Google Pixel 3 အေၾကာင္းၾကားထားသမွ်

0
2100

Zawgyi Version

ဒီႏွစ္ရဲ႕ အေကာင္းဆံုးစမတ္ဖုန္းတစ္လံုးျဖစ္လာမယ့္ဖုန္းေလးအေၾကာင္းသိထားသမွ် တင္ဆက္ေပးေတာ့မွာပါ။

Google က ပထမဆံုး Pixel စီးရီးကို ၂၀၁၆ခုႏွစ္မွာ မိိတ္ဆက္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာ သူ႕ရဲ႕ေနာက္ဆက္တြဲစမတ္ဖုန္းေတြကို ေစ်းကြက္ထဲတင္သြင္းႏုိင္ဖို႕အတြက္ ၾကိဳးစားခဲ့ပါတယ္။ Google ကလည္း ကမာၻ႕တန္း၀င္စမတ္ဖုန္းလုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ hardware ပိုင္းမွာဆိုရင္ေတာ့ အသစ္ကေလးပဲ ရွိပါေသးတယ္။

original Pixel ေတြနဲ႕ Pixel 2 တို႕ကိုယွဥ္ၾကည့္လုိက္တဲ့အခါမွာ တုိးတက္ေကာင္းမြန္မႈေလးေတြကို ျမင္ထားရေတာ့ Pixel 3 မွာ အေတာ္ေလးေမွ်ာ္လင့္ထားပါတယ္။ Google ကလည္း Samsung နဲ႕ Apple တို႕ကိုျပိဳင္ဆုိင္ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ရင္ခုန္မိပါတယ္။ Pixel 2 ဟာ ၂၀၁၇ ရဲ႕ အေကာင္းဆံုးဖုန္းတစ္လံုးျဖစ္ခဲ့တဲ့အတြက္ေၾကာင့္ ဒီႏွစ္မွာလည္း ဒီအတုိင္းျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

အမ်ိဳးေကာင္းသား၊ အမ်ိဳးေကာင္းသမီးတို႕ Google Pixel 3 အေၾကာင္း သိထားတာေလးေတြကို ဆက္ဖတ္ၾကည့္ၾကကုန္ေလာ့

Pixel 3 က second-gen Pixel Buds ၊ Pixel Watch တို႕နဲ႕အတူ ပြဲထြက္လာႏုိင္တယ္

Google ရဲ႕ hardware event ေတြမွာ Pixel ဖုန္းနဲ႕ အျခားထုတ္ကုန္ေတြကို တြဲဖက္ေၾကညာတတ္တယ္။ ဒီႏွစ္မွာလည္း second-gen version Pixel Buds နဲ႕ ပထမဆံုးေသာ Pixel-branded smartwatch ကို ေတြ႕ျမင္ရမယ္လုိ႕လည္း ၾကားထားပါတယ္။

အဲဒီ gadget ေတြရဲ႕အခ်က္အလက္ေတြကေတာ့ မသိရေသးပါဘူး။ ဒီေတာ့ wireless earbud အပိုင္းမွာ ဘယ္လိုေတြတိုးတက္လာသလဲဆိုတာ ျမင္ခ်င္လွပါျပီ။ ျပီးေတာ့ ပထမဆံုး smartwatch ကို ဘယ္လိုေတြလုပ္ေဆာင္ထားမလဲဆိုတာကလည္း စိတ္၀င္စားစရာပါပဲ။

Wear OS က အခုအခ်ိန္မွာ လမ္းခုလတ္သာ ရွိေနပါတယ္။ ဒါေပမယ့္ Pixel Watch အသင့္အတင့္နဲ႕ Qualcomm ရဲ႕ silicon တို႕ေပါင္းစပ္လုိက္ျခင္းက စဥ္းစားစရာျဖစ္လာႏုိင္တယ္။ Google ကေကာင္းေကာင္းကုိင္တြယ္ထားမယ္ဆိုရင္ေတာ့ Apple Watch ကိုေတာင္ ယွဥ္လာႏုိင္လိမ့္မယ္။

Pixel 3 ကို ဘယ္အခ်ိန္ထုတ္ေပးမွာလဲ

၂၀၁၆ နဲ႕ ၂၀၁၇ ခုႏွစ္မွာတုန္းက Google က သူ႕ရဲ႕ hardware event ေတြကို ေအာက္တိုဘာ၄ရက္ေန႕မွာ က်င္းပခဲ့တယ္။ ဒီႏွစ္အတြက္ေတာ့ ရက္အတိအက်မရေသးပါဘူး။ ဒါေပမယ့္လည္း ဒီလမ္းေၾကာင္းအတုိင္းသြားမယ္လို႕ ယူဆထားပါတယ္။

ေအာက္တုိဘာ၄ရက္ေန႕မွာ ၾကာသပေတးေန႕ျဖစ္ေနတဲ့အတြက္ေၾကာင့္ ဒီထက္ေစာေစာျမင္ရႏုိင္တယ္လို႕ တြက္ဆထားပါတယ္။

ေအာ္ဒါလက္ခံဖို႕အတြက္ကေတာ့ မၾကာခင္ေၾကညာေတာ့မယ္လို႕ ထင္ပါတယ္။ ျဖန္႕ခ်ိမွာကေတာ့ launch လုပ္ျပီး ရက္အနည္းငယ္အၾကာမွာ ျဖစ္ပါလိမ့္မယ္။

ဘယ္ေလာက္ကုန္က်ႏုိင္လဲ

ျပီးခဲ့တဲ့ႏွစ္ေတြတစ္ေလွ်ာက္ Pixel ဖုန္းေတြရဲ႕တန္ဖိုးက ပံုေသpattern ေလးသံုးထားတာကို ေတြ႕ရတယ္။ ၾကည့္လိုက္ရေအာင္။

  • Pixel w/ 32GB — $649
  • Pixel w/ 128GB — $749
  • Pixel 2 w/ 64GB — $649
  • Pixel 2 w/ 128GB — $749
  • Pixel XL w/ 32GB — $769
  • Pixel XL w/ 128GB — $869
  • Pixel 2 XL w/ 64GB —$849
  • Pixel 2 XL w/ 128GB — $949

ဒီေတာ့ Pixel 3 နဲ႕ Pixel 3 XL တို႕ဟာ $1000 ေလာက္ ရွိႏုိင္ပါတယ္။

Unicode Version

ဒီနှစ်ရဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာမယ့်ဖုန်းလေးအကြောင်းသိထားသမျှ တင်ဆက်ပေးတော့မှာပါ။
Google က ပထမဆုံး Pixel စီးရီးကို ၂၀၁၆ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူ့ရဲ့နောက်ဆက်တွဲစမတ်ဖုန်းတွေကို ဈေးကွက်ထဲတင်သွင်းနိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ Google ကလည်း ကမ္ဘာ့တန်းဝင်စမတ်ဖုန်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် hardware ပိုင်းမှာဆိုရင်တော့ အသစ်ကလေးပဲ ရှိပါသေးတယ်။
original Pixel တွေနဲ့ Pixel 2 တို့ကိုယှဉ်ကြည့်လိုက်တဲ့အခါမှာ တိုးတက်ကောင်းမွန်မှုလေးတွေကို မြင်ထားရတော့ Pixel 3 မှာ အတော်လေးမျှော်လင့်ထားပါတယ်။ Google ကလည်း Samsung နဲ့ Apple တို့ကိုပြိုင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် ရင်ခုန်မိပါတယ်။ Pixel 2 ဟာ ၂၀၁၇ ရဲ့ အကောင်းဆုံးဖုန်းတစ်လုံးဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီနှစ်မှာလည်း ဒီအတိုင်းဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ Google Pixel 3 အကြောင်း သိထားတာလေးတွေကို ဆက်ဖတ်ကြည့်ကြကုန်လော့
Pixel 3 က second-gen Pixel Buds ၊ Pixel Watch တို့နဲ့အတူ ပွဲထွက်လာနိုင်တယ်
Google ရဲ့ hardware event တွေမှာ Pixel ဖုန်းနဲ့ အခြားထုတ်ကုန်တွေကို တွဲဖက်ကြေညာတတ်တယ်။ ဒီနှစ်မှာလည်း second-gen version Pixel Buds နဲ့ ပထမဆုံးသော Pixel-branded smartwatch ကို တွေ့မြင်ရမယ်လို့လည်း ကြားထားပါတယ်။
အဲဒီ gadget တွေရဲ့အချက်အလက်တွေကတော့ မသိရသေးပါဘူး။ ဒီတော့ wireless earbud အပိုင်းမှာ ဘယ်လိုတွေတိုးတက်လာသလဲဆိုတာ မြင်ချင်လှပါပြီ။ ပြီးတော့ ပထမဆုံး smartwatch ကို ဘယ်လိုတွေလုပ်ဆောင်ထားမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
Wear OS က အခုအချိန်မှာ လမ်းခုလတ်သာ ရှိနေပါတယ်။ ဒါပေမယ့် Pixel Watch အသင့်အတင့်နဲ့ Qualcomm ရဲ့ silicon တို့ပေါင်းစပ်လိုက်ခြင်းက စဉ်းစားစရာဖြစ်လာနိုင်တယ်။ Google ကကောင်းကောင်းကိုင်တွယ်ထားမယ်ဆိုရင်တော့ Apple Watch ကိုတောင် ယှဉ်လာနိုင်လိမ့်မယ်။
Pixel 3 ကို ဘယ်အချိန်ထုတ်ပေးမှာလဲ
၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာတုန်းက Google က သူ့ရဲ့ hardware event တွေကို အောက်တိုဘာ၄ရက်နေ့မှာ ကျင်းပခဲ့တယ်။ ဒီနှစ်အတွက်တော့ ရက်အတိအကျမရသေးပါဘူး။ ဒါပေမယ့်လည်း ဒီလမ်းကြောင်းအတိုင်းသွားမယ်လို့ ယူဆထားပါတယ်။
အောက်တိုဘာ၄ရက်နေ့မှာ ကြာသပတေးနေ့ဖြစ်နေတဲ့အတွက်ကြောင့် ဒီထက်စောစောမြင်ရနိုင်တယ်လို့ တွက်ဆထားပါတယ်။
အော်ဒါလက်ခံဖို့အတွက်ကတော့ မကြာခင်ကြေညာတော့မယ်လို့ ထင်ပါတယ်။ ဖြန့်ချိမှာကတော့ launch လုပ်ပြီး ရက်အနည်းငယ်အကြာမှာ ဖြစ်ပါလိမ့်မယ်။
ဘယ်လောက်ကုန်ကျနိုင်လဲ
ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် Pixel ဖုန်းတွေရဲ့တန်ဖိုးက ပုံသေpattern လေးသုံးထားတာကို တွေ့ရတယ်။ ကြည့်လိုက်ရအောင်။
• Pixel w/ 32GB — $649
• Pixel w/ 128GB — $749
• Pixel 2 w/ 64GB — $649
• Pixel 2 w/ 128GB — $749
• Pixel XL w/ 32GB — $769
• Pixel XL w/ 128GB — $869
• Pixel 2 XL w/ 64GB —$849
• Pixel 2 XL w/ 128GB — $949
ဒီတော့ Pixel 3 နဲ့ Pixel 3 XL တို့ဟာ $1000 လောက် ရှိနိုင်ပါတယ်။

Leave a Reply