Xiaomi MI7 ၈ႏွစ္ျပည့္ Edition ဖုန္းရဲ႕အခ်က္အလက္တခ်ိဳ႕ေပါက္ၾကား

0
1900

Xiaomi ရဲ႕အသစ္ထြက္လာမယ့္ စမတ္ဖုန္းျဖစ္တဲ့ Mi7 ထြက္ရွိလာဖုိ႔ ေစာင့္ေမွ်ာ္ေနရတာ အခ်ိန္အတိုင္းအတာတစ္ခုထိ ၾကာလာခဲ့ပါၿပီ။ ေနာက္ဆုံးထြက္လာတဲ့ သတင္းေတြမွာေတာ့ ယခုလကုန္မွာ ရရွိႏုိင္ေတာ့မယ္လို႔ ဆိုပါတယ္။ သူနဲ႔ပတ္သတ္တဲ့ အခ်က္အလက္အမ်ားစုလည္း ေပါက္ၾကားထြက္ေပၚထားပါတယ္။ ဖုန္းအသစ္ရဲ႕ ကာဘာဒီဇုိင္းနဲ႔ ဖန္သားျပင္ကာ ကြယ္တာမ်ိဳးေလးေတြပါ။ တရုတ္ဝက္ဘ္ဆိုက္တစ္ခုက ထပ္ထြက္လာတဲ့ သတင္းမွာေတာ့ Xiaomi ဟာ MI7 စမတ္ဖုန္းအျပင္ Xiaomi MI7 8th Anniversary edition ဖုန္းကိုပါ ထုတ္ေဖာ္မိတ္ဆက္သြားဖုိ႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Digitimes မီဒီယာရဲ႕အဆိုအရ Qualcomm ဟာ Android ဖုန္းေတြအတြက္ facial recognition နည္းပညာကို 3D Structured Light သုံးဖုိ႔ျပင္ဆင္အခ်ိန္ယူေနတာေၾကာင့္ အနည္းငယ္ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ျဖစ္ေနတာလို႔ ဆုိပါတယ္။ သူတို႕ရဲ႕ခန္႔မွန္းခ်က္အရ ၂၀၁၈ တတိယသုံးလပတ္ေလာက္မွာ ဒီနည္းပညာထြက္လာႏိုင္ေျခ ရွိတယ္လို႔ဆိုပါတယ္။ Mi ရဲ႕8th anniversary ဗားရွင္းထြက္လာခဲ့ရင္ 3D Structured Light နည္းပညာသုံးထားတဲ့ ပထမဆုံးျဖစ္လာမယ္လု႔ိ ဆိုပါတယ္။ တရုတ္စမတ္ဖုန္းထုတ္လုပ္သူ  OPPO အေနနဲ႔လည္း ယခုလ၁၀ရက္ေန႔က 3D face recognition လုပ္ေဆာင္ခ်က္ကို ေၾကျငာလိုက္ၿပီး ဘယ္ဖုန္းမွာ ထည့္သြင္းသြားမယ္ဆိုကိုေတာ့ ေျပာၾကားျခင္းမရွိခဲ့ပါဘူး။

Android ဖုန္းေတြမွာ ထည့္သြင္းသြားမယ့္ 3D fae recogntion လုပ္ေဆာင္ခ်က္ဟာ iPhone X မွာထည့္ထားတဲ့ face ID လုပ္ေဆာင္ခ်က္နဲ႔ဆင္တူပါလိမ္မယ္။  Xiaomi အေနနဲ႔ဖုန္းအသစ္၂မ်ိဳးလုံးရဲ႕ ထိပ္ဘက္မွာ notch ကိုအသုံးျပဳသြားႏုိင္ၿပီး Snapdragon 845 ပရိုဆက္ဆာနဲ႔အတူ RAM 8GB နဲ႔ထြက္ရွိလာႏုိင္ပါတယ္။ ေစ်းႏႈန္းကေတာ့ ပုံမွန္ဖုန္းေတြထက္ ႀကီးျမင့္ႏိုင္ပါတယ္။

Unicode Version

Xiaomi ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းဖြစ်တဲ့ Mi7 ထွက်ရှိလာဖို့ စောင့်မျှော်နေရတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာလာခဲ့ပါပြီ။ နောက်ဆုံးထွက်လာတဲ့ သတင်းတွေမှာတော့ ယခုလကုန်မှာ ရရှိနိုင်တော့မယ်လို့ ဆိုပါတယ်။ သူနဲ့ပတ်သတ်တဲ့ အချက်အလက်အများစုလည်း ပေါက်ကြားထွက်ပေါ်ထားပါတယ်။ ဖုန်းအသစ်ရဲ့ ကာဘာဒီဇိုင်းနဲ့ ဖန်သားပြင်ကာ ကွယ်တာမျိုးလေးတွေပါ။ တရုတ်ဝက်ဘ်ဆိုက်တစ်ခုက ထပ်ထွက်လာတဲ့ သတင်းမှာတော့ Xiaomi ဟာ MI7 စမတ်ဖုန်းအပြင် Xiaomi MI7 8th Anniversary edition ဖုန်းကိုပါ ထုတ်ဖော်မိတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Digitimes မီဒီယာရဲ့အဆိုအရ Qualcomm ဟာ Android ဖုန်းတွေအတွက် facial recognition နည်းပညာကို 3D Structured Light သုံးဖို့ပြင်ဆင်အချိန်ယူနေတာကြောင့် အနည်းငယ်နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတာလို့ ဆိုပါတယ်။ သူတို့ရဲ့ခန့်မှန်းချက်အရ ၂၀၁၈ တတိယသုံးလပတ်လောက်မှာ ဒီနည်းပညာထွက်လာနိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ Mi ရဲ့8th anniversary ဗားရှင်းထွက်လာခဲ့ရင် 3D Structured Light နည်းပညာသုံးထားတဲ့ ပထမဆုံးဖြစ်လာမယ်လု့ိ ဆိုပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူ  OPPO အနေနဲ့လည်း ယခုလ၁၀ရက်နေ့က 3D face recognition လုပ်ဆောင်ချက်ကို ကြေငြာလိုက်ပြီး ဘယ်ဖုန်းမှာ ထည့်သွင်းသွားမယ်ဆိုကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။

Android ဖုန်းတွေမှာ ထည့်သွင်းသွားမယ့် 3D fae recogntion လုပ်ဆောင်ချက်ဟာ iPhone X မှာထည့်ထားတဲ့ face ID လုပ်ဆောင်ချက်နဲ့ဆင်တူပါလိမ်မယ်။  Xiaomi အနေနဲ့ဖုန်းအသစ်၂မျိုးလုံးရဲ့ ထိပ်ဘက်မှာ notch ကိုအသုံးပြုသွားနိုင်ပြီး Snapdragon 845 ပရိုဆက်ဆာနဲ့အတူ RAM 8GB နဲ့ထွက်ရှိလာနိုင်ပါတယ်။ ဈေးနှုန်းကတော့ ပုံမှန်ဖုန်းတွေထက် ကြီးမြင့်နိုင်ပါတယ်။

 

Leave a Reply