iPhone SE 2 မွာ Notch ပါ၀င္လာႏုိင္လား

0
2055

Zawgyi Version

iPhone SE 2 အသစ္ထြက္ေတာ့မယ္လို႕ သတင္းသဲ့သဲ့ၾကားထားတယ္။ အဲဒီဟန္းဆက္မွာ အရင္က iPhone SE နဲ႕ဒီဇိုင္းကေတာ့ အတူတူျဖစ္ေလာက္တယ္။ ဒါေပမယ့္လည္း upgrade ေတာ့ လုုပ္ထားမွာပါ။

iPhone SE 2 ရဲ႕ ပံုရိပ္အၾကမ္းထည္ေလးေတြကေတာ့ အြန္လုိင္းေပၚမွာ တက္လာေနပါျပီ။ ဒီအၾကမ္းထည္ေလးကေတာ့ smartphone case ထုတ္လုပ္သူ Olixar ဆီကေနျဖစ္ပါတယ္။ အေပၚမွာျမင္ရသလိုပါပဲ။ 2018 iPhone SE အသစ္ေလးကေတာ့ iPhone X လိုမ်ိဳး notch ေလး ပါ၀င္လာမွာပါ။

စိတ္၀င္စားစရာပါပဲ။ ဒါေပမယ့္လည္း မျဖစ္ေလာက္ပါဘူး။ iPhone SE မွာ Face ID မပါ၀င္ေလာက္ပါဘူး ဒီေတာ့ notch ထည့္စရာအေၾကာင္းမွမရွိတာ။

ဒီလိုထည့္လုိက္မယ္ဆိုရင္ေတာ့ ဟန္းဆက္ရဲ႕ေစ်းႏႈန္းကိုၾကီးျမင့္သြားမွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ၃၄၉ေဒၚလာရွိပါတယ္။

iPhone SE ေလးမွာ ၾကိဳးမဲ့အားသြင္းစနစ္ပါ၀င္မယ္၊ processor အသစ္၊ RAM မ်ားမ်ားနဲ႕ ကင္မရာေကာင္းေကာင္းတို႕ပါ၀င္မယ္ဆိုျပီးေတာ့ ၾကားထားပါတယ္။ Apple A10 Fusion processor နဲ႕ အားျဖည့္ထားျပီးေတာ့ RAM က 2GB ေလာက္ ျဖစ္နုိင္ပါတယ္။

storage ကေတာ့ 32GB ၊ 64GB ျဖစ္ေလာက္မွာပါ။ FaceTime HD camera ကို အေရွ႕ဘက္မွာ ေတြ႕ျမင္ရမယ္လို႕ အမ်ားကေမွ်ာ္မွန္းထားၾကပါတယ္။ အေနာက္ဘက္မွာေတာ့ single 12 megapixel camera ထည့္ေစခ်င္ပါတယ္။

ေနာက္လမွာက်င္းပမယ့္ Worldwide Developer Conference မွာ ျပသသြားႏုိင္ေခ်ရွိေနပါတယ္။ အေသးစိတ္ထပ္မံသိရရင္ေတာ့ ေဖာ္ျပေပးပါဦးမယ္။

Unicode Version

iPhone SE 2 အသစ်ထွက်တော့မယ်လို့ သတင်းသဲ့သဲ့ကြားထားတယ်။ အဲဒီဟန်းဆက်မှာ အရင်က iPhone SE နဲ့ဒီဇိုင်းကတော့ အတူတူဖြစ်လောက်တယ်။ ဒါပေမယ့်လည်း upgrade တော့ လုုပ်ထားမှာပါ။
iPhone SE 2 ရဲ့ ပုံရိပ်အကြမ်းထည်လေးတွေကတော့ အွန်လိုင်းပေါ်မှာ တက်လာနေပါပြီ။ ဒီအကြမ်းထည်လေးကတော့ smartphone case ထုတ်လုပ်သူ Olixar ဆီကနေဖြစ်ပါတယ်။ အပေါ်မှာမြင်ရသလိုပါပဲ။ 2018 iPhone SE အသစ်လေးကတော့ iPhone X လိုမျိုး notch လေး ပါဝင်လာမှာပါ။
စိတ်ဝင်စားစရာပါပဲ။ ဒါပေမယ့်လည်း မဖြစ်လောက်ပါဘူး။ iPhone SE မှာ Face ID မပါဝင်လောက်ပါဘူး ဒီတော့ notch ထည့်စရာအကြောင်းမှမရှိတာ။
ဒီလိုထည့်လိုက်မယ်ဆိုရင်တော့ ဟန်းဆက်ရဲ့ဈေးနှုန်းကိုကြီးမြင့်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ၃၄၉ဒေါ်လာရှိပါတယ်။
iPhone SE လေးမှာ ကြိုးမဲ့အားသွင်းစနစ်ပါဝင်မယ်၊ processor အသစ်၊ RAM များများနဲ့ ကင်မရာကောင်းကောင်းတို့ပါဝင်မယ်ဆိုပြီးတော့ ကြားထားပါတယ်။ Apple A10 Fusion processor နဲ့ အားဖြည့်ထားပြီးတော့ RAM က 2GB လောက် ဖြစ်နိုင်ပါတယ်။
storage ကတော့ 32GB ၊ 64GB ဖြစ်လောက်မှာပါ။ FaceTime HD camera ကို အရှေ့ဘက်မှာ တွေ့မြင်ရမယ်လို့ အများကမျှော်မှန်းထားကြပါတယ်။ အနောက်ဘက်မှာတော့ single 12 megapixel camera ထည့်စေချင်ပါတယ်။
နောက်လမှာကျင်းပမယ့် Worldwide Developer Conference မှာ ပြသသွားနိုင်ချေရှိနေပါတယ်။ အသေးစိတ်ထပ်မံသိရရင်တော့ ဖော်ပြပေးပါဦးမယ်။

Leave a Reply