Notch ကြောင့် Android P မှာ နာရီကိုနေရာပြောင်းမယ့် Google
0
1874
Zawgyi Version
Unicode Version
Google I/O 2018 မှာ ပရိသတ်တွေရဲ့ မေးခွန်းကိုဖြေတဲ့အချိန်မှာ Android P developer preview မှာ notch ကြောင့် နာရီကို နေရာပြောင်းမယ့်အစီအစဉ်လေးက အတည်ဖြစ်ကြောင်း ပြောသွားပါတယ်။
Android Oreo မှာတုန်းက နာရီလေးဟာ screen ရဲ့ ညာဘက်အခြမ်းမှာရှိနေပြီးတော့ Android P developer preview မှာတော့ ဘယ်ဘက်ကိုရောက်သွားပါပြီ။ “နာရီကိုပြောင်းလိုက်တဲ့အတွက်ကြောင့် Android ဖုန်းအားလုံးမှာ ထိပ်ပိုင်းကဘယ်လိုပဲဖြစ်နေပါစေ တူညီတဲ့ခံစားမှုကို ပေးစွမ်းနိုင်သွားပါတယ်။ ”
ဒါက အသေးစားပြောင်းလဲမှုဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့တစ်နှစ်လောက်က မရှိခဲ့တဲ့ notch လေးက Google ရဲ့ဒီဇိုင်းကို ပြောင်းလဲဖို့အတွက်စဉ်းစားအောင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့အချက်က စိတ်ဝင်စားစရာပါပဲ။
ဒီလိုလုပ်ဆောင်မှုကြောင့် Google ကလည်း သူ့ရဲ့ Pixel 3 မှာ notch ထည့်သွင်းမလားဆိုတဲ့အချက်ကိုလည်း စဉ်းစားစရာဖြစ်လာစေခဲ့ပါတယ်။ Google က သူ့ဖုန်းအတွက်လည်း operating system ကို ကောင်းကောင်းလုပ်မှာပါ။
Android P Developer Preview ထဲမှာ notch နဲ့သက်ဆိုင်နေတဲ့ အခြားပြောင်းလဲမှုတွေကတော့ developer တွေအနေနဲ့ notch ကို အပေါ်မှာထားမလား၊ အောက်မှာထားမလားဆိုတာ စဉ်းစားနိုင်ဦးမှာ ဖြစ်ပါတယ်။
Leave a Reply