ကိုယ့္ရဲ႕ဖုန္းနဲ႕ Google Home မွာ Google Assistant အသံအသစ္ေတြကိုစမ္းသံုးမယ္

0
2068

Zawgyi Version

Google ေရ ဒီလိုၾကားရတာေတာ့ အရမ္းၾကိဳက္တယ္ Google Assistant က စြမ္းေဆာင္ရည္ျမင့္တယ္ဆိုေပမယ့္လည္း Amazon Alexa ၊ Apple Siri ေလာက္ေတာ့ မဟုတ္ေသးပါဘူး။ Google I/O မွာ ေၾကညာထားတဲ့ Assistant မွာ ေတာက္ေလွ်ာက္ေျပာတဲ့စကားဆက္ေတြကို တံု႕ျပန္အားေကာင္းလာမယ္လို႕ ၾကားထားပါတယ္။ ဒီေတာ့ အေတြ႕အၾကံဳအသစ္ေတြကိုလည္း ခံစားရေတာ့မွာမို႕ အသင့္ျပင္ထားလိုက္ၾကပါဦး။

Google က Assistant ကို ေနာက္ထပ္အသံေျခာက္မ်ိဳးထည့္ေပးလိုက္ပါတယ္။ ၂၀၁၇ခုႏွစ္ေအာက္တုိဘာလမွာ အမ်ိဳးသားအသံကို ေနာက္ဆံုးထည့္ေပးထားတာျဖစ္ပါတယ္။ ဒီေတာ့ အသံအသစ္ေလးေတြကို စမ္းခ်င္ေနတဲ့သူေတြအတြက္ ဘယ္လိုမ်ိဳးလုပ္ေဆာင္ရမလဲဆိုတာကို ကၽြန္ေတာ္နဲ႕အတူတူလုိက္ပါလုပ္ေဆာင္ၾကည့္လုိက္ရေအာင္။ ရုိးရွင္းပါတယ္။

Google Assistant အသံကို ဖုန္းမွာေျပာင္းခ်င္ရင္

ပထမဆံုးအေနနဲ႕ Assistant ရဲ႕ settings ထဲကို၀င္ေရာက္ရမွာပါ။

Note: သင့္ဖုန္းမွာ Android 6.0 Marshmallow ႏွင့္အထက္ အသံုးျပဳထားဖို႕လိုပါတယ္။

  1. home button ကိုဖိထားျပီးေတာ့ Google Assistant ေပၚေအာင္လုပ္လုိက္ပါ။
  2. အျပာေရာင္ explore button ေလးက ညာဘက္အေပၚနားမွာရွိပါတယ္။ ႏွိပ္လုိက္ပါ။
  3. အစက္သံုးစက္ menu button ေလးကိုႏွိပ္လုိက္ပါ။
  4. Settings ကိုႏွိပ္လုိက္ပါ။
  5. Preferences ကိုႏွိပ္လုိက္ပါ။
  6. Assistant voice ကို ႏွိ္ပ္လုိက္ပါ။
  7. လိုခ်င္တဲ့အသံကိုႏွိပ္လုိက္ပါ။

အသံအသစ္ေတြက ႏူးညံ့တာကေန ၾသၾသၾကီး၊ အမ်ိဳးသားကေန အမ်ိဳးသမီး စတာေတြျဖစ္ပါတယ္။ အဲဒီအသံအသစ္ေတြကို ကြန္ပ်ဴတာနည္းပညာနဲ႕လုပ္ေဆာင္ထားတာျဖစ္ပါတယ္။ နားေထာင္ၾကည့္ရတာကေတာ့ အံ့ၾသစရာပါပဲ။ ကၽြန္ေတာ္ကေတာ့ Voice 5 ကို ၾကိဳက္ပါတယ္။ သင္ဆိုရင္ေရာ ဘယ္တစ္ခုျဖစ္မလဲ။

Google Home မွာေရာ ဘယ္လိုေျပာင္းၾကမလဲ

Google Home မွာေျပာင္းခ်င္တယ္ဆိုရ္ငေတာ့ ဖုန္းနဲ႕ စပီကာၾကားမွာ နည္းနည္းေလးပဲ ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ Google Home app ကို အသံုးျပဳသြားမွာပါ။

Note: Google Home ကလက္ရွိမွာေတာ့ Voice 1 နဲ႕ Voice 2 ကိုသာ ေထာက္ပံ့ေပးႏိုင္ပါေသးတယ္။ Google Home အတြက္ တမ်ိဳးကိုေရြးျပီးေတာ့ default အျဖစ္နဲ႕ သတ္မွတ္ႏုိင္ပါတယ္။

  1. Google Home app ကို ဖြင့္လုိက္ပါ။
  2. ဘယ္ဘက္ menuကိုဖြင့္လုိက္ပါ။
  3. More settings ကိုႏွိပ္ပါ။
  4. Preferences ကိုႏွိပ္ပါ။
  5. Assistant voice ကိုႏွိပ္ပါ။
  6. တစ္ခုကိုေရြးေပးလုိက္ပါ။

ဒါေလးပါပဲ။ အသံေလးေတြကေတာ့ ဖုန္းနဲ႕ Google Home series အေပၚမွာလိုက္ျပီးေတာ့ နည္းနည္းေလး ျခားနားမႈရွိနုိင္ပါတယ္။

ဒါေပမယ့္ ကံဆိုးတာကေတာ့ ဖုန္းနဲ႕ Google Home တို႕မွာ အသံမတူေအာင္ထားလို႕မရပါဘူး။ ဒါေပမယ့္လည္း Google အေကာင့္တစ္ခုစီနဲ႕ Google Home devices ေတြကို register လုပ္ထားမယ္ဆိုရင္ေတာ့ ရႏုိင္ပါတယ္။ အခုအခ်ိန္မွာေတာ့ ယူအက္စ္မွာသာ အသံအသစ္ေတြကို သံုးစြဲႏုိင္ဦးမွာပါ။

Unicode Version

Google ရေ ဒီလိုကြားရတာတော့ အရမ်းကြိုက်တယ် Google Assistant က စွမ်းဆောင်ရည်မြင့်တယ်ဆိုပေမယ့်လည်း Amazon Alexa ၊ Apple Siri လောက်တော့ မဟုတ်သေးပါဘူး။ Google I/O မှာ ကြေညာထားတဲ့ Assistant မှာ တောက်လျှောက်ပြောတဲ့စကားဆက်တွေကို တုံ့ပြန်အားကောင်းလာမယ်လို့ ကြားထားပါတယ်။ ဒီတော့ အတွေ့အကြုံအသစ်တွေကိုလည်း ခံစားရတော့မှာမို့ အသင့်ပြင်ထားလိုက်ကြပါဦး။
Google က Assistant ကို နောက်ထပ်အသံခြောက်မျိုးထည့်ပေးလိုက်ပါတယ်။ ၂၀၁၇ခုနှစ်အောက်တိုဘာလမှာ အမျိုးသားအသံကို နောက်ဆုံးထည့်ပေးထားတာဖြစ်ပါတယ်။ ဒီတော့ အသံအသစ်လေးတွေကို စမ်းချင်နေတဲ့သူတွေအတွက် ဘယ်လိုမျိုးလုပ်ဆောင်ရမလဲဆိုတာကို ကျွန်တော်နဲ့အတူတူလိုက်ပါလုပ်ဆောင်ကြည့်လိုက်ရအောင်။ ရိုးရှင်းပါတယ်။
Google Assistant အသံကို ဖုန်းမှာပြောင်းချင်ရင်
ပထမဆုံးအနေနဲ့ Assistant ရဲ့ settings ထဲကိုဝင်ရောက်ရမှာပါ။
Note: သင့်ဖုန်းမှာ Android 6.0 Marshmallow နှင့်အထက် အသုံးပြုထားဖို့လိုပါတယ်။
1. home button ကိုဖိထားပြီးတော့ Google Assistant ပေါ်အောင်လုပ်လိုက်ပါ။
2. အပြာရောင် explore button လေးက ညာဘက်အပေါ်နားမှာရှိပါတယ်။ နှိပ်လိုက်ပါ။
3. အစက်သုံးစက် menu button လေးကိုနှိပ်လိုက်ပါ။
4. Settings ကိုနှိပ်လိုက်ပါ။
5. Preferences ကိုနှိပ်လိုက်ပါ။
6. Assistant voice ကို နှိပ်လိုက်ပါ။
7. လိုချင်တဲ့အသံကိုနှိပ်လိုက်ပါ။
အသံအသစ်တွေက နူးညံ့တာကနေ သြသြကြီး၊ အမျိုးသားကနေ အမျိုးသမီး စတာတွေဖြစ်ပါတယ်။ အဲဒီအသံအသစ်တွေကို ကွန်ပျူတာနည်းပညာနဲ့လုပ်ဆောင်ထားတာဖြစ်ပါတယ်။ နားထောင်ကြည့်ရတာကတော့ အံ့သြစရာပါပဲ။ ကျွန်တော်ကတော့ Voice 5 ကို ကြိုက်ပါတယ်။ သင်ဆိုရင်ရော ဘယ်တစ်ခုဖြစ်မလဲ။
Google Home မှာရော ဘယ်လိုပြောင်းကြမလဲ
Google Home မှာပြောင်းချင်တယ်ဆိုရ်ငတော့ ဖုန်းနဲ့ စပီကာကြားမှာ နည်းနည်းလေးပဲ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ Google Home app ကို အသုံးပြုသွားမှာပါ။
Note: Google Home ကလက်ရှိမှာတော့ Voice 1 နဲ့ Voice 2 ကိုသာ ထောက်ပံ့ပေးနိုင်ပါသေးတယ်။ Google Home အတွက် တမျိုးကိုရွေးပြီးတော့ default အဖြစ်နဲ့ သတ်မှတ်နိုင်ပါတယ်။
1. Google Home app ကို ဖွင့်လိုက်ပါ။
2. ဘယ်ဘက် menuကိုဖွင့်လိုက်ပါ။
3. More settings ကိုနှိပ်ပါ။
4. Preferences ကိုနှိပ်ပါ။
5. Assistant voice ကိုနှိပ်ပါ။
6. တစ်ခုကိုရွေးပေးလိုက်ပါ။
ဒါလေးပါပဲ။ အသံလေးတွေကတော့ ဖုန်းနဲ့ Google Home series အပေါ်မှာလိုက်ပြီးတော့ နည်းနည်းလေး ခြားနားမှုရှိနိုင်ပါတယ်။
ဒါပေမယ့် ကံဆိုးတာကတော့ ဖုန်းနဲ့ Google Home တို့မှာ အသံမတူအောင်ထားလို့မရပါဘူး။ ဒါပေမယ့်လည်း Google အကောင့်တစ်ခုစီနဲ့ Google Home devices တွေကို register လုပ်ထားမယ်ဆိုရင်တော့ ရနိုင်ပါတယ်။ အခုအချိန်မှာတော့ ယူအက်စ်မှာသာ အသံအသစ်တွေကို သုံးစွဲနိုင်ဦးမှာပါ။

Leave a Reply