပ်နဲဈေးကွက်မှာ စတင်ရောင်းချနေါပြီ။ Official One Year Warranty ပါရှိပြီး ဝယ်ပြီး၁၅ ရက်အတွင်း တစ်ခုခုချို့ယွင်းခဲ့ရင်လည်း အသစ်တစ်လုံးနဲလဲပေးမယ်လိုသိရပါတယ်။ Xiaomi Mi5X ကတောဈေးကွက်ထဲမှာPI အလုံးကို ၂၄၅၀၀၀ ကျပ်ဝန်းကျင်နဲ့ဈေးကွက်ထဲမှာဝယ်ယူရရှိနိုင်ပါတယ် အရောင်အားဖြင့် ပန်းရောင်၊ ရွှေရောင်၊ အနက်ရောင်နဲအနီရောင်ဆိုပြီးမျိုး ထွက်ရှိထားပါတယ်။

Leave a Reply