Notch ႏွစ္ခုထည့္သြင္းႏုိင္တဲ့ option ကို Android P Developer Preview 2 မွာ ေတြ႕ျမင္ရ

0
1857

Zawgyi Version

Android P OS ကို beta အေနနဲ႕ အသံုးျပဳလို႕ရေနျပီျဖစ္ပါတယ္။ Developer Preview ကို ပထမဆံုးထုတ္ေပးတာကေတာ့ မတ္လကတည္းကျဖစ္ပါတယ္။ call blocking features ေကာင္းေကာင္းေတြ၊ native screenshot editor ေတြ၊ native screenshot editor အသစ္ေတြ၊ secure DNS option ေတြကို ေတြ႕ျမင္ရျပီး ျဖစ္ပါတယ္။ preview version မထြက္ခင္ကတည္းက Android P version အသစ္မွာ notch အတြက္ ထည့္သြင္းစဥ္းစားလိမ့္မယ္လို႕ ေျပာဖူးပါတယ္။ မွန္ပါတယ္။ notch အတြက္ ေထာက္ပံ့မႈေတြကို ထည့္သြင္းေပးေတာ့မွာပါ။ Android P က ေပးႏုိင္တဲ့အရာေတြ အမ်ားၾကီးရွိေပမယ့္လည္း notch ကေတာ့ စိတ္၀င္စားစရာအေကာင္းဆံုး ျဖစ္ပါတယ္။

second developer preview မွာေတာ့ notch support ေလးကို ေတြ႕ျမင္ရပါတယ္။ Preview 1 တုန္းကမျမင္ရေပမယ့္လည္း Preview 2 မွာေတာ့ ေသခ်ာေပါက္ပါလာမွာပါ။ second preview ကို ၾကည့္လုိက္တဲ့အခါမွာ notch simulator ေလးကို ေတြ႕ပါတယ္။ notch ေလးကို သူတို႕ရဲ႕ app ေတြမွာ ဘယ္လိုအဆင္ေျပေအာင္ထည့္မလဲဆိုတာ developer ေတြအတြက္ စဥ္းစားႏုိင္ဖို႕ ထည့္ေပးလိုက္တာပါ။

Android P Developer Preview 2 မွာေတ့ မူရင္း notch အတြက္ တစ္ခုနဲ႕ ေထာင့္နားမွာတစ္ခု ထည့္သြင္းထားပါတယ္။ ဒုတိယတစ္ခုကေတာ့ screen ရဲ႕ ညာဘက္ေထာင့္မွာျဖစ္ပါတယ္။ notification bar ကိုေတာ့ icon ၊ alert နဲ႕ notification ေတြအတြက္ အသံုးျပဳမွာပါ။

ဒီေတာ့ dual notch support နဲ႕ တူေနပါတယ္။ ဘယ္လိုေတြထြက္လာမလဲမသိေပမယ့္လည္း အေကာင္းဆံုးျပင္ဆင္ထားသင့္ပါျပီ။

Unicode Version

Android P OS ကို beta အနေနဲ့ အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။ Developer Preview ကို ပထမဆုံးထုတ်ပေးတာကတော့ မတ်လကတည်းကဖြစ်ပါတယ်။ call blocking features ကောင်းကောင်းတွေ၊ native screenshot editor တွေ၊ native screenshot editor အသစ်တွေ၊ secure DNS option တွေကို တွေ့မြင်ရပြီး ဖြစ်ပါတယ်။ preview version မထွက်ခင်ကတည်းက Android P version အသစ်မှာ notch အတွက် ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ ပြောဖူးပါတယ်။ မှန်ပါတယ်။ notch အတွက် ထောက်ပံ့မှုတွေကို ထည့်သွင်းပေးတော့မှာပါ။ Android P က ပေးနိုင်တဲ့အရာတွေ အများကြီးရှိပေမယ့်လည်း notch ကတော့ စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်ပါတယ်။
second developer preview မှာတော့ notch support လေးကို တွေ့မြင်ရပါတယ်။ Preview 1 တုန်းကမမြင်ရပေမယ့်လည်း Preview 2 မှာတော့ သေချာပေါက်ပါလာမှာပါ။ second preview ကို ကြည့်လိုက်တဲ့အခါမှာ notch simulator လေးကို တွေ့ပါတယ်။ notch လေးကို သူတို့ရဲ့ app တွေမှာ ဘယ်လိုအဆင်ပြေအောင်ထည့်မလဲဆိုတာ developer တွေအတွက် စဉ်းစားနိုင်ဖို့ ထည့်ပေးလိုက်တာပါ။
Android P Developer Preview 2 မှာတေ့ မူရင်း notch အတွက် တစ်ခုနဲ့ ထောင့်နားမှာတစ်ခု ထည့်သွင်းထားပါတယ်။ ဒုတိယတစ်ခုကတော့ screen ရဲ့ ညာဘက်ထောင့်မှာဖြစ်ပါတယ်။ notification bar ကိုတော့ icon ၊ alert နဲ့ notification တွေအတွက် အသုံးပြုမှာပါ။
ဒီတော့ dual notch support နဲ့ တူနေပါတယ်။ ဘယ်လိုတွေထွက်လာမလဲမသိပေမယ့်လည်း အကောင်းဆုံးပြင်ဆင်ထားသင့်ပါပြီ။

Leave a Reply