Android P အတြက္အသင့္ျပင္ထားတဲ့ Snapdragon 845 ၊ 660 ၊ 636

0
1866

Zawgyi Version

ထုတ္လုပ္သူေတြကလည္း Android version အသစ္ထြက္ေတာ့မယ္ဆိုရင္ သူနဲ႕ကိုက္ေအာင္ hardware ေတြကို ၾကိဳတင္ျပင္ဆင္ထားၾကပါတယ္။ Android P ထြက္ေတာ့မယ္ဆိုေတာ့ Google နဲ႕ ပါတနာဖြဲ႕ထားတဲ့ Qualcomm ကေတာ့ upgrade လုပ္ဖို႕ ေျပာေနစရာကိုမလိုေတာ့ပါဘူး။ Snapdragon 845 ၊ 660 နဲ႕ 636 chipset ေတြကို Android P launch အတြက္ ျပင္ဆင္ထားျပီး ျဖစ္ပါတယ္။

ဒီလိုပါတနာေတြျဖစ္ထားတာမို႕ Qualcomm ဟာ Android P ကို ေစာစီးစြာ အသံုးျပဳခြင့္ရထားျပီးေတာ့ Android version အသစ္ရဲ႕ အတြင္းပိုင္းလုပ္ေဆာင္ခ်က္ေတြကို နားလည္ထားျပီး ျဖစ္ပါတယ္။ “Google နဲ႕ပူးေပါင္းျပီးေတာ့ Android P အတြက္ လုပ္ေဆာင္ရတာကို စိတ္လႈပ္ရွားခဲ့မိပါတယ္။”လို႕ Qualcomm ရဲ႕ထုတ္ကုန္စီမံဌာနဒါရုိက္တာ Mike Genewich က ေျပာၾကားထားပါတယ္။ “ကၽြန္ေတာ္တို႕ရဲ႕အားေကာင္းတဲ့ဆက္ဆံေရးေၾကာင့္ Google နဲ႕ Qualcomm နည္းပညာေတြကို ပူးေပါင္းျပီးေတာ့ Android အတြက္ ေစ်းကြက္ခ်ဲ႕ထြင္သြားမွာပါ။ Snapdragon mobile platforms ေပၚမွာ အေျခခံထားတဲ့ပစၥည္းေတြကို launch လုပ္ရတာလြယ္ကူေအာင္ ေဆာင္ရြက္ေပးသြားမွာပါ။ ”

Qualcomm chipsets ေတြဟာ Project Treble လို႕ေခၚတဲ့ ထုတ္လုပ္သူေတြကို update လုပ္ရတာလြယ္ကူေစႏုိင္တဲ့ပေရာဂ်က္ေလးနဲ႕ ကိုက္ညီလာမယ္လို႕ ယူဆရပါတယ္။ “Qualcomm နည္းပညာေတြကို Android P အတြက္ နီးနီးကပ္ကပ္လုပ္ေဆာင္ေပးရေတာ့ စိတ္လႈပ္ရွားေနမိပါတယ္။ ဒီေတာ့ ထုတ္လုပ္သူေတြဘက္ကလည္း Android ရဲ႕ ေနာက္ဆံုးေပၚဆန္းသစ္မႈေတြကို developer ေတြနဲ႕ သံုးစြဲသူေတြထံ လ်င္လ်င္ျမန္ျမန္ေလး ယူေဆာင္ေပးႏုိင္ေတာ့မွာပါ။ ” လို႕ Google ဘက္မွ Dave Burke ကလည္း အခုလို ေျပာၾကားထားပါတယ္။

Android P မွာ ေကာင္းမြန္တဲ့လုပ္ေဆာင္ခ်က္ေတြနဲ႕ feature ေတြကို သံုးစြဲသူေတြထံ ယူေဆာင္လာေပးေတာ့မွာပါ။ Qualcomm က သူတို႕ရဲ႕ silicon ေတြဟာ multi-camera support ၊ display cutout support ၊ indoor navigation ၊ HDR video and display စတဲ့ feature ေတြရေအာင္ လုပ္ေဆာင္ေနပါတယ္။

Unicode Version

ထုတ်လုပ်သူတွေကလည်း Android version အသစ်ထွက်တော့မယ်ဆိုရင် သူနဲ့ကိုက်အောင် hardware တွေကို ကြိုတင်ပြင်ဆင်ထားကြပါတယ်။ Android P ထွက်တော့မယ်ဆိုတော့ Google နဲ့ ပါတနာဖွဲ့ထားတဲ့ Qualcomm ကတော့ upgrade လုပ်ဖို့ ပြောနေစရာကိုမလိုတော့ပါဘူး။ Snapdragon 845 ၊ 660 နဲ့ 636 chipset တွေကို Android P launch အတွက် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။
ဒီလိုပါတနာတွေဖြစ်ထားတာမို့ Qualcomm ဟာ Android P ကို စောစီးစွာ အသုံးပြုခွင့်ရထားပြီးတော့ Android version အသစ်ရဲ့ အတွင်းပိုင်းလုပ်ဆောင်ချက်တွေကို နားလည်ထားပြီး ဖြစ်ပါတယ်။ “Google နဲ့ပူးပေါင်းပြီးတော့ Android P အတွက် လုပ်ဆောင်ရတာကို စိတ်လှုပ်ရှားခဲ့မိပါတယ်။”လို့ Qualcomm ရဲ့ထုတ်ကုန်စီမံဌာနဒါရိုက်တာ Mike Genewich က ပြောကြားထားပါတယ်။ “ကျွန်တော်တို့ရဲ့အားကောင်းတဲ့ဆက်ဆံရေးကြောင့် Google နဲ့ Qualcomm နည်းပညာတွေကို ပူးပေါင်းပြီးတော့ Android အတွက် ဈေးကွက်ချဲ့ထွင်သွားမှာပါ။ Snapdragon mobile platforms ပေါ်မှာ အခြေခံထားတဲ့ပစ္စည်းတွေကို launch လုပ်ရတာလွယ်ကူအောင် ဆောင်ရွက်ပေးသွားမှာပါ။ ”
Qualcomm chipsets တွေဟာ Project Treble လို့ခေါ်တဲ့ ထုတ်လုပ်သူတွေကို update လုပ်ရတာလွယ်ကူစေနိုင်တဲ့ပရောဂျက်လေးနဲ့ ကိုက်ညီလာမယ်လို့ ယူဆရပါတယ်။ “Qualcomm နည်းပညာတွေကို Android P အတွက် နီးနီးကပ်ကပ်လုပ်ဆောင်ပေးရတော့ စိတ်လှုပ်ရှားနေမိပါတယ်။ ဒီတော့ ထုတ်လုပ်သူတွေဘက်ကလည်း Android ရဲ့ နောက်ဆုံးပေါ်ဆန်းသစ်မှုတွေကို developer တွေနဲ့ သုံးစွဲသူတွေထံ လျင်လျင်မြန်မြန်လေး ယူဆောင်ပေးနိုင်တော့မှာပါ။ ” လို့ Google ဘက်မှ Dave Burke ကလည်း အခုလို ပြောကြားထားပါတယ်။
Android P မှာ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေနဲ့ feature တွေကို သုံးစွဲသူတွေထံ ယူဆောင်လာပေးတော့မှာပါ။ Qualcomm က သူတို့ရဲ့ silicon တွေဟာ multi-camera support ၊ display cutout support ၊ indoor navigation ၊ HDR video and display စတဲ့ feature တွေရအောင် လုပ်ဆောင်နေပါတယ်။

Leave a Reply