COMPUTEX 2018 မွာျမင္ေတြ႕ရဖို႔ရွိေနတဲ့ ASUS ROG GAMING စမတ္ဖုန္း

0
1700

စမတ္ဖုန္း ထုတ္လုပ္သူေတြဟာ သူတို႔ကုမၸဏီကထုတ္တဲ့ဖုန္းေတြ ေရာင္းအားေကာင္းေစဖို႔အတြက္ အိုင္ဒီယာေပါင္းမ်ားစြာကို စဥ္းစားလာၾကပါတယ္။ လတ္တေလာကေတာ့ AI ပါတဲ့ဖုန္းေတြပဲ ျဖစ္ပါတယ္။ ဒီလုိထုတ္လုပ္ေနရင္းနဲ႔ စမတ္ဖုန္းေပၚမွာ ဂိမ္းအျမင့္ေတြ ကစားႏုိင္ေစဖို႔အတြက္Gaming စမတ္ဖုန္းေတြပါ ထုတ္လုပ္လာၾကပါတယ္။ Gaming စမတ္ဖုန္းေစ်းကြက္ထဲကို ထိုင္ဝမ္စမတ္ဖုန္းကုမၸဏီ Asus က ROG brand နဲ ့ဂိမ္းဖုန္းသစ္နဲ႔ ဝင္ေရာက္လာေတာ့မွာျဖစ္ပါတယ္။

Razerရဲ႕ ပထမဆုံး Gaming ဖုန္းေစ်းကြက္ထဲမွာ ေအာင္ျမင္မႈရၿပီးေနာက္ပိုင္း တရုတ္ဖုန္းကုမၸဏီေတြ ျဖစ္တဲ့ Xiaomi ( Black Shark )နဲ ့ ZTE(nubia Red Magic) တို ့ကလည္း ကိုယ္ပိုင္နည္းပညာနဲ ့ဂိမ္းဖုန္းေတြ လုိက္ထုတ္ခဲ့ပါတယ္။ ASUS ရဲ႕ CEO ျဖစ္တဲ့ Shen Zhenlai က Asustek အေနနဲ႔ COMPUTEX 2018 မွာ ဂိမ္းအတြက္ရည္ရြယ္တဲ့ စမတ္ဖုန္းတစ္လုံးမိတ္ဆက္သြားေတာ့မွာ ျဖစ္တယ္လို႔ တရားဝင္ေျပာၾကားခဲ့တာပါ။

Republic of Gamers ကို ROG လို ့အတိုေကာက္ေခၚထားတဲ့ ဒီဖုန္းဟာ Asus ရဲ့ ပထမဆံုး ဂိမ္းဖုန္းျဖစ္ျပီး Gaming စမတ္ဖုန္းေတြရဲ႕ Trend အတိုင္း အဆင့္ျမင့္ စြမ္းေဆာင္ရည္ ေတြနဲ ့လာမွာပါ။ ROG phone သစ္ဟာ ဂိမ္းဖုန္းေတြရဲ့ဟန္အတိုင္း flagship ပရိုဆက္ဆာ ျဖစ္တဲ့ Snapdragon 845 chipset ကိုမွ အနည္းဆံုး RAM 6GB ဗားရွင္းကို သံုးသြားဖို ့ရိွပါတယ္။ အျမင့္ဗားရွင္းမွာေတာ့ Xiaomi Black shark လိုပဲ RAM 8GB ကိုမွ storage အျမင့္စားနဲ ့လာဖို ့လည္း မ်ားပါတယ္။

ကြန္ပ်ဴတာေတြကို အဓိကထုတ္တဲ့ Asus ဟာ ROG phone အေၾကာင္း အေသးစိတ္ ဘာမွ မေျပာေသးဘဲ ေရငံုႏႈတ္ပိတ္ထားတဆဲပါ။ ဒီဖုန္းမွာ ဘယ္လို GPU သစ္ေတြ ၊ စြမ္းေဆာင္ရည္သစ္ေတြနဲ ့feature သစ္ေတြ ပါမလဲဆိုတာ အခုခ်ိန္ထိေတာ့ ေျပာလို ့မရေသးပါဘူး။ သတင္းတစ္ခုကေတာ့ ဒီဖုန္းဟာ refresh rate မွာ120Hz(သို႔) 144Hz screen ထိ သံုးသြားမယ္လို ့ဆိုပါတယ္။ Razer phone မွာက 120Hz screen ကို စသံုးထားပါတယ္။ ခန္႔မွန္း သတင္းမ်ားအရ Asus က ဇြန္လ ၅ ရက္နဲ႔ ၉ ရက္ေန႔အတြင္းမွာ ထိုင္၀မ္တြင္ က်င္းပမယ့္ Computex ပြဲမွာ အဲဒီ ဂိမ္း စမတ္ဖုန္းကို မိတ္ဆက္မယ္လို႔ သိရပါတယ္။

Unicode Version

စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ သူတို့ကုမ္ပဏီကထုတ်တဲ့ဖုန်းတွေ ရောင်းအားကောင်းစေဖို့အတွက် အိုင်ဒီယာပေါင်းများစွာကို စဉ်းစားလာကြပါတယ်။ လတ်တလောကတော့ AI ပါတဲ့ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်နေရင်းနဲ့ စမတ်ဖုန်းပေါ်မှာ ဂိမ်းအမြင့်တွေ ကစားနိုင်စေဖို့အတွက်Gaming စမတ်ဖုန်းတွေပါ ထုတ်လုပ်လာကြပါတယ်။ Gaming စမတ်ဖုန်းဈေးကွက်ထဲကို ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီ Asus က ROG brand နဲ့ဂိမ်းဖုန်းသစ်နဲ့ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

Razerရဲ့ ပထမဆုံး Gaming ဖုန်းဈေးကွက်ထဲမှာ အောင်မြင်မှုရပြီးနောက်ပိုင်း တရုတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi ( Black Shark )နဲ့ ZTE(nubia Red Magic) တို့ကလည်း ကိုယ်ပိုင်နည်းပညာနဲ့ဂိမ်းဖုန်းတွေ လိုက်ထုတ်ခဲ့ပါတယ်။ ASUS ရဲ့ CEO ဖြစ်တဲ့ Shen Zhenlai က Asustek အနေနဲ့ COMPUTEX 2018 မှာ ဂိမ်းအတွက်ရည်ရွယ်တဲ့ စမတ်ဖုန်းတစ်လုံးမိတ်ဆက်သွားတော့မှာ ဖြစ်တယ်လို့ တရားဝင်ပြောကြားခဲ့တာပါ။

Republic of Gamers ကို ROG လို့အတိုကောက်ခေါ်ထားတဲ့ ဒီဖုန်းဟာ Asus ရဲ့ ပထမဆုံး ဂိမ်းဖုန်းဖြစ်ပြီး Gaming စမတ်ဖုန်းတွေရဲ့ Trend အတိုင်း အဆင့်မြင့် စွမ်းဆောင်ရည် တွေနဲ့လာမှာပါ။ ROG phone သစ်ဟာ ဂိမ်းဖုန်းတွေရဲ့ဟန်အတိုင်း flagship ပရိုဆက်ဆာ ဖြစ်တဲ့ Snapdragon 845 chipset ကိုမှ အနည်းဆုံး RAM 6GB ဗားရှင်းကို သုံးသွားဖို့ရှိပါတယ်။ အမြင့်ဗားရှင်းမှာတော့ Xiaomi Black shark လိုပဲ RAM 8GB ကိုမှ storage အမြင့်စားနဲ့လာဖို့လည်း များပါတယ်။

ကွန်ပျူတာတွေကို အဓိကထုတ်တဲ့ Asus ဟာ ROG phone အကြောင်း အသေးစိတ် ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်ထားတဆဲပါ။ ဒီဖုန်းမှာ ဘယ်လို GPU သစ်တွေ ၊ စွမ်းဆောင်ရည်သစ်တွေနဲ့feature သစ်တွေ ပါမလဲဆိုတာ အခုချိန်ထိတော့ ပြောလို့မရသေးပါဘူး။ သတင်းတစ်ခုကတော့ ဒီဖုန်းဟာ refresh rate မှာ120Hz(သို့) 144Hz screen ထိ သုံးသွားမယ်လို့ဆိုပါတယ်။ Razer phone မှာက 120Hz screen ကို စသုံးထားပါတယ်။ ခန့်မှန်း သတင်းများအရ Asus က ဇွန်လ ၅ ရက်နဲ့ ၉ ရက်နေ့အတွင်းမှာ ထိုင်ဝမ်တွင် ကျင်းပမယ့် Computex ပွဲမှာ အဲဒီ ဂိမ်း စမတ်ဖုန်းကို မိတ်ဆက်မယ်လို့ သိရပါတယ်။

Leave a Reply