Zawgyi Version
Unicode Verison
Apple ရဲ့ iOS 11.4 beta 4 လေးကတော့ ထွက်ရှိလာတာ မကြာသေးဘူးလို့ ဆိုရမှာပါ။ ဒီလကုန်လောက်မှာ သူ့ရဲ့နောက်ဆုံးဗားရှင်းကို တွေ့မြင်ရမယ်လိုု့ ခန့်မှန်းထားပါတယ်။
iOS 11.4 မှာ ပါဝင်မယ့် feature အချို့ကိုတော့ ကြားပြီးသား ဖြစ်ပါတယ်။ အခု feature အသစ်တွေကို ဗွီဒီယိုလေးထဲမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ iOS 11.4 မှာ USB Restricted Mode လို့ခေါ်တဲ့ ဟက်ကာတွေအသုံးပြုတဲ့နည်းလမ်းကို ပိတ်ထားနိုင်တဲ့ mode လေး ပါဝင်တော့မှာပါ။
iPhone နဲ့ iPad မှာ တွေ့မြင်ရမယ့် iOS 11.4 ရဲ့feature အသစ်တွေထဲမှာ iCloud အတွက် Messages ထောက်ပံ့ခြင်းနဲ့ AirPlay 2 လေးကိုထောက်ပံ့ခြင်းတွေ ပါဝင်နေပါတယ်။
Apple အနေနဲ့ iOS 11.4 software update ကို ဘယ်အချိန်ထွက်ရှိမလဲဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး။ မေလမကုန်ခင်တော့ တွေ့မြင်ရလောက်တယ်လို့ ခန့်မှန်းထားပါတယ်။
အသေးစိတ်ကိုသိရတာနဲ့ တင်ဆက်ပေးသွားမှာမို့ MMAS Page ကို like & see first လုပ်ထားဖို့ မမေ့ပါနဲ့။