ဇြန္လ၇ ရက္ေန႔မွာ မိတ္ဆက္ေတာ့မယ့္ BLACKBERRY KEY2 ဖုန္း

0
1665

Blackberry အေနနဲ႔သိပ္မၾကာေတာ့မယ့္ အခ်ိန္မွာ Blackberry KeyOne ရဲ႕မ်ိဳးဆက္သစ္ဖုန္းလို႔ သတ္မွတ္ႏုိင္တဲ့ Key2 စမတ္ဖုန္းကို မိတ္ဆက္ေတာ့မွာ ျဖစ္ပါတယ္။ QWERTY ကီးဘုတ္ထည့္သြင္းထားတဲ့ KeyOne ဖုန္းဟာ ေအာင္ျမင္မႈ သိပ္ရရွိခဲ့ျခင္းမရွိေပမယ့္လည္း Blackberry အေနနဲ႔မ်ိဳးဆက္သစ္ဖုန္းကို ထပ္ထုတ္သြားအုံးမွာပါ။ BlackBerry Mobile ရဲ႕ Twitter account ကေနၿပီးေတာ့ အသစ္ထြက္မယ္ဖုန္းရဲ႕ ရက္စြဲကိုေၾကညာခဲ့တာ ျဖစ္ပါတယ္။ BlackBerry Key2 ဖုန္းကိုဇြန္လ(၇)ရက္ေန႔ နယူးေယာက္မွာ မိတ္ဆက္ေတာ့မယ့္ အသိေပးဖိတ္စာကို တင္လိုက္တာ ျဖစ္ပါတယ္။

Blackberry Key2 ဖုန္းနဲ႔ပတ္သတ္လို႔ မ်ားျပားလွတဲ့ ေကာလဟလေတြ ထြက္ရွိေနတာေတြ အဆုံးသတ္ေတာ့မွာ ျဖစ္ပါတယ္။ ဒီဖုန္းဟာ WI-FI ALLIANCE  နဲ႔ BLUETOOTH SIG ကေနအသိအမွတ္ျပဳမႈကိုလည္း ရရွိထားၿပီျဖစ္ပါတယ္။ မတူညီတဲ့ ေမာ္ဒယ္နံပတ္၃မ်ိဳးနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး  BBF100-6, BBF100-2 နဲ႔ BBF100-1 လို႔မွတ္ပုံတင္ထားပါတယ္။ Android 8.0 Oreo တစ္ပါတည္း ထည့္သြင္းေပးထားမွာျဖစ္ၿပီး Wi-Fi ကြန္ရက္ဟာ 2.4GHz နဲ႔ 5GHz ၂မ်ိဳးလုံးမွာအလုပ္လုပ္ပါလိမ့္မယ္။

ဒီဇုိင္းနဲ႔မ်က္ႏွာျပင္ပိုင္းမွာ ယခင္မ်ိဳးဆက္နဲ႔ တူညီႏိုင္ၿပီး QWERTY ရဲ႕ပုံစံကိုေတာ့ အနုညး္ငယ္အေျပာင္းအလဲ လုပ္ႏုိင္ပါတယ္။ dual camera setup နဲ႔ျဖစ္ၿပီး dual-LED flash တပ္ဆင္ထားမွာပါ။ ကင္မရာရဲ႕အရည္အေသြးကိုေတာ့ မသိရေသးပါဘူး။ 4.5in 1620×1080 display မွာOcta-core Qualcomm Snapdragon 660 ပရိုဆက္ဆာ၊6GBRAM နဲ႔အတူ 64GB storage ပါဝင္မွာျဖစ္ပါတယ္။ ေစ်းႏႈန္းကိုေတာ့ တိက်စြာထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။

Unicode Version

Blackberry အနေနဲ့သိပ်မကြာတော့မယ့် အချိန်မှာ Blackberry KeyOne ရဲ့မျိုးဆက်သစ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Key2 စမတ်ဖုန်းကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ QWERTY ကီးဘုတ်ထည့်သွင်းထားတဲ့ KeyOne ဖုန်းဟာ အောင်မြင်မှု သိပ်ရရှိခဲ့ခြင်းမရှိပေမယ့်လည်း Blackberry အနေနဲ့မျိုးဆက်သစ်ဖုန်းကို ထပ်ထုတ်သွားအုံးမှာပါ။ BlackBerry Mobile ရဲ့ Twitter account ကနေပြီးတော့ အသစ်ထွက်မယ်ဖုန်းရဲ့ ရက်စွဲကိုကြေညာခဲ့တာ ဖြစ်ပါတယ်။ BlackBerry Key2 ဖုန်းကိုဇွန်လ(၇)ရက်နေ့ နယူးယောက်မှာ မိတ်ဆက်တော့မယ့် အသိပေးဖိတ်စာကို တင်လိုက်တာ ဖြစ်ပါတယ်။

Blackberry Key2 ဖုန်းနဲ့ပတ်သတ်လို့ များပြားလှတဲ့ ကောလဟလတွေ ထွက်ရှိနေတာတွေ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ WI-FI ALLIANCE  နဲ့ BLUETOOTH SIG ကနေအသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီဖြစ်ပါတယ်။ မတူညီတဲ့ မော်ဒယ်နံပတ်၃မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး  BBF100-6, BBF100-2 နဲ့ BBF100-1 လို့မှတ်ပုံတင်ထားပါတယ်။ Android 8.0 Oreo တစ်ပါတည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး Wi-Fi ကွန်ရက်ဟာ 2.4GHz နဲ့ 5GHz ၂မျိုးလုံးမှာအလုပ်လုပ်ပါလိမ့်မယ်။

ဒီဇိုင်းနဲ့မျက်နှာပြင်ပိုင်းမှာ ယခင်မျိုးဆက်နဲ့ တူညီနိုင်ပြီး QWERTY ရဲ့ပုံစံကိုတော့ အနုည်းငယ်အပြောင်းအလဲ လုပ်နိုင်ပါတယ်။ dual camera setup နဲ့ဖြစ်ပြီး dual-LED flash တပ်ဆင်ထားမှာပါ။ ကင်မရာရဲ့အရည်အသွေးကိုတော့ မသိရသေးပါဘူး။ 4.5in 1620×1080 display မှာOcta-core Qualcomm Snapdragon 660 ပရိုဆက်ဆာ၊6GBRAM နဲ့အတူ 64GB storage ပါဝင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ တိကျစွာထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

Leave a Reply