ဝိုင်ဖိုင်နဲ့ဖုန်းလိုင်းမရှိတောင် စကားပြော၊ စာပို့ပြီး map တောင် အသုံးပြုနိုင်မယ့်ပစ္စည်းလေး
0
2452
Zawgyi Version
Unicode Version
တောင်တက်ရတာ၊ အားကစားလုပ်ရတာတွေ၊ လိုင်းမမိတဲ့နေရာတွေကိုသွားရတဲ့ အနေအထားမျိုးမှာ နေချင်တဲ့သူဆိုရင်တော့ သင့်အတွက်ရှိထားသင့်တဲ့အရာလေးတစ်ခုကို ကျွန်တော်တို့ တွေ့ထားပါတယ်။ ပွဲလမ်းသဘင်တွေ၊ အားကစားပွဲတွေ အတော်များများကို သွားရတော့မယ်ဆိုရင် လိုင်းမမိတာ၊ လိုင်းကျပ်တာကို ခံစားရတော့မယ်ဆိုတာ သတိထားမိမှာပါ။ ဆိုတော့ ဖုန်းခေါ်မရ၊ စာလည်းပို့မရနဲ့ စိတ်မညစ်ဘူးလား။ သင့်အတွက် ပစ္စည်းတစ်ခု ထုတ်လုပ်ထားပါတယ်။ BEARTOOTH Smart Walkie Talkie လေးပါ။ တကယ်တော့ ဝေါ်ကီတော်ကီတစ်မျိုးပဲ မဟုတ်ပါဘူး။ သင့်ရဲ့ဖုန်းကို Bluetooth နဲ့ချိတ်ဆက်ပေးထားပြီးတော့ BEARTOOTH app လေးကို ဖုန်းခေါ်ဖို့၊ စာပို့ဖို့၊ သင့်ရဲ့ Location ကို share ဖို့၊ တစ်ယောက်ယောက်ရဲ့ location ကို share ပေးနိုင်ပါတယ်။ ဒီလိုတွေလုပ်ဖို့အတွက် Wi-Fi ဒါမှမဟုတ် ဖုန်းလိုင်းတွေ မလိုအပ်ပါဘူး။ အကောင်းဆုံးအပိုင်းကို ပြောပါတော့မယ်။ အဆင်သင့်ဖြစ်ပြီလား။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ နယ်မြေအပေါ်မူတည်ပြီးတော့ အဲဒီပစ္စည်းလေးရဲ့ range က ၁မိုင်ကနေ ၃မိုင်အထိ အသုံးပြုနိုင်ပါတယ်။
product page ကနေ အသေးစိတ်အချက်အလက်တွေကို ပြောပြချင်ပါတယ်။
ဖုန်းလိုင်း ၊ ဝိုင်ဖိုင်မလိုအပ်ဘူး – Beartooth က သုံးစွဲသူတွေကို Beartooth နဲ့ Beartooth အချင်းချင်း တိုက်ရိုက်ဆက်သွယ်ပေးနိုင်တယ်။
iOS ၊ Android အကုန်ရတယ် – Beartooth ကို iOS ရော Android မှာပါ အသုံးပြုနိုင်လို့ မိသားစု၊ သူငယ်ချင်းတွေ မျှသုံးလို့ရတယ်။ အားသွင်းကြိုးလည်း ပါပြီးသား။
ဖုန်းခေါ်၊ စာပို့ နဲ့ location share – တစ်ယောက်ချင်းလား၊ အုုပ်စုလိုက် မက်ဆေ့ချ်ပို့မလား၊ စကားပြောမလား၊ location share မလား။ Beartooth contact ထဲကသူတွေဆိုရင် အေးဆေးပါပဲ။ high-res offline topographic map လေးက သင့် group ထဲကလူတွေရဲ့ တည်နေရာကို အလွယ်တကူကြည့်နိုင်မှာပါပဲ။
Feature – high-res offline topographic maps က လေးရက်လောက် အားခံပါတယ်။ ဒါကြောင့် စမတ်ဖုန်း၊ တက်ဘလက်တွေထက် နှစ်ဆလောက် အသုံးပြုနိုင်မှာပါ။
တပ်ဆင်ရလွယ်ကူ – iTunes ၊ Google Play store ကနေ free Beartooth app လေးကို ဒေါင်းလုတ်ဆွဲပြီးတော့ Beartooth နဲ့ pair လုပ်ပြီး သူငယ်ချင်းတွေနဲ့ ချိတ်ဆက်လိုက်ပါ။
Leave a Reply