Zawgyi Version
တစ္ျပိဳင္နက္တည္းနဲ႕ အားလံုးကို ဖြင့္/ပိတ္လုပ္မယ့္အစား တစ္ခုခ်င္းစီကို ထိန္းခ်ဳပ္ႏုိင္ေတာ့မွာပါ။
မတ္လမွာထုတ္ထားတဲ့ beta preview မွာ Google Pixel Buds ရဲ႕ feature အသစ္ေတြကို အရိပ္အျမြက္ေျပာထားတဲ့အထဲမွာ double-tap functionality နဲ႕ in-ear detection တုိ႕လည္း ပါ၀င္ခဲ့ပါတယ္။ ေနာက္ထပ္တစ္ခုထည့္ထားတာကေတာ့ app တုိင္းအတြက္ spoken notification ေလးေတြကို ဖြင့္မလားဆိုတဲ့ setting ေလး ျဖစ္ပါတယ္။
အရင္တုန္းက Android သံုးသူေတြက spoken notification ေတြကို Assistant headphone ေတြဆီပို႕ေပးတဲ့ feature ကို ပိတ္မလား၊ ဖြင့္မလားပဲ ေရြးခြင့္ရွိတာပါ။ အခုဆိုရင္ေတာ့ app တစ္ခုခ်င္းစီကို စိတ္ၾကိဳက္ခ်ိန္ညွိႏုိင္ျပီပဲ ျဖစ္ပါတယ္။ default အရေတာ့ Messaging service ေတြကိုပဲ ဖြင့္ထားေပးမွာပါ။ ဒါေၾကာင့္ ကိုယ့္စိတ္ၾကိဳက္တစ္ခုခ်င္းကို ျပန္ဖြင့္ေပးရမွာ ျဖစ္ပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ Google app ကေနသာ upgrade လုပ္ေပးသြားမွာျဖစ္တယ္လို႕ ယူဆထားပါတယ္။ Android 8.2 ေနာက္ပိုင္းမွာ ထြက္ရွိလာမယ္လို႕ခန္႕မွန္းထားၾကသံေတြ ၾကားေနရပါတယ္။
Unicode Version
တစ်ပြိုင်နက်တည်းနဲ့ အားလုံးကို ဖွင့်/ပိတ်လုပ်မယ့်အစား တစ်ခုချင်းစီကို ထိန်းချုပ်နိုင်တော့မှာပါ။
မတ်လမှာထုတ်ထားတဲ့ beta preview မှာ Google Pixel Buds ရဲ့ feature အသစ်တွေကို အရိပ်အမြွက်ပြောထားတဲ့အထဲမှာ double-tap functionality နဲ့ in-ear detection တို့လည်း ပါဝင်ခဲ့ပါတယ်။ နောက်ထပ်တစ်ခုထည့်ထားတာကတော့ app တိုင်းအတွက် spoken notification လေးတွေကို ဖွင့်မလားဆိုတဲ့ setting လေး ဖြစ်ပါတယ်။
အရင်တုန်းက Android သုံးသူတွေက spoken notification တွေကို Assistant headphone တွေဆီပို့ပေးတဲ့ feature ကို ပိတ်မလား၊ ဖွင့်မလားပဲ ရွေးခွင့်ရှိတာပါ။ အခုဆိုရင်တော့ app တစ်ခုချင်းစီကို စိတ်ကြိုက်ချိန်ညှိနိုင်ပြီပဲ ဖြစ်ပါတယ်။ default အရတော့ Messaging service တွေကိုပဲ ဖွင့်ထားပေးမှာပါ။ ဒါကြောင့် ကိုယ့်စိတ်ကြိုက်တစ်ခုချင်းကို ပြန်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ Google app ကနေသာ upgrade လုပ်ပေးသွားမှာဖြစ်တယ်လို့ ယူဆထားပါတယ်။ Android 8.2 နောက်ပိုင်းမှာ ထွက်ရှိလာမယ်လို့ခန့်မှန်းထားကြသံတွေ ကြားနေရပါတယ်။