Geekbench ပေါ်မှာထွက်ပေါ်လာတဲ့ 6GB RAM နဲ့ Samsung Galaxy Note 9
0
1457
Zawgyi Version
Unicode Version
Samsung ဟာ ခေါက်စမတ်ဖုန်းအတွက် အလုပ်ရှုပ်နေတယ်ဆိုပေမယ့်လည်း အခြားစမတ်ဖုန်းလိုင်းတွေကိုလည်း ရပ်ပစ်ထားမှာ မဟုတ်ပါဘူူး။ Galaxy S9 နဲ့ S9+ ပြီးနောက်မှာတော့ Galaxy Note 9 ကို ရင်ခုန်ရမှာပါ။ တောင်ကိုရီးယားလုပ်ငန်းရှင်ကြီးက Note ဖုန်းအသစ်ကို သြဂုတ်လလောက်မှာ ပြသသွားနိုင်ပါတယ်။ အခုဆိုရင် Geekbench ပေါ်မှာ သတင်းတွေတက်လာပါပြီ။ Note 9 ကို benchmark site မှာ မြင်လိုက်ရပြီဆိုကတည်းက ထုတ်လုပ်ဖို့အတွက် စမ်းသပ်လိုက်တာဖြစ်ပါတယ်။
Samsung Galaxy Note 9 ကိုတော့ model number SM-N960U အနေနဲ့ သိထားပါတယ်။ 6GB RAM ၊ Qualcomm Snapdragon 845 processor နဲ့ Android 8.1 Oreo တို့ကို ဖော်ပြထားချက်ထဲမှာ တွေ့ရပါတယ်။ Single-core နဲ့ multi-core ရမှတ်တွေက Galaxy S9 နဲ့အတူတူလောက်ဖြစ်နေပြီးတော့ Snapdragon 845 chipset ကိုပဲ သုံးထားပါတယ်။
ဒီနံပါတ်တွေက နောက်ဆုံးအနေနဲ့လားဆိုတာ မသိရသေးပါဘူး။ Samsung အနေနဲ့ အချက်အလက်တွေ၊ feature တွေကို ပြန်ပြင်ချင်ရင် ပြင်ခွင့်ရှိနေပါသေးတယ်။ အခုမှထုတ်လုပ်မှုအကြိုလေးကို ရောက်နေတာဆိုတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ တစ်ခုပါပဲ။ Galaxy Note 9 ရဲ့ Exynos variant လေးကတော့ 8GB RAM အနေနဲ့ရောက်လာမယ်လို့ ပြောနေကြပါတယ်။
Galaxy Note 9 အတွက်ပြောဖို့ကတော့ စောလွန်းတယ်ဆိုတာ မရှိပါဘူး။ under-display sensor အသုံးပြုထားမလား၊ Android 8.1 Oreo ၊ S-Pen ကောင်းကောင်းတွေကို တွေ့မြင်ရလေမလား။ S9 ရောင်းအားတွေကျနေတယ်ဆိုတော့ စောစောထွက်လောက်မှာပါ။
Leave a Reply