iOS 11.4 မွာ ပါ၀င္လာမယ့္ USB Restricted Mode က iPhone ကို hack လုပ္ဖို႕ပိုမိုခက္ခဲသြားႏုိင္

0
2159

Zawgyi Version

Apple ရဲ႕ အေကာင္းဆံုးလုပ္ေဆာင္ခ်က္ေတြက iOS ကို လံုျခံဳဖို႕ လုပ္ေဆာင္ေပးေနတာပါ။ ဒီႏွစ္အေစာပိုင္းတုန္းက Cellebrite လို႕ေခၚတဲ့ ကုမၸဏီတစ္ခုက iOS အမ်ိဳးမ်ိဳးသံုးထားတဲ့ iPhone အမ်ိဳးမ်ိဳးကို unlock လုပ္ႏုိင္တဲ့ နည္းလမ္းကို ျပခဲ့ပါတယ္။ iOS 11 အသံုးျပဳထားတဲ့ iPhone X ေတာင္မွ ပါ၀င္လာပါတယ္။

မၾကာခင္တုန္းကလည္း GrayKey လို႕ေခၚတဲ့ iPhone hacking machine ေလးက passcode ခံထားတဲ့ဖုန္းေတြကို အသံုးျပဳလို႕ရေအာင္ နည္းလမ္းျပခဲ့ပါတယ္။ အံ့ၾသစရာပါပဲ။ အဲဒီစက္ေလးကို ေဒၚလာ၁၅၀၀၀ နဲ႕ ေရာင္းခ်ျပီးေတာ့ ႏုိင္ငံအတြင္းက တရားရံုးေတြဆီကို ပြက္ေလာရိုက္သြားေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။

မၾကာေသးခင္ကထြက္လာတဲ့ iOS 11.4 ရဲ႕ beta ေလးမွာေတာ့ USB Restricted Mode ကို ထည့္သြင္းထားလို႕ lock ျဖစ္ေနတဲ့ iOS ေတြဆီကေန အခ်က္အလက္ေတြယူသံုးျခင္းမွ ကာကြယ္ႏုိင္ပါတယ္။ ေနာက္ဆံုးထြက္ iOS ကိုအသံုးျပဳထားတဲ့ Apple ဖုန္းတစ္လံုးက ၇ရက္ေလာက္ unlock မျဖစ္ဘဲေနႏုိင္ျပီး အားသြင္းမယ္ဆိုရင္ Lightning port ကို အသံုးျပဳမွာျဖစ္တဲ့အတြက္ေၾကာင့္ data transfer လုပ္ဖို႕ မျဖစ္ႏုိင္ေတာ့ပါဘူး။

တစ္နည္းေျပာရမယ္ဆုိရင္ ေနာက္ဆံုး unlock ျဖစ္ခဲ့တဲ့အခ်ိန္ကို မွတ္သားထားႏုိင္သလို USB port နဲ႕ ခ်ိတ္ဆက္ထားသလားဆိုတာလည္း မွတ္သားႏုိင္ပါတယ္။ ၇ရက္ဆက္တုိက္ၾကာသြားမယ္ဆိုရင္ Lightning port ကိုလညး္ သံုးစြဲခြင့္မရွိေတာ့ပါဘူး။ ဒီလိုျဖစ္တာနဲ႕ ဖုန္းကို ကြန္ပ်ဴတာ ၊ USB accessory နဲ႕ခ်ိတ္ဆက္ျခင္း၊ lockdown record အသံုးျပဳျခင္း၊ passcode မရွိဘဲ unlock လုပ္ျခင္းေတြ မလုပ္ႏုိင္ေတာ့ပါဘူး။ သင္လုပ္ႏုိင္မွာကေတာ့ အားသြင္းတာပါပဲ။

လက္ရွိမွာေတာ့ ေခတ္စားေနတဲ့ unlock နည္းလမ္းေတြနဲ႕ စမ္းသပ္လ်က္ရွိျပီးေတာ့ Apple နဲ႕ hacker ေတြၾကားက iOS လံုျခံဳေရးကေတာ့ ေၾကာင္နဲ႕ၾကြက္လို သံသရာလည္ေနဦးမွာပါ။

Unicode Version

Apple ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေက iOS ကို လုံခြုံဖို့ လုပ်ဆောင်ပေးနေတာပါ။ ဒီနှစ်အစောပိုင်းတုန်းက Cellebrite လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက iOS အမျိုးမျိုးသုံးထားတဲ့ iPhone အမျိုးမျိုးကို unlock လုပ်နိုင်တဲ့ နည်းလမ်းကို ပြခဲ့ပါတယ်။ iOS 11 အသုံးပြုထားတဲ့ iPhone X တောင်မှ ပါဝင်လာပါတယ်။
မကြာခင်တုန်းကလည်း GrayKey လို့ခေါ်တဲ့ iPhone hacking machine လေးက passcode ခံထားတဲ့ဖုန်းတွေကို အသုံးပြုလို့ရအောင် နည်းလမ်းပြခဲ့ပါတယ်။ အံ့သြစရာပါပဲ။ အဲဒီစက်လေးကို ဒေါ်လာ၁၅၀၀၀ နဲ့ ရောင်းချပြီးတော့ နိုင်ငံအတွင်းက တရားရုံးတွေဆီကို ပွက်လောရိုက်သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။
မကြာသေးခင်ကထွက်လာတဲ့ iOS 11.4 ရဲ့ beta လေးမှာတော့ USB Restricted Mode ကို ထည့်သွင်းထားလို့ lock ဖြစ်နေတဲ့ iOS တွေဆီကနေ အချက်အလက်တွေယူသုံးခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်ဆုံးထွက် iOS ကိုအသုံးပြုထားတဲ့ Apple ဖုန်းတစ်လုံးက ၇ရက်လောက် unlock မဖြစ်ဘဲနေနိုင်ပြီး အားသွင်းမယ်ဆိုရင် Lightning port ကို အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် data transfer လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
တစ်နည်းပြောရမယ်ဆိုရင် နောက်ဆုံး unlock ဖြစ်ခဲ့တဲ့အချိန်ကို မှတ်သားထားနိုင်သလို USB port နဲ့ ချိတ်ဆက်ထားသလားဆိုတာလည်း မှတ်သားနိုင်ပါတယ်။ ၇ရက်ဆက်တိုက်ကြာသွားမယ်ဆိုရင် Lightning port ကိုလည်း သုံးစွဲခွင့်မရှိတော့ပါဘူး။ ဒီလိုဖြစ်တာနဲ့ ဖုန်းကို ကွန်ပျူတာ ၊ USB accessory နဲ့ချိတ်ဆက်ခြင်း၊ lockdown record အသုံးပြုခြင်း၊ passcode မရှိဘဲ unlock လုပ်ခြင်းတွေ မလုပ်နိုင်တော့ပါဘူး။ သင်လုပ်နိုင်မှာကတော့ အားသွင်းတာပါပဲ။
လက်ရှိမှာတော့ ခေတ်စားနေတဲ့ unlock နည်းလမ်းတွေနဲ့ စမ်းသပ်လျက်ရှိပြီးတော့ Apple နဲ့ hacker တွေကြားက iOS လုံခြုံရေးကတော့ ကြောင်နဲ့ကြွက်လို သံသရာလည်နေဦးမှာပါ။

Leave a Reply