ေမလေႏွာင္းပိုင္းမွာ ထြက္ရွိလာမယ့္ ဘတ္ထရီအၾကီးစားနဲ႕ Oukitel K7 စမတ္ဖုန္း

0
1937

Zawgyi Version

ျပီးခဲ့တဲ့အပတ္တုန္းက Oukitel က သူ႕ရဲ႕ 10,000mAh ဘတ္ထရီကို အသံုးျပဳထားတဲ့ K7 ကုိ ေၾကညာခဲ့ပါတယ္။ အဲဒီဟန္းဆက္ကို ေမလေႏွာင္းပိုင္း ဒါမွမဟုတ္ ဂၽြန္လအေစာပိုင္းမွာ ထြက္ရွိေပးႏုိင္ဖို႕ ေမွ်ာ္မွန္းထားပါတယ္။ အေသးစိတ္္အခ်က္အလက္ေတြကေတာ့ အေစာၾကီးကတည္းက ထြက္လာခဲ့တာမို႕ အျပည့္အစံုေျပာျပေပးသြားမွာပါ။ Oukitel က သူ႕ရဲ႕ subscription promotion ေလးကိုလည္း K7 အတြက္လုပ္ေဆာင္ေပးထားဦးမွာပါ။ ၾကိဳတင္ေအာ္ဒါမွာယူသူေတြအေနနဲ႕ coupon code ေလးတစ္ခုကိုသံုးျပီး ဒစ္စေကာင့္ရႏုိင္ပါတယ္။ ကံေကာင္းတဲ့ subscriber သံုးဦးကေတာ့ Oukitel K7 ကို $99.99 နဲ႕ ၀ယ္ယူႏုိင္မွာျဖစ္ပါတယ္။

Oukitel K7 ရဲ႕ အခ်က္အလက္မ်ား

Oukitel K7 မွာ ၆လက္မ ၊ 18:9 FHD+ display ၊ 2.5D glass တို႕ကို အသံုးျပဳထားပါတယ္။ အေနာက္ပိုင္းကိုေတာ့ လယ္သာနဲ႕ဖုန္းအုုပ္ထားျပီးေတာ့ screen ရဲ႕ အေပၚနဲ႕ေအာက္မွာ ေရႊလိုင္းေလးေတြ ထည့္သြင္းေပးထားပါတယ္။ MediaTek MT6750 octa-core processor နဲ႕ အားျဖည့္ထားျပီးေတာ့ 4/64GB RAM/ROM ကို အသံုးျပဳထားပါတယ္။ ၾကံ႕ခိုင္တဲ့ဖုန္းတစ္လံုးျဖစ္ေပမယ့္္ performer ေကာင္းတစ္ေယာက္ေတာ့ မဟုတ္ေလာက္ပါဘူး။ 10,000mAh ဘတ္ထရီအျပင္ K7 က 9V/2A အားအျမန္သြင္းစနစ္ကိုလည္း ထည့္သြင္းေပးထားပါတယ။္ ဒါေၾကာင့္ သူ႕ကို သံုးနာရီနဲ႕ အားျပည့္ေစမွာပါ။ 13/2MP dual-sensor ကို အေနာက္ဘက္ကင္မရာအတြက္ အသံုးျပဳထားျပီး အေရွ႕ဘက္မွာေတာ့ 5MP selfie ကို အသံုးျပဳထားပါတယ္။ အေပၚမွာေျပာထားသလိုပဲ Android 8.1 ကို တန္းျပီးအသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

K7 ကို $180 နဲ႕ ေရာင္းခ်မယ္လုိ႕ သိရပါတယ္။ ေမလ၃၁ရက္ေန႕အထိ coupon code ေလးေတြကို ထုတ္ေပးသြားမွာျဖစ္ျပီးေတာ့ ဘယ္ေလာက္ေလွ်ာ့ေပးမလဲဆိုတာကေတာ့ မသိေသးပါဘူး။ ဒီေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦး။

Unicode Version

ပြီးခဲ့တဲ့အပတ်တုန်းက Oukitel က သူ့ရဲ့ 10,000mAh ဘတ်ထရီကို အသုံးပြုထားတဲ့ K7 ကို ကြေညာခဲ့ပါတယ်။ အဲဒီဟန်းဆက်ကို မေလနှောင်းပိုင်း ဒါမှမဟုတ် ဂျွန်လအစောပိုင်းမှာ ထွက်ရှိပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အသေးစိတ်အချက်အလက်တွေကတော့ အစောကြီးကတည်းက ထွက်လာခဲ့တာမို့ အပြည့်အစုံပြောပြပေးသွားမှာပါ။ Oukitel က သူ့ရဲ့ subscription promotion လေးကိုလည်း K7 အတွက်လုပ်ဆောင်ပေးထားဦးမှာပါ။ ကြိုတင်အော်ဒါမှာယူသူတွေအနေနဲ့ coupon code လေးတစ်ခုကိုသုံးပြီး ဒစ်စကောင့်ရနိုင်ပါတယ်။ ကံကောင်းတဲ့ subscriber သုံးဦးကတော့ Oukitel K7 ကို $99.99 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Oukitel K7 ရဲ့ အချက်အလက်များ
Oukitel K7 မှာ ၆လက်မ ၊ 18:9 FHD+ display ၊ 2.5D glass တို့ကို အသုံးပြုထားပါတယ်။ အနောက်ပိုင်းကိုတော့ လယ်သာနဲ့ဖုန်းအုုပ်ထားပြီးတော့ screen ရဲ့ အပေါ်နဲ့အောက်မှာ ရွှေလိုင်းလေးတွေ ထည့်သွင်းပေးထားပါတယ်။ MediaTek MT6750 octa-core processor နဲ့ အားဖြည့်ထားပြီးတော့ 4/64GB RAM/ROM ကို အသုံးပြုထားပါတယ်။ ကြံ့ခိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပေမယ့် performer ကောင်းတစ်ယောက်တော့ မဟုတ်လောက်ပါဘူး။ 10,000mAh ဘတ်ထရီအပြင် K7 က 9V/2A အားအမြန်သွင်းစနစ်ကိုလည်း ထည့်သွင်းပေးထားပါတယ။် ဒါကြောင့် သူ့ကို သုံးနာရီနဲ့ အားပြည့်စေမှာပါ။ 13/2MP dual-sensor ကို အနောက်ဘက်ကင်မရာအတွက် အသုံးပြုထားပြီး အရှေ့ဘက်မှာတော့ 5MP selfie ကို အသုံးပြုထားပါတယ်။ အပေါ်မှာပြောထားသလိုပဲ Android 8.1 ကို တန်းပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
K7 ကို $180 နဲ့ ရောင်းချမယ်လို့ သိရပါတယ်။ မေလ၃၁ရက်နေ့အထိ coupon code လေးတွေကို ထုတ်ပေးသွားမှာဖြစ်ပြီးတော့ ဘယ်လောက်လျှော့ပေးမလဲဆိုတာကတော့ မသိသေးပါဘူး။ ဒီတော့ ဆက်လက်စောင့်မျှော်ပေးကြပါဦး။

Leave a Reply