iOS Messages App မွာ ၾကံဳေတြ႕ေနရတဲ့ Black Dot Crashing Bug ေလးကိုေျဖရွင္းနည္း

0
1908

Zawgyi Version

စိတ္ညစ္စရာတစ္ခုပါပဲ။

အရင္တုန္းကၾကံဳခဲ့ဖူးသလိုမ်ိဳးပါ။ Apple ရဲ႕ မက္ေဆ့ခ်္ app ေလးထဲမွာ bug ကိုထၾကြေစႏုိင္တဲ့ စာသားေလးေတြပို႕လိုက္မယ္ဆိုရင္ crash ျဖစ္သြားေစပါတယ္။ ဒါေပမယ့္လည္း ေျဖရွင္းႏုိင္မယ့္နည္းလမ္းေလးေတြ႕ထားေတာ့ အသက္ရွဳေခ်ာင္တာေပါ့။

အဲဒီ bug ေလးကိုေတြ႕ဖူးတယ္ဆိုရင္ေတာ့ ရူးခ်င္စရာေကာင္းတယ္ဆိုတာကို သိထားျပီးျဖစ္မွာပါ။ Messages app ကို ဖ်က္ျပီးမွ ျပန္သံုးရတဲ့အထိ ဆိုးရြားႏုိင္ပါတယ္။ နည္းလမ္းကေတာ့ 3D Touch ရမရအေပၚမွာ မူတည္ျပီးေတာ့ ကြဲျပားသြားမွာပါ။

iPhone 6s နဲ႕အထက္မွာ ေျဖရွင္းနည္း

အဆင့္ ၁ – ပထမဆံုးအေနနဲ႕ Messages app ကို ပိတ္ဖို႕အတြက္ Home screen ကိုသြားဖို႕လိုအပ္ပါတယ္။ Siri ကို သံုးေနက်အတုိင္းလွမ္းေခၚလိုက္ျပီးေတာ့ အဲဒီစာပို႕တဲ့သူဆီ စာတစ္ေစာင္ပို႕ေအာင္ အမိန္႕ေပးလိုက္ပါ။ ဒါဆိုရင္ေတာ့ အဲဒီစကားေျပာခန္းမွာ သူပို႕ထားတဲ့စာက ေနာက္ဆံုးမဟုတ္ေတာ့ပါဘူး။

အဆင့္ ၂ – Messages icon ေပၚမွာ 3D Touch action ကိုအသံုးျပဳျပီးေတာ့ message အသစ္တစ္ေစာင္ေရးဖို႕ ေရြးလိုက္ပါ။ ဒီလိုလုပ္ေနခ်ိန္မွာ ညာဘက္အေပၚနားက Cancel ကို ႏွိပ္လိုက္ပါ။

အဆင့္ ၃ – conversation list ေပၚမွာ Edit ဆိုတာေလးကိုေရြးလိုက္ပါ။ circle ေလးကိုေရြးျပီးေတာ့ Delete option နဲ႕ ဖ်က္လိုက္ပါ။

iPhone 6s မတုိင္ခင္ဖုန္းမ်ားမွာ ျပင္ဆင္ျခင္း

အဆင့္ ၁ – အေပၚမွာေျပာခဲ့သလိုပဲ Messages app ကေနထြက္ဖို႕အတြက္ Home screen ကို သြားလိုက္ပါ။ Siri ကို ေခၚျပီးေတာ့ ပို႕ႏုိင္သမွ် မက္ေဆ့ခ်္မ်ားမ်ားပို႕လုိက္ပါ။ display ေပၚမွာ အဲဒီစာသားေလးမျမင္ရတဲ့အထိေပါ့။

အဆင့္ ၂ – Messages app ကို ေနာက္တစ္ၾကိမ္ထပ္ဖြင့္လိုက္ျပီးေတာ့ Back arrow နဲ႕ Conversation list ကို ျပန္ထြက္လိုက္ပါ။ Edit ကို ႏွိပ္ျပီးေတာ့ circle ေလးကို ႏွိပ္လိုက္ပါဦး။

အဆင့္ ၃ – Delete ကို ႏွိပ္ျပီးေတာ့ ဖ်က္လိုက္ပါ။

iOS 11.4 final release မွာေတာ့ ဒီဟာကိုျပင္ဆင္ဖုိ႕အတြက္ patch ထုတ္ေပးမွာပါ။ ဒီမတုိင္ခင္မွာေတာ့ ဒါေလးက အဆင္ေျပေျပသံုုးႏုိင္ေအာင္ ကူညီေပးပါလိမ့္မယ္။

Unicode Version

စိတ်ညစ်စရာတစ်ခုပါပဲ။
အရင်တုန်းကကြုံခဲ့ဖူးသလိုမျိုးပါ။ Apple ရဲ့ မက်ဆေ့ချ် app လေးထဲမှာ bug ကိုထကြွစေနိုင်တဲ့ စာသားလေးတွေပို့လိုက်မယ်ဆိုရင် crash ဖြစ်သွားစေပါတယ်။ ဒါပေမယ့်လည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေ့ထားတော့ အသက်ရှုချောင်တာပေါ့။
အဲဒီ bug လေးကိုတွေ့ဖူးတယ်ဆိုရင်တော့ ရူးချင်စရာကောင်းတယ်ဆိုတာကို သိထားပြီးဖြစ်မှာပါ။ Messages app ကို ဖျက်ပြီးမှ ပြန်သုံးရတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ နည်းလမ်းကတော့ 3D Touch ရမရအပေါ်မှာ မူတည်ပြီးတော့ ကွဲပြားသွားမှာပါ။
iPhone 6s နဲ့အထက်မှာ ဖြေရှင်းနည်း
အဆင့် ၁ – ပထမဆုံးအနေနဲ့ Messages app ကို ပိတ်ဖို့အတွက် Home screen ကိုသွားဖို့လိုအပ်ပါတယ်။ Siri ကို သုံးနေကျအတိုင်းလှမ်းခေါ်လိုက်ပြီးတော့ အဲဒီစာပို့တဲ့သူဆီ စာတစ်စောင်ပို့အောင် အမိန့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဲဒီစကားပြောခန်းမှာ သူပို့ထားတဲ့စာက နောက်ဆုံးမဟုတ်တော့ပါဘူး။
အဆင့် ၂ – Messages icon ပေါ်မှာ 3D Touch action ကိုအသုံးပြုပြီးတော့ message အသစ်တစ်စောင်ရေးဖို့ ရွေးလိုက်ပါ။ ဒီလိုလုပ်နေချိန်မှာ ညာဘက်အပေါ်နားက Cancel ကို နှိပ်လိုက်ပါ။
အဆင့် ၃ – conversation list ပေါ်မှာ Edit ဆိုတာလေးကိုရွေးလိုက်ပါ။ circle လေးကိုရွေးပြီးတော့ Delete option နဲ့ ဖျက်လိုက်ပါ။
iPhone 6s မတိုင်ခင်ဖုန်းများမှာ ပြင်ဆင်ခြင်း
အဆင့် ၁ – အပေါ်မှာပြောခဲ့သလိုပဲ Messages app ကနေထွက်ဖို့အတွက် Home screen ကို သွားလိုက်ပါ။ Siri ကို ခေါ်ပြီးတော့ ပို့နိုင်သမျှ မက်ဆေ့ချ်များများပို့လိုက်ပါ။ display ပေါ်မှာ အဲဒီစာသားလေးမမြင်ရတဲ့အထိပေါ့။
အဆင့် ၂ – Messages app ကို နောက်တစ်ကြိမ်ထပ်ဖွင့်လိုက်ပြီးတော့ Back arrow နဲ့ Conversation list ကို ပြန်ထွက်လိုက်ပါ။ Edit ကို နှိပ်ပြီးတော့ circle လေးကို နှိပ်လိုက်ပါဦး။
အဆင့် ၃ – Delete ကို နှိပ်ပြီးတော့ ဖျက်လိုက်ပါ။
iOS 11.4 final release မှာတော့ ဒီဟာကိုပြင်ဆင်ဖို့အတွက် patch ထုတ်ပေးမှာပါ။ ဒီမတိုင်ခင်မှာတော့ ဒါလေးက အဆင်ပြေပြေသုံုးနိုင်အောင် ကူညီပေးပါလိမ့်မယ်။

Leave a Reply