GALAXY NOTE 9 ရဲ႕အခ်က္အလက္မ်ား GEEKBENCH မွာထြက္ေပၚ

0
2031

Samsung အသစ္ထြက္မယ့္ Note စီးရီး GALAXY NOTE 9 ရဲ႕အခ်က္အလက္အခ်ိဳ႕ GEEKBENCH  ထြက္ေပၚလာပါတယ္။ ဖုန္းရဲ႕Hardware ပိုင္းဆိုင္ရာ အခ်က္အလက္ေတြပဲျဖစ္ၿပီး IN-DISPLAY FINGERPRINT SENSOR ပါဝင္လာမလားဆိုကေတာ့ က်ိန္းေသမေျပာႏုိင္ေသးပါဘူး။ လက္ရွိထြက္ေနတဲ့ သတင္းေတြအရ Galaxy Note 8 ကိုမိတ္ဆက္တဲ့ အခ်ိန္ထက္ေစာစီးစြာ ေစ်းကြက္ထဲကိုေရာက္လာႏိုင္ပါတယ္။ Samsung အေနနဲ႔ Galaxy Note devices ေတြကိုၾသဂုတ္လမွာက်င္းပတဲ့ IFA conference ေတြမွာ မိတ္ဆက္ျပသေလ့ရွိၿပီး ယခုႏွစ္မွာေတာ့ အဲ့ထက္ေစာႏုိင္ပါတယ္။

ရက္ပိုင္းအတြင္းမွာ ထြက္ထားတဲ့သတင္းေတြအရ Samsung ဟာdisplayရဲ႕ေအာက္ဘက္မွာ fingerprint reader ကိုထည့္သြင္းဖုိ႔ အခ်ိန္ယူေနရၿပီး၊ခက္ခဲေနဆဲ အဆင့္မွာသာရွိပါေသးတယ္။ ဒါေၾကာင့္အသစ္ထြက္လာမယ့္ Note 9 မွာ ေနာက္ေက်ာဘက္ လက္ေဗြဖတ္စနစ္ကိုသာ ဆက္သုံးသြားဖြယ္ရွိေနပါတယ္။ အသစ္ထြက္လာမယ့္ Galaxy Note 9 ကိုစမ္းသပ္ထားတဲ့ အခ်က္အလက္ေတြ Geekbench မွာတက္လာပါတယ္။ သူ႕ရဲ႕ေမာ္ဒယ္နံပတ္ကေတာ့ SM-N960U ျဖစ္ၿပီး၊ ပရိုဆက္ဆာပိုင္းမွာေတာ့ Galaxy S9 မွာသုံးထားတဲ့ Snapdragon 845 ကိုဆက္သုံးလာပါလိမ့္မယ္။ ဒီေန႔ထြက္လာတဲ့ အခ်က္အလက္ေတြကလည္း ၿပီးခဲ့တဲ့မတ္လက Geekbench တက္လာတဲ့အခ်က္အလက္ေတြ နဲ႔တူညီေနပါတယ္။

သူ႕မွာ Android 8.0 Oreo နဲ႔အတူ 6GB  RAM သုံးလာမွာျဖစ္ၿပီး ဗားရွင္း၂မ်ိဳးထြက္လာႏိုင္ပါတယ္။ တစ္မ်ိဳးမွာ Snapdragon 845 chipset နဲ႔ 6GB RAM နဲဲ႔ျဖစ္ႏိုင္ၿပီး၊ေနာက္တစ္မ်ိဳးမွာေတာ့ ကိုယ္ပိုင္ပရိုဆက္ဆာျဖစ္တဲ့ octa-core Exynos 9815 စြမ္းအားနဲ႔ 8GBRAM သုံးထားႏိုင္ပါတယ္။ ေျပာရမယ္ဆိုရင္ ဒါဟာ Samsung စမတ္ဖုန္းေတြထုတ္ေနၾကမူအတိုင္း ပရိုဆက္ဆာမ်ိဳးကြဲေတြနဲ႔ ေစ်းကြက္အစုံကို ျဖန္႔တဲ့နည္းပါ။ 6.4-inch Super AMOLED Infinity Display မွာ စြမ္းအားျပည့္  4,000mAh  ဘက္ထရီကိုသုံးႏုိင္ပါတယ္။ S-pen ရဲ႕ဒီဇုိင္းကိုျပင္ဆင္လားႏုိင္ၿပီး ပိုေကာင္းတဲ့ Feature ေတြထည့္သြင္းေပးထားႏိုင္ပါတယ္။

Unicode Version

Samsung အသစ်ထွက်မယ့် Note စီးရီး GALAXY NOTE 9 ရဲ့အချက်အလက်အချို့ GEEKBENCH  ထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့Hardware ပိုင်းဆိုင်ရာ အချက်အလက်တွေပဲဖြစ်ပြီး IN-DISPLAY FINGERPRINT SENSOR ပါဝင်လာမလားဆိုကတော့ ကျိန်းသေမပြောနိုင်သေးပါဘူး။ လက်ရှိထွက်နေတဲ့ သတင်းတွေအရ Galaxy Note 8 ကိုမိတ်ဆက်တဲ့ အချိန်ထက်စောစီးစွာ ဈေးကွက်ထဲကိုရောက်လာနိုင်ပါတယ်။ Samsung အနေနဲ့ Galaxy Note devices တွေကိုသြဂုတ်လမှာကျင်းပတဲ့ IFA conference တွေမှာ မိတ်ဆက်ပြသလေ့ရှိပြီး ယခုနှစ်မှာတော့ အဲ့ထက်စောနိုင်ပါတယ်။

ရက်ပိုင်းအတွင်းမှာ ထွက်ထားတဲ့သတင်းတွေအရ Samsung ဟာdisplayရဲ့အောက်ဘက်မှာ fingerprint reader ကိုထည့်သွင်းဖို့ အချိန်ယူနေရပြီး၊ခက်ခဲနေဆဲ အဆင့်မှာသာရှိပါသေးတယ်။ ဒါကြောင့်အသစ်ထွက်လာမယ့် Note 9 မှာ နောက်ကျောဘက် လက်ဗွေဖတ်စနစ်ကိုသာ ဆက်သုံးသွားဖွယ်ရှိနေပါတယ်။ အသစ်ထွက်လာမယ့် Galaxy Note 9 ကိုစမ်းသပ်ထားတဲ့ အချက်အလက်တွေ Geekbench မှာတက်လာပါတယ်။ သူ့ရဲ့မော်ဒယ်နံပတ်ကတော့ SM-N960U ဖြစ်ပြီး၊ ပရိုဆက်ဆာပိုင်းမှာတော့ Galaxy S9 မှာသုံးထားတဲ့ Snapdragon 845 ကိုဆက်သုံးလာပါလိမ့်မယ်။ ဒီနေ့ထွက်လာတဲ့ အချက်အလက်တွေကလည်း ပြီးခဲ့တဲ့မတ်လက Geekbench တက်လာတဲ့အချက်အလက်တွေ နဲ့တူညီနေပါတယ်။

သူ့မှာ Android 8.0 Oreo နဲ့အတူ 6GB  RAM သုံးလာမှာဖြစ်ပြီး ဗားရှင်း၂မျိုးထွက်လာနိုင်ပါတယ်။ တစ်မျိုးမှာ Snapdragon 845 chipset နဲ့ 6GB RAM နဲ့ဖြစ်နိုင်ပြီး၊နောက်တစ်မျိုးမှာတော့ ကိုယ်ပိုင်ပရိုဆက်ဆာဖြစ်တဲ့ octa-core Exynos 9815 စွမ်းအားနဲ့ 8GBRAM သုံးထားနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ Samsung စမတ်ဖုန်းတွေထုတ်နေကြမူအတိုင်း ပရိုဆက်ဆာမျိုးကွဲတွေနဲ့ ဈေးကွက်အစုံကို ဖြန့်တဲ့နည်းပါ။ 6.4-inch Super AMOLED Infinity Display မှာ စွမ်းအားပြည့်  4,000mAh  ဘက်ထရီကိုသုံးနိုင်ပါတယ်။ S-pen ရဲ့ဒီဇိုင်းကိုပြင်ဆင်လားနိုင်ပြီး ပိုကောင်းတဲ့ Feature တွေထည့်သွင်းပေးထားနိုင်ပါတယ်။

Leave a Reply