Motorola မွ ေခါက္ႏုိင္တဲ့ဖုန္းေလးကို patent တင္လိုက္ျပီ

0
1751

Zawgyi Version

ဒီေန႕ေခတ္မွာ အေတာ္မ်ားမ်ားက ေခါက္ႏုိင္တဲ့စမတ္ဖုန္းေလးေတြကို စိတ္၀င္စားေနၾကပါျပီ။ Samsung မွ Microsoft အဆံုး Apple ေတာင္ပါ၀င္လာပါျပီ။ Motorola လည္း အဲဒီနယ္ပယ္ထဲကို ပါ၀င္လာပါျပီ။ ေခါက္ထားတဲ့စမတ္ဖုန္းေလးကေန တက္ဘလက္အျဖစ္နဲ႕ ေျပာင္းလဲမယ့္ patent ေလးက ဆုရျပီးသြားတဲ့ေနာက္မွာေတာ့ အဲဒီpatent ေလးက ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီဖုန္းတစ္လံုးတည္းမဟုတ္ပါဘူး။ ကာဗာေလးပါေတြ႕လုိက္ရတာပါ။

ေသေသခ်ာခ်ာေျပာရမယ္ဆိုရင္ ဘယ္သူေတြမွ မလုပ္ခင္ကတည္းကေန ေခါက္ႏုိင္တဲ့ပစၥည္းေလးေတြကို စီစဥ္ေနခဲ့တာ ျဖစ္ပါတယ္။ patent တင္ထားတဲ့ေန႕ေလးကိုစဥ္းစားလိုက္မယ္ဆိုုရင္ Motorola က ၂၀၁၆ကတည္းက တင္ထားခဲ့တာပါ။ ဒါေပမယ့္ patent ရလာခဲ့တာေတာ့ ဒီႏွစ္မတ္လမွ ျဖစ္ပါတယ္။

Motorola ရဲ႕ patent ေလးကို “fold out” smartphone အေနနဲ႕ တင္ထားခဲ့တာပါ။ ဒါေၾကာင့္ ေခါက္လိုက္တဲ့အခ်ိန္မွာ screen က အျပင္မွာရွိေနမွာပါ။ လက္ရွိရဲ႕ display ေတြက ဒီကိစၥကို မေျဖရွင္းႏုိင္ေသးပါဘူး။

ဒီထက္ပိုျပီး စိတ္၀င္စားစရာေကာင္းတာကေတာ့ case ေလးပါ patent မွာထည့္သြင္းထားျခင္း ျဖစ္ပါတယ္။ အဲဒီ case ေလးမွာ လုပ္ေဆာင္ခ်က္သံုုးမ်ိဳးရွိပါတယ္။ တစ္ခုကေတာ့ screen ကို ကာကြယ္ေပးဖို႕ပါပဲ။ ေခါက္ထားတဲ့ဖုန္းေလးကို tent mode အေနနဲ႕ အသံုးျပဳႏုိင္ေအာင္လည္း လုပ္ေဆာင္ထားပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ ၾကိဳးမဲ့အားသြင္းႏုိင္ပါတယ္။ အဲဒီ form factor ေလးအတြက္ မျဖစ္ႏုိင္ေသးတဲ့နည္းပညာလို႕လည္း ဆိုရမွာပါ။

Motorola ကေတာ့ သူ႕ရဲ႕ေခါက္ႏုိင္တဲ့စမတ္ဖုန္းေလးနဲ႕ case ေလးအတြက္ ခရီးေရာက္ေနေလာက္ပါျပီ။ ဘယ္ေတာ့ထြက္မွာလဲ။ Lenovo CEO Yang Yuanqing ရဲ႕ စကားသံေတြကို စဥ္းစားၾကည့္ရမယ္ဆုိရင္ Motorola ရဲ႕ iconic phone နာမည္ျဖစ္တဲ့ RAZR ေအာက္ကေန ထြက္ေပၚလာႏုိင္ပါတယ္။

Unicode Version

ဒီနေ့ခေတ်မှာ အတော်များများက ခေါက်နိုင်တဲ့စမတ်ဖုန်းလေးတွေကို စိတ်ဝင်စားနေကြပါပြီ။ Samsung မှ Microsoft အဆုံး Apple တောင်ပါဝင်လာပါပြီ။ Motorola လည်း အဲဒီနယ်ပယ်ထဲကို ပါဝင်လာပါပြီ။ ခေါက်ထားတဲ့စမတ်ဖုန်းလေးကနေ တက်ဘလက်အဖြစ်နဲ့ ပြောင်းလဲမယ့် patent လေးက ဆုရပြီးသွားတဲ့နောက်မှာတော့ အဲဒီpatent လေးက ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖုန်းတစ်လုံးတည်းမဟုတ်ပါဘူး။ ကာဗာလေးပါတွေ့လိုက်ရတာပါ။
သေသေချာချာပြောရမယ်ဆိုရင် ဘယ်သူတွေမှ မလုပ်ခင်ကတည်းကနေ ခေါက်နိုင်တဲ့ပစ္စည်းလေးတွေကို စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ patent တင်ထားတဲ့နေ့လေးကိုစဉ်းစားလိုက်မယ်ဆိုုရင် Motorola က ၂၀၁၆ကတည်းက တင်ထားခဲ့တာပါ။ ဒါပေမယ့် patent ရလာခဲ့တာတော့ ဒီနှစ်မတ်လမှ ဖြစ်ပါတယ်။
Motorola ရဲ့ patent လေးကို “fold out” smartphone အနေနဲ့ တင်ထားခဲ့တာပါ။ ဒါကြောင့် ခေါက်လိုက်တဲ့အချိန်မှာ screen က အပြင်မှာရှိနေမှာပါ။ လက်ရှိရဲ့ display တွေက ဒီကိစ္စကို မဖြေရှင်းနိုင်သေးပါဘူး။
ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတာကတော့ case လေးပါ patent မှာထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ အဲဒီ case လေးမှာ လုပ်ဆောင်ချက်သုံုးမျိုးရှိပါတယ်။ တစ်ခုကတော့ screen ကို ကာကွယ်ပေးဖို့ပါပဲ။ ခေါက်ထားတဲ့ဖုန်းလေးကို tent mode အနေနဲ့ အသုံးပြုနိုင်အောင်လည်း လုပ်ဆောင်ထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ ကြိုးမဲ့အားသွင်းနိုင်ပါတယ်။ အဲဒီ form factor လေးအတွက် မဖြစ်နိုင်သေးတဲ့နည်းပညာလို့လည်း ဆိုရမှာပါ။
Motorola ကတော့ သူ့ရဲ့ခေါက်နိုင်တဲ့စမတ်ဖုန်းလေးနဲ့ case လေးအတွက် ခရီးရောက်နေလောက်ပါပြီ။ ဘယ်တော့ထွက်မှာလဲ။ Lenovo CEO Yang Yuanqing ရဲ့ စကားသံတွေကို စဉ်းစားကြည့်ရမယ်ဆိုရင် Motorola ရဲ့ iconic phone နာမည်ဖြစ်တဲ့ RAZR အောက်ကနေ ထွက်ပေါ်လာနိုင်ပါတယ်။

Leave a Reply