Galaxy S9 ၊ iPhone X ၊ Pixel 2 တို့နဲ့အပြိုင်ကြဲမယ့် OnePlus 6 ကင်မရာ

0
1998

Zawgyi Version









Unicode Version

OnePlus 6 launch event ကတော့ ငါးရက်လောက်သာ လိုပါတော့တယ်။ ဒီတော့ သူ့ရဲ့ပုံရိပ်တွေကို ဖြည်းဖြည်းချင်းထုတ်ပြနေပါတယ်။
သောကြာနေ့တုန်းက Twitter ပေါ်မှာ OnePlus 6 ကင်မရာက iPhone X ၊ Galaxy S9 နဲ့ Google Pixel 2 တို့ရဲ့ စံညွှန်းတွေနဲ့ ပြိုင်ဆိုင်မယ်လို့ယူဆရတဲ့စာလေးကို တင်ထားခဲ့ပါတယ်။
မကြာသေးခင်က OnePlus ဟန်းဆက်မှာလည်း ကင်ရာကောင်းကောင်းကို ထည့်သွင်းပေးခဲ့တာဆိုတော့ ဒီပြောင်းလဲမှုက ဖြစ်နိုင်တယ်လို့ ယူဆမိပါတယ်။
OnePlus CEO Pete တင်ခဲ့တဲ့ နမူနာပုံလေးမှာလည်း အသေးစိတ်အချို့ပါဝင်လာခဲ့ပါတယ်။ ဒါကတော့ 16-megapixel sensor ကို အသုံးပြုမှာဖြစ်ပါတယ်။
နောက်ထပ်ထွက်ရှိလာတဲ့ render ပုံရိပ်တွေအရ ကင်မရာမှာ DxO Mark ရဲ့ triple-digit rating ရလိမ့်မယ်လို့ ပြောထားပါတယ်။ Huawei P20 နဲ့ P20 Pro သာ ရရှိထားတဲ့ rating ကို မှန်းထားတာ ဖြစ်ပါတယ်။
OnePlus ဖုန်းကို စောင့်နေတဲ့သူတွေအတွက်ကတော့ ဒီသတင်းကိုကြားရတာ အတော်လေးစိတ်ချမ်းမြေ့သွားမှာပါ။ OnePlus 5T တုန်းကတော့ ကင်မရာနှစ်လုံးအသုံးပြုထားပေမယ့်လည်း သာမန်ကင်မရာလောက်ပဲလို့ ပြောထားခဲ့ဖူးပါတယ်။
OnePlus 5 ထွက်လာတုန်းက hype တွေအားလုံးက ကင်မရာကို ဝန်းရံထားခဲ့ပေမယ့်လည်း ဖုန်းတစ်လုံးကို ခြုံကြည့်လိုက်တဲ့အခါ ကင်မရာက အားအနည်းဆုံး ဖြစ်နေတယ်။
OnePlus 6 ကို မေလ၁၆ရက်နေ့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီတော့ သတင်းအစုံအလင်ကို စောင့်ကြည့်ပေးပါဦး။

Leave a Reply