အသက္၇၆ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို အသက္ကယ္ခဲ့တဲ့ Apple

0
2489

Zawgyi Version

Apple Watch က သူ႕အသက္ကိုကယ္ခဲ့တာလို႕ Gaston D’Aquino က ဆိုပါတယ္။ သူ႕ရဲ႕ဇာတ္ေၾကာင္းကို ျပန္ေျပာျပျပီးေတာ့ အျခားသူေတြရဲ႕အသက္ကိုလည္း အခုလိုကယ္တင္ႏုိင္လိမ့္မယ္လို႕ေျပာသြားပါတယ္။

အသက္၇၆ႏွစ္အရြယ္လူတစ္ေယာက္ဟာ ဘုရားေက်ာင္းမွာထိုင္ေနတဲ့အခ်ိန္မွာ သူ႕ရဲ႕ Apple Watch ေလးက အခ်က္ျပလာျပီးေတာ့ သူ႕ရဲ႕ႏွလံုးခုန္ႏႈန္းေတြ ျမန္လာတယ္လို႕ ေျပာေနပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးအရင္တုန္းကလည္း ျဖစ္ဖူးတာမို႕ နီးစပ္ရာေဆးရံုကို ေျပးလိုက္ပါတယ္။

“ကၽြန္ေတာ္ဘာေၾကာင့္ဒီေနရာကို ေရာက္လာသလဲဆိုတာ မသိဘူးလို႕ ေဒါက္တာေတြကို ေျပာခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ့နာရီေလးက ႏွလံုးခုန္ေတြျမန္ေနတယ္လို႕ အခ်က္ျပေနတယ္။ သူက’တခုခုေရာ ခံစားေနရတာမ်ိိဳးရွိလား’လို႕ေမးတဲ့အခါ မရွိပါဘူး။ ကၽြန္ေတာ္အဆင္ေျပပါတယ္။ ဘာမွမျဖစ္ဘူးလို႕ ေျပာခဲ့တယ္ ”

ECG ရိုက္ျပီးနဲ႕ေနာက္္မွာေတာ့ တခုခုမွားေနတယ္ဆုိတာကို သိလိုက္ရတဲ့အခ်ိန္မွာ ေဒါက္တာေတြက စမ္းသပ္ခ်က္ေတြကို ျပဳလုုပ္ခဲ့ပါတယ္။ သူ႕ရဲ႕ႏွလံုးဆီကိုေသြးပို႕ေပးေနတဲ့ အဓိကေသြးေၾကာသံုးခုက ပိတ္ဆို႕ေနပါတယ္။ ၃၀%ေလာက္ကို ပိတ္ဆို႕ေနတာပါ။ ဟုတ္ပါတယ္။ ဒါေၾကာင့္ ေသေစႏုိင္တဲ့ႏွလံုးရပ္မႈေတြလည္း ျဖစ္ေစႏုိင္တဲ့အေနအထားကို ေရာက္ေနတာျဖစ္ပါတယ္။

သူ႕ရဲ႕ေျပာၾကားခ်က္အရ အရင္တုန္းကလည္း ျပသဖူးပါတယ္။ သူ႕မွာ ဆီးခ်ိဳေရာဂါရွိတာမို႕ ေန႕တုိင္းေဆးကုသမႈခံယူေနရတာပါ။ ကိုလက္စထေရာမ်ားျခင္း၊ ေသြးဖိအားျမင့္ျခင္းေတြျဖစ္တတ္ပါတယ္။ ဒါေပမယ့္လည္း ဒီေလာက္အထိ မျဖစ္ခဲ့ဖူးပါဘူး။

သူ႕ကိုစမ္းသပ္ျပီးတဲ့ေနာက္မွာေတာ့ ပိတ္ေနတဲ့ေသြးေၾကာေတြကို ျပန္လည္ဖြင့္ဖို႕အတြက္ ကုသမႈခံယူခဲ့ပါတယ္။ “ေကာင္းေကာင္းျပီးသြားရင္ေတာ့ ေနရထိုင္ရတာ ပိုေကာင္းလာမယ္ထင္ပါတယ္။”

“ေနာက္ထပ္အသက္ရွင္ခြင့္ရတာဟာ ေကာင္းမြန္တဲ့အရာတစ္ခုကို ပိုင္ဆုိင္ျခင္းပါ။ ေနာက္ေန႕မနက္မွာႏိုးထလာျပီး ပတ္၀န္းက်င္ကိုၾကည့္လုိက္တာနဲ႕ အရာအားလံုးက လွပေနလိမ့္မယ္။ အရမ္းကိုခံစားလုိ႕ေကာင္းတဲ့ ဖီလင္ပါပဲ။ ေလေပၚလြင့္ေနသလိုကိုခံစားရလိမ့္မယ္။ အေတာ္ေလးထူးျခားတဲ့ခံစားခ်က္မ်ိဳးပါ”

D’Aquino က Apple CEO Tim Cook ဆီကို ဧျပီအေစာပိုင္းတုန္းက အီးေမးလ္တစ္ေစာင္ပို႕ခဲ့ပါတယ္။ “ကၽြန္ေတာ့နာရီေလး အခ်က္ျပတာ ဒါပထမဆံုးပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ ေခါင္းကိုက္တာ၊ နာက်င္တာမ်ိဳး ဘာမွမခံစားရဘူး။ ရွင္းရွင္းေျပာရရင္ ကၽြန္ေတာ္ဟာ လမ္းေလွ်ာက္ေနတဲ့ ခ်ိန္ကုိက္ဗံုးတစ္လံုးလို ျဖစ္သြားခဲ့တယ္။”လို႕ေရးသားထားပါတယ္။

“Apple Watch ကို အသံုးျပဳဖို႕အတြက္ ႏွလံုးေရာဂါရွင္ေတြကို ဆက္လက္တုိက္တြန္းေစလိုပါတယ္။ လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္တုန္းက ႏွလံုးေဖာက္ျပန္လို႕ ၀မ္းကြဲတစ္ေယာက္ကို ဆံုးရွံဳးလုိက္ရပါတယ္။ သူ႕မွာသာ Apple Watch ရွိမယ္ဆိုရင္ သူလည္း ကၽြန္ေတာ့လိုမ်ိဳး အသက္ရွင္ႏုိင္တဲ့ အခြင့္အေရးတစ္ခုေတာ့ ေပးျခင္းခံရလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ယံုၾကည္ပါတယ္ ”

Cook က ဒီလိုၾကားရတာ ၀မ္းသာမိေၾကာင္း ျပန္လည္ေပးပို႕ခဲ့ပါတယ္။ “အခ်ိန္ယူျပီးေတာ့ ဒီလိုဇာတ္ေၾကာင္းကို ကၽြန္ေတာ္တို႕ဆီ ပို႕ေပးတဲ့အတြက္လည္း ေလးစားမိပါတယ္။ ကၽြန္ေတာ္တို႕ကို ဆက္လက္အားေပးပါဦး။”

watchOS 4 မွာ Apple Watch ရဲ႕ ႏွလံုးခုန္ႏႈန္းျမင့္တက္မႈကိုသိႏုိင္တဲ့ feature ေလး ပါ၀င္လာပါတယ္။ ဖြင့္ထားမယ္ဆိုရင္ ၀တ္ဆင္ထားသူရဲ႕ႏွလံုးခုန္ႏႈန္းဟာ တစ္မိနစ္ခုန္ႏႈန္းထက္ ပိုမ်ားလာခဲ့မယ္ဆုိရင္ အခ်က္ျပေပးႏုိင္ပါတယ္။

Apple Watch Series 1 နဲ႕ ေမာ္ဒယ္လ္အသစ္ေတြမွာ Heart Rate app ကို ဖြင့္လုိက္တာနဲ႕ အသံုးျပဳႏုိင္ပါတယ္။

  • ခ်ိတ္ဆက္ထားတဲ့ iPhone ေပၚက Apple Watch app ေလးကိုဖြင့္လုိက္ပါ။
  • My Watch tab ေလးကိုႏွိပ္ျပီး Heart Rate ကိုႏွိပ္ပါ။
  • Elevated Heart Rate ကိုႏွိပ္ျပီးေတာ့ BPM ကိုေရြးေပးပါ။

Apple Watch ရွိတဲ့ အျခားမိသားစု၊ သူငယ္ခ်င္း၊ သိတဲ့သူေတြကို ဆက္သြယ္ႏုိင္မယ္ဆိုရင္ေတာ့ life saving feature ေလးကို ဖြင့္ထားဖို႕ေျပာပါ။ D’Aquino နဲ႕ Deanna Recktenwald လိုပဲ သင့္အသက္ကိုု ကယ္တင္္ေပးႏုိင္ပါလိမ့္မယ္။

Unicode Version

Apple Watch က သူ့အသက်ကိုကယ်ခဲ့တာလို့ Gaston D’Aquino က ဆိုပါတယ်။ သူ့ရဲ့ဇာတ်ကြောင်းကို ပြန်ပြောပြပြီးတော့ အခြားသူတွေရဲ့အသက်ကိုလည်း အခုလိုကယ်တင်နိုင်လိမ့်မယ်လို့ပြောသွားပါတယ်။
အသက်၇၆နှစ်အရွယ်လူတစ်ယောက်ဟာ ဘုရားကျောင်းမှာထိုင်နေတဲ့အချိန်မှာ သူ့ရဲ့ Apple Watch လေးက အချက်ပြလာပြီးတော့ သူ့ရဲ့နှလုံးခုန်နှုန်းတွေ မြန်လာတယ်လို့ ပြောနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးအရင်တုန်းကလည်း ဖြစ်ဖူးတာမို့ နီးစပ်ရာဆေးရုံကို ပြေးလိုက်ပါတယ်။
“ကျွန်တော်ဘာကြောင့်ဒီနေရာကို ရောက်လာသလဲဆိုတာ မသိဘူးလို့ ဒေါက်တာတွေကို ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော့နာရီလေးက နှလုံးခုန်တွေမြန်နေတယ်လို့ အချက်ပြနေတယ်။ သူက’တခုခုရော ခံစားနေရတာမျိုးရှိလား’လို့မေးတဲ့အခါ မရှိပါဘူး။ ကျွန်တော်အဆင်ပြေပါတယ်။ ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တယ် ”
ECG ရိုက်ပြီးနဲ့နောက်မှာတော့ တခုခုမှားနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ဒေါက်တာတွေက စမ်းသပ်ချက်တွေကို ပြုလုုပ်ခဲ့ပါတယ်။ သူ့ရဲ့နှလုံးဆီကိုသွေးပို့ပေးနေတဲ့ အဓိကသွေးကြောသုံးခုက ပိတ်ဆို့နေပါတယ်။ ၃၀%လောက်ကို ပိတ်ဆို့နေတာပါ။ ဟုတ်ပါတယ်။ ဒါကြောင့် သေစေနိုင်တဲ့နှလုံးရပ်မှုတွေလည်း ဖြစ်စေနိုင်တဲ့အနေအထားကို ရောက်နေတာဖြစ်ပါတယ်။
သူ့ရဲ့ပြောကြားချက်အရ အရင်တုန်းကလည်း ပြသဖူးပါတယ်။ သူ့မှာ ဆီးချိုရောဂါရှိတာမို့ နေ့တိုင်းဆေးကုသမှုခံယူနေရတာပါ။ ကိုလက်စထရောများခြင်း၊ သွေးဖိအားမြင့်ခြင်းတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလောက်အထိ မဖြစ်ခဲ့ဖူးပါဘူး။
သူ့ကိုစမ်းသပ်ပြီးတဲ့နောက်မှာတော့ ပိတ်နေတဲ့သွေးကြောတွေကို ပြန်လည်ဖွင့်ဖို့အတွက် ကုသမှုခံယူခဲ့ပါတယ်။ “ကောင်းကောင်းပြီးသွားရင်တော့ နေရထိုင်ရတာ ပိုကောင်းလာမယ်ထင်ပါတယ်။”
“နောက်ထပ်အသက်ရှင်ခွင့်ရတာဟာ ကောင်းမွန်တဲ့အရာတစ်ခုကို ပိုင်ဆိုင်ခြင်းပါ။ နောက်နေ့မနက်မှာနိုးထလာပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တာနဲ့ အရာအားလုံးက လှပနေလိမ့်မယ်။ အရမ်းကိုခံစားလို့ကောင်းတဲ့ ဖီလင်ပါပဲ။ လေပေါ်လွင့်နေသလိုကိုခံစားရလိမ့်မယ်။ အတော်လေးထူးခြားတဲ့ခံစားချက်မျိုးပါ”
D’Aquino က Apple CEO Tim Cook ဆီကို ဧပြီအစောပိုင်းတုန်းက အီးမေးလ်တစ်စောင်ပို့ခဲ့ပါတယ်။ “ကျွန်တော့နာရီလေး အချက်ပြတာ ဒါပထမဆုံးပါပဲ။ ဒါပေမယ့် ကျွန်တော် ခေါင်းကိုက်တာ၊ နာကျင်တာမျိုး ဘာမှမခံစားရဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်ဟာ လမ်းလျှောက်နေတဲ့ ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်သွားခဲ့တယ်။”လို့ရေးသားထားပါတယ်။
“Apple Watch ကို အသုံးပြုဖို့အတွက် နှလုံးရောဂါရှင်တွေကို ဆက်လက်တိုက်တွန်းစေလိုပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်တုန်းက နှလုံးဖောက်ပြန်လို့ ဝမ်းကွဲတစ်ယောက်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူ့မှာသာ Apple Watch ရှိမယ်ဆိုရင် သူလည်း ကျွန်တော့လိုမျိုး အသက်ရှင်နိုင်တဲ့ အခွင့်အရေးတစ်ခုတော့ ပေးခြင်းခံရလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ”
Cook က ဒီလိုကြားရတာ ဝမ်းသာမိကြောင်း ပြန်လည်ပေးပို့ခဲ့ပါတယ်။ “အချိန်ယူပြီးတော့ ဒီလိုဇာတ်ကြောင်းကို ကျွန်တော်တို့ဆီ ပို့ပေးတဲ့အတွက်လည်း လေးစားမိပါတယ်။ ကျွန်တော်တို့ကို ဆက်လက်အားပေးပါဦး။”
watchOS 4 မှာ Apple Watch ရဲ့ နှလုံးခုန်နှုန်းမြင့်တက်မှုကိုသိနိုင်တဲ့ feature လေး ပါဝင်လာပါတယ်။ ဖွင့်ထားမယ်ဆိုရင် ဝတ်ဆင်ထားသူရဲ့နှလုံးခုန်နှုန်းဟာ တစ်မိနစ်ခုန်နှုန်းထက် ပိုများလာခဲ့မယ်ဆိုရင် အချက်ပြပေးနိုင်ပါတယ်။
Apple Watch Series 1 နဲ့ မော်ဒယ်လ်အသစ်တွေမှာ Heart Rate app ကို ဖွင့်လိုက်တာနဲ့ အသုံးပြုနိုင်ပါတယ်။
• ချိတ်ဆက်ထားတဲ့ iPhone ပေါ်က Apple Watch app လေးကိုဖွင့်လိုက်ပါ။
• My Watch tab လေးကိုနှိပ်ပြီး Heart Rate ကိုနှိပ်ပါ။
• Elevated Heart Rate ကိုနှိပ်ပြီးတော့ BPM ကိုရွေးပေးပါ။
Apple Watch ရှိတဲ့ အခြားမိသားစု၊ သူငယ်ချင်း၊ သိတဲ့သူတွေကို ဆက်သွယ်နိုင်မယ်ဆိုရင်တော့ life saving feature လေးကို ဖွင့်ထားဖို့ပြောပါ။ D’Aquino နဲ့ Deanna Recktenwald လိုပဲ သင့်အသက်ကိုု ကယ်တင်ပေးနိုင်ပါလိမ့်မယ်။

Leave a Reply