Android မွာ iMessages ဘယ္လိုရေအာင္လုပ္မလဲ

0
839

Zawgyi Version

သင့္ရဲ႕ Android ဖုန္းကေန iMessages ပို႕ျပီးေတာ့ iPhone ကိုင္တဲ့သူငယ္ခ်င္းကို လန္႕သြားေအာင္ စေနာက္လိုက္ရေအာင္။

တိုတိုနဲ႕လိုရင္းကိုပဲသြားလုိက္ရေအာင္။ iMessages ကို Android ေပၚမွာ အသံုးျပဳႏုိင္ပါျပီ။ အသက္၁၆ႏွစ္အရြယ္ developer ေလးရဲ႕ေက်းဇူးနဲ႕ iMessages ကို iOS ေရာ Android မွာပါ အသံုးျပဳႏုိင္ေနပါျပီ။ ဒီလိုအသံုးျပဳႏုိင္ဖို႕အတြက္ဆိုရင္ေတာ့ WeMessage ေလးကို Mac မွာ proxy အေနနဲ႕အသံုးျပဳျပီးေတာ့ Apple ရဲ႕ messaging server ကို ဖုန္းကေနတိုက္ရုိက္ မက္ေဆ့ခ်္ပို႕ဖို႕အတြက္ လုပ္ေဆာင္ရမွာပါ။

Android သံုးစြဲသူေတြဟာ iPhone အသံုုးျပဳတဲ့မိတ္ေဆြေတြနဲ႕ ခ်ိတ္ဆက္ဖို႕အတြက္ hack နဲ႕ exploit အေတာ္မ်ားမ်ားကို အသံုးျပဳျပီးေတာ့ လုပ္ေဆာင္ခဲ့ၾကေပမယ့္လည္း Apple ရဲ႕ terms and services ကို ခ်ိဳးေဖာက္တဲ့အတြက္ေၾကာင့္ အဆံုးသတ္မလွခဲ့ၾကပါဘူူး။ WeMessage ရဲ႕ေနာက္ကြယ္ကနည္းပညာကေတာ့ Apple ရဲ႕ လက္ရွိေပၚလစီေတြကို ခ်ိဳးေဖာက္ထားျခင္းမရွိတဲ့အတြက္ေၾကာင့္ အဆင္ေျပပါတယ္။ ဒါေပမယ့္လည္း လွည့္စားခ်က္တစ္ခုကိုလုပ္ဖို႕အတြက္ Mac ကို အသံုးျပဳရပါလိမ့္မယ္။

iMessages ကို Android မွာ အသံုးျပဳဖို႕အတြက္ Mac တစ္လံုးရွိရမွာျဖစ္ျပီးေတာ့ သင့္ဖုန္းနဲ႕ ခ်ိတ္ဆက္အသံုးျပဳဖူးျခင္းလည္း ရွိရမွာပါ။ ဒီေတာ့ ဘယ္လိုလုပ္ရမလဲဆိုတာ ၾကည့္လုိက္ရေအာင္။

WeMessage ကို သင့္ရဲ႕ကြန္ပ်ဴတာမွာ ေနရာခ်ျခင္း

ကြန္ပ်ဴတာပုိင္းကို ကၽြန္ေတာ္တုိ႕ အရင္စလိုက္ရေအာင္လား။ ပထမဆံုးအေနနဲ႕ သင့္ရဲ႕ MacOS မွာ Java သြင္းထားသလားဆိုတာ စစ္ေဆးၾကည့္ရမွာျဖစ္ပါတယ္။ Java သြင္းျပီးသားျဖစ္ႏုိင္ေပမယ့္လည္း မသြင္းရေသးဘူးဆိုရင္ေတာ့ Oracle ရဲ႕ website ကေန အခမဲ့ေဒါင္းလုတ္ရယူႏုိင္ပါတယ္။ သြင္းျပီးတာနဲ႕ Terminal ကို ကြန္ပ်ဴတာမွာေျပာင္းလဲျပင္ဆင္မႈေတြလုပ္ဖို႕ ခြင့္ေပးရမွာပါ။ Terminal ဆိုတာကေတာ့ command line program တစ္ခုျဖစ္ျပီး Mac မွာ default ပါျပီးသားပါ။ ဒီေတာ့ ေအးေဆးပါပဲ။ အသံုးျပဳခြင့္ေလးေပးလိုက္တဲ့သေဘာပါ။

how to get imessages in android terminal allow screen

ဒီလိုလုပ္ဖို႕အတြက္ System Preferences ကို သြားျပီးေတာ့ Security and Privacy tab ေလးကို ေရြးလိုက္ပါ။ ျပီးရင္ Privacy ကို ႏွိပ္ျပီးေတာ့ Accessibility ကိုိေရြး၊ window ရဲ႕ ဘယ္ဘက္ေအာက္နားေလးက lock icon ေလးကိုႏွိပ္လိုုက္ပါ။ ဒါေလးက settings မွာ ေျပာင္းလဲမႈေတြလုပ္ဖို႕ ခြင့္ေပးလိုက္ျခင္းျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ password ကို ရုိက္လိုက္ျပီး addition sign ေလးကိုႏွိပ္၊ Terminal ကို ထည့္ေပးလိုက္ပါ။ Terminal ကေတာ့ Utilities folder ထဲက Applications ေအာက္မွာ ရွိပါတယ္။

ေနာက္တစ္ဆင့္ကေတာ့ WeServer ကို ေဒါင္းလုတ္ဆြဲလုိက္ပါ။ WeServer ကေတာ့ ကြန္ပ်ဴတာနဲ႕ ဖုန္းကို ခ်ိတ္ဆက္ေပးမွာျဖစ္ျပီးေတာ့ iMessage အသံုးျပဳႏုိင္ေအာင္ လုပ္ေဆာင္ေပးမွာပါ။ ျပီးသြားတာနဲ႕ .zip file ေလးကိုဖြင့္ျပီးေတာ့ “run.command” ေလးကို ေရြးလုိက္ပါ။ the program is from an “unidentified developer” လို႕ မက္ေဆ့ခ်္ေလးျမင္ရင္ေတာ့ System Preferences ကိုသြားျပီးေတာ့ Security & Privacy ကိုေရြး၊ General Tab ကို သြားလိုက္ပါ။ ညာဘက္ေထာင့္နားက Open Anyway button ေလးကို ႏွိပ္လုိက္ပါ။ သူကေတာ့ “Allow apps downloaded from” ဆိုတဲ့ေနရာေလးထဲမွာ ေတြ႕ျမင္ႏုိင္ပါတယ္။

ဒါျပီးရင္ေတာ့ Terminal ဆီကုိျပန္သြားလုိက္ပါ။ program ေလးက ပြင့္လာမွာျဖစ္ျပီးေတာ့ email နဲ႕ password ေတာင္းပါလိမ့္မယ္။ iMessage account နဲ႕ သက္ဆုိင္တဲ့ email ျဖစ္ရပါမယ္။ ဒါေပမယ့္လည္း password ကေတာ့ Apple ID နဲ႕သက္ဆုိင္စရာမလုိပါဘူး။

Server ကို activate လုပ္ျပီးတာနဲ႕ သင့္ရဲ႕ public IP address က ဘာလဲဆိုတာသိေအာင္လုပ္ျပီးေတာ့ router နဲ႕ port ခ်ိတ္ေပးရမွာပါ။ IP address ကို အလြယ္ဆံုးသိႏုိင္မယ့္နည္းလမး္ကေတာ့ “what is my IP” ဆိုတာေလးကို Google မွာ ရုိက္လုိက္ပါ။ ဒါေပမယ့္ port forwarding လုပ္တာကေတာ့ သင္သံုးေနတဲ့ router အမ်ိဳးအစားေပၚမွာမူတည္ျပီးေတာ့ ကြဲျပားသြားမွာပါ။ ဗြီဒီယိုထဲမွာဆိုရင္ေတာ့ FIOS router ကို အသံုးျပဳျပီး လုပ္ေဆာင္ထားပါတယ္။ ဒါေပမယ့္လည္း သင္ကေတာ့ တစ္နည္းအသံုုးျပဳဖို႕မ်ားေနပါတယ္။

ျပီးရင္ေတာ့ Android ဖုန္းဘက္ကို အာရံုေလးစိုက္ရေအာင္။

ဖုန္းမွာ WeMessage အတြက္ ေနရာခ်ျခင္း

WeMessage app ေလးကို ဖုန္းမွာ ေဒါင္းလုတ္ဆြဲလုိက္ပါ။ IP address ၊ email ၊ password ကိုေတာင္းတဲ့အခါ ကြန္ပ်ဴတာမွာ ထည့္ခဲ့တဲ့အတုိင္း တေ၀မသိမ္း ထည့္ေပးရမွာပါ။ ကြန္ပ်ဴတာနဲ႕ ဖုန္းၾကား contacts ေတြကို ဖတ္ေနတဲ့အခ်ိန္ ခဏေလးေစာင့္ေပးရမွာပါ။ ဒီေတာ့ လူတိုင္းရဲ႕ဖုန္းနံပါတ္နဲ႕ email ေတြကို မွတ္မိေနစရာမလိုအပ္ေတာ့ပါဘူး။ ဒီလိုလုပ္ဖုိ႕အတြက္ဆိုရင္ Sync Contacts ခလုတ္ေလးကို ႏွိပ္လုိက္ပါ။ pop-up window ေလးတက္လာျပီးေတာ့ Terminal က contacts ေတြကို အသံုးျပဳခ်င္ပါတယ္လုိ႕ ခြင့္ေတာင္းပါလိမ့္မယ္။

how to get imessages in android wemessage gray

အေပါင္းေလးကိုႏွိပ္ျပီးေတာ့ စကားစေျပာလိုက္ရေအာင္ ဒါမွမဟုတ္ main page မွာရွိတဲ့ conversations ေတြထဲက တစ္ခုကို၀င္လိုက္ပါ။ သတိထားရမွာက ကြန္ပ်ဴတာကို ဖြင့္ထားရမွာပါ။ Terminal ေရာ iMessage ပါ run ထားရမွာျဖစ္ပါတယ္။ ေကာ္နက္ရွင္ျပတ္သြားရင္ေတာ့ မက္ေဆ့ခ်္ပို႕လို႕ရမွာ မဟုတ္ပါဘူး။ WeMessage မွာ queue feature မရွိတဲ့အတြက္ေၾကာင့္ လိုင္းေကာင္းမွပို႕ေပးတဲ့ feature မရွိပါဘူး။ လိုင္းေကာင္းရင္ပို႕မယ္။ မေကာင္းရင္ မပို႔ပါဘူး။ ဒီေတာ့ လိုင္းကိုျငိမ္ေနေအာင္ထားဖုိ႕ကလြဲျပီး ဘာမွလုပ္ေပးစရာမလိုပါဘူး။

အခုေတာ့ Google က iMessage ကိုျပိဳင္ဖို႕ ထုတ္ေပးေတာ့မယ္ဆိုတဲ့ ေကာလဟာလ မွန္ပါေစလို႕ပဲ ဆုေတာင္းရံုေပါ့။

အဆင္ေျပၾကပါေစ။

Unicode Version

သင့်ရဲ့ Android ဖုန်းကနေ iMessages ပို့ပြီးတော့ iPhone ကိုင်တဲ့သူငယ်ချင်းကို လန့်သွားအောင် စနောက်လိုက်ရအောင်။
တိုတိုနဲ့လိုရင်းကိုပဲသွားလိုက်ရအောင်။ iMessages ကို Android ပေါ်မှာ အသုံးပြုနိုင်ပါပြီ။ အသက်၁၆နှစ်အရွယ် developer လေးရဲ့ကျေးဇူးနဲ့ iMessages ကို iOS ရော Android မှာပါ အသုံးပြုနိုင်နေပါပြီ။ ဒီလိုအသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ WeMessage လေးကို Mac မှာ proxy အနေနဲ့အသုံးပြုပြီးတော့ Apple ရဲ့ messaging server ကို ဖုန်းကနေတိုက်ရိုက် မက်ဆေ့ချ်ပို့ဖို့အတွက် လုပ်ဆောင်ရမှာပါ။
Android သုံးစွဲသူတွေဟာ iPhone အသုံုးပြုတဲ့မိတ်ဆွေတွေနဲ့ ချိတ်ဆက်ဖို့အတွက် hack နဲ့ exploit အတော်များများကို အသုံးပြုပြီးတော့ လုပ်ဆောင်ခဲ့ကြပေမယ့်လည်း Apple ရဲ့ terms and services ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဆုံးသတ်မလှခဲ့ကြပါဘူူး။ WeMessage ရဲ့နောက်ကွယ်ကနည်းပညာကတော့ Apple ရဲ့ လက်ရှိပေါ်လစီတွေကို ချိုးဖောက်ထားခြင်းမရှိတဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း လှည့်စားချက်တစ်ခုကိုလုပ်ဖို့အတွက် Mac ကို အသုံးပြုရပါလိမ့်မယ်။
iMessages ကို Android မှာ အသုံးပြုဖို့အတွက် Mac တစ်လုံးရှိရမှာဖြစ်ပြီးတော့ သင့်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုဖူးခြင်းလည်း ရှိရမှာပါ။ ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
WeMessage ကို သင့်ရဲ့ကွန်ပျူတာမှာ နေရာချခြင်း
ကွန်ပျူတာပိုင်းကို ကျွန်တော်တို့ အရင်စလိုက်ရအောင်လား။ ပထမဆုံးအနေနဲ့ သင့်ရဲ့ MacOS မှာ Java သွင်းထားသလားဆိုတာ စစ်ဆေးကြည့်ရမှာဖြစ်ပါတယ်။ Java သွင်းပြီးသားဖြစ်နိုင်ပေမယ့်လည်း မသွင်းရသေးဘူးဆိုရင်တော့ Oracle ရဲ့ website ကနေ အခမဲ့ဒေါင်းလုတ်ရယူနိုင်ပါတယ်။ သွင်းပြီးတာနဲ့ Terminal ကို ကွန်ပျူတာမှာပြောင်းလဲပြင်ဆင်မှုတွေလုပ်ဖို့ ခွင့်ပေးရမှာပါ။ Terminal ဆိုတာကတော့ command line program တစ်ခုဖြစ်ပြီး Mac မှာ default ပါပြီးသားပါ။ ဒီတော့ အေးဆေးပါပဲ။ အသုံးပြုခွင့်လေးပေးလိုက်တဲ့သဘောပါ။
ဒီလိုလုပ်ဖို့အတွက် System Preferences ကို သွားပြီးတော့ Security and Privacy tab လေးကို ရွေးလိုက်ပါ။ ပြီးရင် Privacy ကို နှိပ်ပြီးတော့ Accessibility ကိုရွေး၊ window ရဲ့ ဘယ်ဘက်အောက်နားလေးက lock icon လေးကိုနှိပ်လိုုက်ပါ။ ဒါလေးက settings မှာ ပြောင်းလဲမှုတွေလုပ်ဖို့ ခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ password ကို ရိုက်လိုက်ပြီး addition sign လေးကိုနှိပ်၊ Terminal ကို ထည့်ပေးလိုက်ပါ။ Terminal ကတော့ Utilities folder ထဲက Applications အောက်မှာ ရှိပါတယ်။
နောက်တစ်ဆင့်ကတော့ WeServer ကို ဒေါင်းလုတ်ဆွဲလိုက်ပါ။ WeServer ကတော့ ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ပေးမှာဖြစ်ပြီးတော့ iMessage အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမှာပါ။ ပြီးသွားတာနဲ့ .zip file လေးကိုဖွင့်ပြီးတော့ “run.command” လေးကို ရွေးလိုက်ပါ။ the program is from an “unidentified developer” လို့ မက်ဆေ့ချ်လေးမြင်ရင်တော့ System Preferences ကိုသွားပြီးတော့ Security & Privacy ကိုရွေး၊ General Tab ကို သွားလိုက်ပါ။ ညာဘက်ထောင့်နားက Open Anyway button လေးကို နှိပ်လိုက်ပါ။ သူကတော့ “Allow apps downloaded from” ဆိုတဲ့နေရာလေးထဲမှာ တွေ့မြင်နိုင်ပါတယ်။
ဒါပြီးရင်တော့ Terminal ဆီကိုပြန်သွားလိုက်ပါ။ program လေးက ပွင့်လာမှာဖြစ်ပြီးတော့ email နဲ့ password တောင်းပါလိမ့်မယ်။ iMessage account နဲ့ သက်ဆိုင်တဲ့ email ဖြစ်ရပါမယ်။ ဒါပေမယ့်လည်း password ကတော့ Apple ID နဲ့သက်ဆိုင်စရာမလိုပါဘူး။
Server ကို activate လုပ်ပြီးတာနဲ့ သင့်ရဲ့ public IP address က ဘာလဲဆိုတာသိအောင်လုပ်ပြီးတော့ router နဲ့ port ချိတ်ပေးရမှာပါ။ IP address ကို အလွယ်ဆုံးသိနိုင်မယ့်နည်းလမ်းကတော့ “what is my IP” ဆိုတာလေးကို Google မှာ ရိုက်လိုက်ပါ။ ဒါပေမယ့် port forwarding လုပ်တာကတော့ သင်သုံးနေတဲ့ router အမျိုးအစားပေါ်မှာမူတည်ပြီးတော့ ကွဲပြားသွားမှာပါ။ ဗွီဒီယိုထဲမှာဆိုရင်တော့ FIOS router ကို အသုံးပြုပြီး လုပ်ဆောင်ထားပါတယ်။ ဒါပေမယ့်လည်း သင်ကတော့ တစ်နည်းအသုံုးပြုဖို့များနေပါတယ်။
ပြီးရင်တော့ Android ဖုန်းဘက်ကို အာရုံလေးစိုက်ရအောင်။
ဖုန်းမှာ WeMessage အတွက် နေရာချခြင်း
WeMessage app လေးကို ဖုန်းမှာ ဒေါင်းလုတ်ဆွဲလိုက်ပါ။ IP address ၊ email ၊ password ကိုတောင်းတဲ့အခါ ကွန်ပျူတာမှာ ထည့်ခဲ့တဲ့အတိုင်း တဝေမသိမ်း ထည့်ပေးရမှာပါ။ ကွန်ပျူတာနဲ့ ဖုန်းကြား contacts တွေကို ဖတ်နေတဲ့အချိန် ခဏလေးစောင့်ပေးရမှာပါ။ ဒီတော့ လူတိုင်းရဲ့ဖုန်းနံပါတ်နဲ့ email တွေကို မှတ်မိနေစရာမလိုအပ်တော့ပါဘူး။ ဒီလိုလုပ်ဖို့အတွက်ဆိုရင် Sync Contacts ခလုတ်လေးကို နှိပ်လိုက်ပါ။ pop-up window လေးတက်လာပြီးတော့ Terminal က contacts တွေကို အသုံးပြုချင်ပါတယ်လို့ ခွင့်တောင်းပါလိမ့်မယ်။
အပေါင်းလေးကိုနှိပ်ပြီးတော့ စကားစပြောလိုက်ရအောင် ဒါမှမဟုတ် main page မှာရှိတဲ့ conversations တွေထဲက တစ်ခုကိုဝင်လိုက်ပါ။ သတိထားရမှာက ကွန်ပျူတာကို ဖွင့်ထားရမှာပါ။ Terminal ရော iMessage ပါ run ထားရမှာဖြစ်ပါတယ်။ ကော်နက်ရှင်ပြတ်သွားရင်တော့ မက်ဆေ့ချ်ပို့လို့ရမှာ မဟုတ်ပါဘူး။ WeMessage မှာ queue feature မရှိတဲ့အတွက်ကြောင့် လိုင်းကောင်းမှပို့ပေးတဲ့ feature မရှိပါဘူး။ လိုင်းကောင်းရင်ပို့မယ်။ မကောင်းရင် မပို့ပါဘူး။ ဒီတော့ လိုင်းကိုငြိမ်နေအောင်ထားဖို့ကလွဲပြီး ဘာမှလုပ်ပေးစရာမလိုပါဘူး။
အခုတော့ Google က iMessage ကိုပြိုင်ဖို့ ထုတ်ပေးတော့မယ်ဆိုတဲ့ ကောလဟာလ မှန်ပါစေလို့ပဲ ဆုတောင်းရုံပေါ့။
အဆင်ပြေကြပါစေ။

Leave a Reply