iPhone X အတြက္ တိတ္တဆိတ္ထြက္ရွိလာတဲ့ YouTube HDR support

0
2037

Zawgyi Version

YouTube က High Dynamic Range (HDR) support ကို iPhone X အတြက္ တိတ္တိတ္ေလးမိတ္ဆက္ေပးလိုက္ပါတယ္။ သံုးစြဲသူအခ်ိဳ႕ရဲ႕ေျပာၾကားခ်က္အရ iPhone X မွာ HDR ဗြီဒီယိုေတြကို ၾကည့္ႏုိင္ျပီလို႕ သိရပါတယ္။ ဒါေပမယ့္လည္း iPad Pro အတြက္ေတာ့ မရႏုိင္ေသးပါဘူး။ ဒါေပမယ့္လည္း သံုးစြဲသူအားလံုးအတြက္ေတာ့ မရႏုိင္ေသးပါဘူး။ iPhone X သံုးစြဲသူေတြအေနနဲ႕ app ရဲ႕ “Quality” menu ထဲကို၀င္ၾကည့္ျပီးေတာ့ စစ္ေဆးၾကည့္ႏုိင္ပါတယ္။

တခ်ိဳ႕ေသာ iPhone X သံုးစြဲသူေတြဟာ HDR ဗြီဒီယိုေတြကို ၾကည့္ခြင့္ရေနပါျပီလို႕ MacRumors ကလည္း တင္ထားတာကိုေတြ႕ရပါတယ္။ ဗြီဒီယိုဖြင့္လုိက္ခ်ိန္မွာ high dynamic range content ေတြကိုေတြ႕ျမင္ရျပီးေတာ့ “Quality” menu ထဲမွာ resolution option ေတြကိုလည္း ေတြ႕ျမင္ရပါတယ္။ “HDR” ဆိုတာေလးလည္း အပါအ၀င္ေပါ့။

YouTube က ျဖည္းျဖည္းခ်င္း HDR support ေတြကို HDR display ရႏုိင္တဲ့ဖုန္းအနည္းငယ္ေလာက္ကို ထည့္သြင္းေပးေနပါတယ္။ Galaxy Note 8 နဲ႕ Galaxy S8 ေတြမွာလည္း launch လုပ္ခဲ့ျပီး ျဖစ္ပါတယ္။

HDR display ရွိတဲ့စမတ္ဖုန္းေတြမွာ HDR support ကို Netflix ကလည္း လုပ္ေဆာင္ေပးေနပါျပီ။ iPhone X အတြက္ကိုလည္း လုပ္ေဆာင္ေပးခဲ့ျပီးေတာ့ iPhone 8 ၊ iPad Pro တို႕ကို စက္တင္ဘာလတုန္းက ေထာက္ပံ့ေပးခဲ့ပါတယ္။ YouTube ကေတာ့ ဘယ္လိုဖုန္းေတြကို ေထာက္ပံ့ေပးထားသလဲဆိုတာ တိတိက်က် မသိရေသးပါဘူး။

Unicode Version

YouTube က High Dynamic Range (HDR) support ကို iPhone X အတွက် တိတ်တိတ်လေးမိတ်ဆက်ပေးလိုက်ပါတယ်။ သုံးစွဲသူအချို့ရဲ့ပြောကြားချက်အရ iPhone X မှာ HDR ဗွီဒီယိုတွေကို ကြည့်နိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း iPad Pro အတွက်တော့ မရနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သုံးစွဲသူအားလုံးအတွက်တော့ မရနိုင်သေးပါဘူး။ iPhone X သုံးစွဲသူတွေအနေနဲ့ app ရဲ့ “Quality” menu ထဲကိုဝင်ကြည့်ပြီးတော့ စစ်ဆေးကြည့်နိုင်ပါတယ်။
တချို့သော iPhone X သုံးစွဲသူတွေဟာ HDR ဗွီဒီယိုတွေကို ကြည့်ခွင့်ရနေပါပြီလို့ MacRumors ကလည်း တင်ထားတာကိုတွေ့ရပါတယ်။ ဗွီဒီယိုဖွင့်လိုက်ချိန်မှာ high dynamic range content တွေကိုတွေ့မြင်ရပြီးတော့ “Quality” menu ထဲမှာ resolution option တွေကိုလည်း တွေ့မြင်ရပါတယ်။ “HDR” ဆိုတာလေးလည်း အပါအဝင်ပေါ့။
YouTube က ဖြည်းဖြည်းချင်း HDR support တွေကို HDR display ရနိုင်တဲ့ဖုန်းအနည်းငယ်လောက်ကို ထည့်သွင်းပေးနေပါတယ်။ Galaxy Note 8 နဲ့ Galaxy S8 တွေမှာလည်း launch လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
HDR display ရှိတဲ့စမတ်ဖုန်းတွေမှာ HDR support ကို Netflix ကလည်း လုပ်ဆောင်ပေးနေပါပြီ။ iPhone X အတွက်ကိုလည်း လုပ်ဆောင်ပေးခဲ့ပြီးတော့ iPhone 8 ၊ iPad Pro တို့ကို စက်တင်ဘာလတုန်းက ထောက်ပံ့ပေးခဲ့ပါတယ်။ YouTube ကတော့ ဘယ်လိုဖုန်းတွေကို ထောက်ပံ့ပေးထားသလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

Leave a Reply