‘Made in India’ Galaxy J ဖုန္းသစ္ေလးလံုးနဲ႕ Xiaomi ကိုဖိုက္မယ့္ Samsung

0
2242

Zawgyi Version

Samsung ကေၾကညာထားပါတယ္။ ဒီလထဲမွာ Samsung Galaxy J series ဖုန္းအသစ္ေလးလံုးကို ထြက္ရွိေပးေတာ့မွာပါ။ ရည္ရြယ္ထားတာကေတာ့ အိႏိၵယကသံုးစြဲသူေတြအတြက္ ျဖစ္ပါတယ္။ မႏွစ္က Xiaomi ကို ဖယ္ေပးလုိက္ရတဲ့ သူတို႕ေစ်းကြက္ကို ဒီဖုန္းေလးလံုးနဲ႕ ျပန္လည္သိမ္းပိုက္ဖို႕ ၾကံရြယ္ေနတာ ျဖစ္ပါတယ္။

ႏွစ္ေတြၾကာေအာင္ အိႏၵိယရဲ႕စမတ္ဖုန္းထုတ္လုပ္ေတြအမ်ားၾကီးထဲမွာ နံပါတ္တစ္ေနရာကို ဦးထားတာပါ။ ကမာၻ႕ေစ်းကြက္မွာ ထိပ္တန္းေရာက္ေနဆဲျဖစ္ေပမယ့္ Xiaomi က အခုအခ်ိန္မွာ အိႏိၵယရဲ႕နံပါတ္တစ္ေနရာကို ေရာက္သြားပါျပီ။ Samsung ကေတာ့ ဒုတိယေနရာကို ၂၀၁၇ ေႏွာင္းပိုင္းမွာ ကန္ခ်ခံလုိက္ရတာပါ။

၂၀၁၈ ပထမလေတြမွာလည္း နံပါတ္တစ္ေနရာကို Xiaomi က ဦးေဆာင္ထားဆဲျဖစ္ပါတယ္။ Samsung အေနနဲ႕ နံပါတ္တစ္ေနရာကိုျပန္ရေအာင္ တုိက္ခိုက္ယူရမွာပါ။

Galaxy J ဖုန္းေတြအေၾကာင္းေတာ့ အေသးစိတ္မသိရေသးပါဘူး။ ဒါေပမယ့္ Samsung ရဲ႕ “Infinity Display” ပါ၀င္မယ္ဆိုတာကေတာ့ သိသာပါတယ္။ ဒါေၾကာင့္ ဘတ္ဂ်က္ဖုန္းေတြမွာ high-end feature ကို ထည့္သြင္းေပးမယ္ဆိုတဲ့သေဘာ သက္ေရာက္ေနပါတယ္။

သူ႕အတြက္ကေတာ့ နည္းဗ်ဴဟာေကာင္းတစ္ခုျဖစ္ပါတယ္။ Xiaomi ကို ျပိဳင္ဖို႕အခြင့္ေကာင္းတစ္ခုပါပဲ။ ဒီႏွစ္ဧျပီလမွာတုန္းက Samsung ဟာ Xiaomi နဲ႕ယွဥ္လိုက္ရင္ အခ်က္အလက္ပိုင္းမွာအားနည္းျပီးေတာ့ ေစ်းပိုၾကီးတဲ့ဖုန္းတစ္လံုးကို ထုတ္ခဲ့ပါတယ္။ Samsung Galaxy J7 Duo ဟာ ေဒၚလာ၂၅၂ ျဖစ္ျပီးေတာ့ သူနဲ႕တန္းညွိႏုိင္တဲ့ Xiaomi Redmi Note 5 Pro ကေတာ့ ေဒၚလာ၂၂၃သာ ရွိပါတယ္။

Galaxy J ဖုန္းေတြကိုိ အိႏိၵယႏုိင္ငံမွာရွိတဲ့ Noida မွာ ထုတ္လုပ္မွာျဖစ္ျပီးေတာ့ “Made In India” လို႕တပ္ထားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi ထက္ Samsung ကိုေရြးခ်ယ္ေအာင္ နည္းလမ္းတစ္ခုသံုးလုိက္တာလည္း ျဖစ္ပါတယ္။

အိႏၵိယစမတ္ဖုန္းေစ်းကြက္က အလ်င္အျမန္တိုးတက္ေနတဲ့ေစ်းကြက္တစ္ခုျဖစ္သလို စမတ္ဖုန္းထုတ္လုပ္သူေတြအတြက္လည္း အေရးပါတဲ့ေစ်းကြက္တစ္ခု ျဖစ္လာပါတယ္။ Samsung ဟာ Xiaomi ကို ဖိုက္တင္ပေလးျပီးေတာ့ နံပါတ္တစ္ေနရာကို ရယူဖို႕ ျပန္လည္ၾကိဳးစားေတာ့မွာပါ။ ဒီေတာ့ ဆက္လက္ရွဳစားၾကည့္ရမွာပါ။

Unicode Version

Samsung ကကြေညာထားပါတယ်။ ဒီလထဲမှာ Samsung Galaxy J series ဖုန်းအသစ်လေးလုံးကို ထွက်ရှိပေးတော့မှာပါ။ ရည်ရွယ်ထားတာကတော့ အိန္ဒိယကသုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ မနှစ်က Xiaomi ကို ဖယ်ပေးလိုက်ရတဲ့ သူတို့ဈေးကွက်ကို ဒီဖုန်းလေးလုံးနဲ့ ပြန်လည်သိမ်းပိုက်ဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။
နှစ်တွေကြာအောင် အိန္ဒိယရဲ့စမတ်ဖုန်းထုတ်လုပ်တွေအများကြီးထဲမှာ နံပါတ်တစ်နေရာကို ဦးထားတာပါ။ ကမ္ဘာ့ဈေးကွက်မှာ ထိပ်တန်းရောက်နေဆဲဖြစ်ပေမယ့် Xiaomi က အခုအချိန်မှာ အိန္ဒိယရဲ့နံပါတ်တစ်နေရာကို ရောက်သွားပါပြီ။ Samsung ကတော့ ဒုတိယနေရာကို ၂၀၁၇ နှောင်းပိုင်းမှာ ကန်ချခံလိုက်ရတာပါ။
၂၀၁၈ ပထမလတွေမှာလည်း နံပါတ်တစ်နေရာကို Xiaomi က ဦးဆောင်ထားဆဲဖြစ်ပါတယ်။ Samsung အနေနဲ့ နံပါတ်တစ်နေရာကိုပြန်ရအောင် တိုက်ခိုက်ယူရမှာပါ။
Galaxy J ဖုန်းတွေအကြောင်းတော့ အသေးစိတ်မသိရသေးပါဘူး။ ဒါပေမယ့် Samsung ရဲ့ “Infinity Display” ပါဝင်မယ်ဆိုတာကတော့ သိသာပါတယ်။ ဒါကြောင့် ဘတ်ဂျက်ဖုန်းတွေမှာ high-end feature ကို ထည့်သွင်းပေးမယ်ဆိုတဲ့သဘော သက်ရောက်နေပါတယ်။
သူ့အတွက်ကတော့ နည်းဗျူဟာကောင်းတစ်ခုဖြစ်ပါတယ်။ Xiaomi ကို ပြိုင်ဖို့အခွင့်ကောင်းတစ်ခုပါပဲ။ ဒီနှစ်ဧပြီလမှာတုန်းက Samsung ဟာ Xiaomi နဲ့ယှဉ်လိုက်ရင် အချက်အလက်ပိုင်းမှာအားနည်းပြီးတော့ ဈေးပိုကြီးတဲ့ဖုန်းတစ်လုံးကို ထုတ်ခဲ့ပါတယ်။ Samsung Galaxy J7 Duo ဟာ ဒေါ်လာ၂၅၂ ဖြစ်ပြီးတော့ သူနဲ့တန်းညှိနိုင်တဲ့ Xiaomi Redmi Note 5 Pro ကတော့ ဒေါ်လာ၂၂၃သာ ရှိပါတယ်။
Galaxy J ဖုန်းတွေကို အိန္ဒိယနိုင်ငံမှာရှိတဲ့ Noida မှာ ထုတ်လုပ်မှာဖြစ်ပြီးတော့ “Made In India” လို့တပ်ထားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi ထက် Samsung ကိုရွေးချယ်အောင် နည်းလမ်းတစ်ခုသုံးလိုက်တာလည်း ဖြစ်ပါတယ်။
အိန္ဒိယစမတ်ဖုန်းဈေးကွက်က အလျင်အမြန်တိုးတက်နေတဲ့ဈေးကွက်တစ်ခုဖြစ်သလို စမတ်ဖုန်းထုတ်လုပ်သူတွေအတွက်လည်း အရေးပါတဲ့ဈေးကွက်တစ်ခု ဖြစ်လာပါတယ်။ Samsung ဟာ Xiaomi ကို ဖိုက်တင်ပလေးပြီးတော့ နံပါတ်တစ်နေရာကို ရယူဖို့ ပြန်လည်ကြိုးစားတော့မှာပါ။ ဒီတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။

Leave a Reply