vivo X21i ရဲ႕ေစ်းႏႈန္းနဲ႔ အခ်က္အလက္မ်ားထြက္ေပၚလာ

0
1815

လြန္ခဲ့တဲ့၂ရက္ေလာက္ Geekbench နဲ႔  TENAA  မွာ Vivo X21i ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ Specs မ်ားဟာ အျခား X Models မ်ားနဲ႔ ဆင္တူပါတယ္။ အခုေတာ့ Vivo ရဲ႕အသစ္ထြက္မယ့္ စမတ္ဖုန္းအတြက္ ပိုေသခ်ာတဲ့ အခ်က္အလက္ေတြကို တရုတ္ဆက္သြယ္ေရးဝက္ဘ္ဆိုက္မွာ ျမင္လိုက္ရၿပီျဖစ္ပါတယ္။

Display ပိုင္းမွာ  6.28 လက္မနဲ႔ျဖစ္ၿပီး FHD+ 1080 x 2280 နဲ႔လာမွာျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းမွာေတာ့ MediaTek Helio P60 12nm  (4x 2.0 GHz Cortex A73 + 4x 2.0 GHz Cortex A53) နဲ႔ ARM Mali-G72 MP3 GPU ကိသုံးလာပါလိမ့္မယ္။ 6GBRAM မွာ အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းအတြက္ 64GB ျဖစ္ၿပီး microSD card ကိုသုံးၿပီး 256GB အထိတိုးျမင့္ႏိုင္ပါလိမ့္မယ္။

ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 12MP + 5MP Dual သုံးထားမွာျဖစ္ၿပီး၊ အေရွ႕ဘက္ကင္မရာကိုေတာ့ Selfie အရည္အေသြးျမင့္ 24MP ကိုတပ္ဆင္ထားမွာပါ။ OSကိုေတာ့ Android 8.1အေျချပဳ Funtouch OS 4.0 ကိုတပါတည္းထည့္သြင္းေပးထားမွာျဖစ္ၿပီး အရြယ္အစားကေတာ့ 154.37 x 74.98 x 6.99 mm ရွိမွာပါ။

အေလးခ်ိန္ 159g ရွိၿပီး ဘက္ထရီစြမ္းအား  3,170 mAh ျဖစ္ကာ 3.5 mm headphone jack ကိုသုံးထားမွာပါ။ အေရာင္အေနနဲ႔ကေတာ့ Ruby Red, Aurora White, Polar Night Black ဆိုၿပီးေရြးခ်ယ္ႏိုင္ပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ 2,698 ($426)  က်သင့္ႏိုင္္ၿပီး တရုတ္မွာယခုလ၁၉ရက္ေန႔မွာ မိတ္ဆက္ႏိုင္ပါတယ္။

Unicode Version

လွန်ခဲ့တဲ့၂ရက်လောက် Geekbench နဲ့  TENAA  မှာ Vivo X21i ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ Specs များဟာ အခြား X Models များနဲ့ ဆင်တူပါတယ်။ အခုတော့ Vivo ရဲ့အသစ်ထွက်မယ့် စမတ်ဖုန်းအတွက် ပိုသေချာတဲ့ အချက်အလက်တွေကို တရုတ်ဆက်သွယ်ရေးဝက်ဘ်ဆိုက်မှာ မြင်လိုက်ရပြီဖြစ်ပါတယ်။

Display ပိုင်းမှာ  6.28 လက်မနဲ့ဖြစ်ပြီး FHD+ 1080 x 2280 နဲ့လာမှာဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ MediaTek Helio P60 12nm  (4x 2.0 GHz Cortex A73 + 4x 2.0 GHz Cortex A53) နဲ့ ARM Mali-G72 MP3 GPU ကိသုံးလာပါလိမ့်မယ်။ 6GBRAM မှာ အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 64GB ဖြစ်ပြီး microSD card ကိုသုံးပြီး 256GB အထိတိုးမြင့်နိုင်ပါလိမ့်မယ်။

ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 12MP + 5MP Dual သုံးထားမှာဖြစ်ပြီး၊ အရှေ့ဘက်ကင်မရာကိုတော့ Selfie အရည်အသွေးမြင့် 24MP ကိုတပ်ဆင်ထားမှာပါ။ OSကိုတော့ Android 8.1အခြေပြု Funtouch OS 4.0 ကိုတပါတည်းထည့်သွင်းပေးထားမှာဖြစ်ပြီး အရွယ်အစားကတော့ 154.37 x 74.98 x 6.99 mm ရှိမှာပါ။

အလေးချိန် 159g ရှိပြီး ဘက်ထရီစွမ်းအား  3,170 mAh ဖြစ်ကာ 3.5 mm headphone jack ကိုသုံးထားမှာပါ။ အရောင်အနေနဲ့ကတော့ Ruby Red, Aurora White, Polar Night Black ဆိုပြီးရွေးချယ်နိုင်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ ယွမ် 2,698 ($426)  ကျသင့်နိုင်ပြီး တရုတ်မှာယခုလ၁၉ရက်နေ့မှာ မိတ်ဆက်နိုင်ပါတယ်။

Leave a Reply