ရွင္းလင္းျပတ္သားစြာ ျမင္ေတြရၿပီျဖစ္တဲ့ Nokia X စမတ္ဖုန္းပံုမ်ား

0
1873

ေန႔စဥ္နဲ႔ အမွ်စမတ္ဖုန္း အသစ္ေတြရဲ႕သတင္းေတြထြက္ေပၚလ်က္ရွိေနပါတယ္။ မေန႕ကေတာ့ Nokia X ရဲ႕ အခ်က္အလက္အားလံုးဟာ TENAA ကေန ထြက္ေပၚလာခဲ့ပါၿပီ။ ဒါ့အျပင္ ဖုန္းရဲ႕ဒီဇိုင္းအျပည့္အစံုကို အေသးစိတ္ေဖာ္ျပထားတဲ့ အရည္အေသြးျမင့္ ဓာတ္ပံုေတြလည္း ေပၚထြက္လာခဲ့ပါတယ္။

Nokia X ရဲ႕ ဓာတ္ပံုေတြဟာ ၅.၈ လက္မ (19:9 aspect ratio၊ 1080 x 2280 resolution) display ရဲ႕ ထိပ္ဘက္က notch တစ္ခုနဲ႔ အနည္းငယ္ထိုးထြက္ေနတဲ့ ေဒါင္လိုက္တပ္ထားတဲ့ dual-camera module ေတြကို အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ Nokia X ရဲ႕ေက်ာဘက္မွန္ဒီဇိုင္းကိုလည္း ျပသထားပါတယ္။

 ထြက္ေပၚထားတဲ့ အခ်က္အလက္ေတြအရNokia X ကိုပရိုဆက္ဆာ ၂မ်ိဳးနဲ႔ ထုတ္လုပ္လာႏုိင္ၿပီး တစ္မ်ိဳးမွာေတာ့ 12nm အေျချပဳ helio P60 ကိုသုံးထားမွာျဖစ္ၿပီး Cortex A73*4 နဲ႔ Cortex A53*4 ေပါင္းစပ္မႈMali-G72 MP3 GPU တို႔နဲ႔ေမာင္းႏွင္မွာျဖစ္ပါတယ္။ ေနာက္ထပ္ ပရိုဆက္ဆာကေတာ့ 14nm အေျချပဳ Snapdragon 636 နဲ႔ျဖစ္ၿပီး1.8GHz Octa core ျဖစ္ကာ Adreno 509 GPU နဲ႔ျဖစ္မွာပါ။
အခ်က္အလက္ေတြအရ Nokia X ဟာ mid-range စမတ္ဖုန္းေစ်းကြက္ကို ရည္ရြယ္ပါလိမ့္မယ္။Snapdragon 636 6GB+128GB နဲ႔ Helio P60 4GB+64GB ဗားရွင္းဆိုၿပီးထြက္လာပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းေပၚမူတည္ၿပီး2,000 ယြမ္( $333) နဲ႔ 2,500 ယြမ္( $416 ) က်သင့္ပါလိမ့္မယ္။
Nokia X ကို HMD Global က ေမလ ၁၆ ရက္မွာ တရားဝင္မိတ္ဆက္ေၾကညာသြားမွာ ျဖစ္ပါတယ္။

Unicode Version

နေ့စဉ်နဲ့ အမျှစမတ်ဖုန်း အသစ်တွေရဲ့သတင်းတွေထွက်ပေါ်လျက်ရှိနေပါတယ်။ မနေ့ကတော့ Nokia X ရဲ့ အချက်အလက်အားလုံးဟာ TENAA ကနေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် ဖုန်းရဲ့ဒီဇိုင်းအပြည့်အစုံကို အသေးစိတ်ဖော်ပြထားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

Nokia X ရဲ့ ဓာတ်ပုံတွေဟာ ၅.၈ လက်မ (19:9 aspect ratio၊ 1080 x 2280 resolution) display ရဲ့ ထိပ်ဘက်က notch တစ်ခုနဲ့ အနည်းငယ်ထိုးထွက်နေတဲ့ ဒေါင်လိုက်တပ်ထားတဲ့ dual-camera module တွေကို အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် Nokia X ရဲ့ကျောဘက်မှန်ဒီဇိုင်းကိုလည်း ပြသထားပါတယ်။

ထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရNokia X ကိုပရိုဆက်ဆာ ၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပြီး တစ်မျိုးမှာတော့ 12nm အခြေပြု helio P60 ကိုသုံးထားမှာဖြစ်ပြီး Cortex A73*4 နဲ့ Cortex A53*4 ပေါင်းစပ်မှုMali-G72 MP3 GPU တို့နဲ့မောင်းနှင်မှာဖြစ်ပါတယ်။ နောက်ထပ် ပရိုဆက်ဆာကတော့ 14nm အခြေပြု Snapdragon 636 နဲ့ဖြစ်ပြီး1.8GHz Octa core ဖြစ်ကာ Adreno 509 GPU နဲ့ဖြစ်မှာပါ။
အချက်အလက်တွေအရ Nokia X ဟာ mid-range စမတ်ဖုန်းဈေးကွက်ကို ရည်ရွယ်ပါလိမ့်မယ်။Snapdragon 636 6GB+128GB နဲ့ Helio P60 4GB+64GB ဗားရှင်းဆိုပြီးထွက်လာပါလိမ့်မယ်။ ဈေးနှုန်းကတော့ အချက်အလက်သိုလှောင်နိုင်စွမ်းပေါ်မူတည်ပြီး2,000 ယွမ်( $333) နဲ့ 2,500 ယွမ်( $416 ) ကျသင့်ပါလိမ့်မယ်။ Nokia X ကို HMD Global က မေလ ၁၆ ရက်မှာ တရားဝင်မိတ်ဆက်ကြေညာသွားမှာ ဖြစ်ပါတယ်။

Leave a Reply