Android P ရဲ့ public beta ကို စတင်အသုံးပြုနိုင်ပြီ

0
1961

Zawgyi Version





Unicode Version

Android P feature အသစ်တွေကို I/O မှာ ကြေညာနေပြီဆိုတော့ သုံးချင်နေပြီလား။ သင့်မှာ ထောက်ပံ့ပေးနိုင်တဲ့ဖုန်းလည်း ရှိတယ်ဆိုရင်တော့ ဒီနေ့ပဲစတင်စမ်းသပ်နိုင်ပါပြီ။ Android P beta ကို ဖုန်း၁၁လုံးအတွက် ထုတ်လုပ်ပေးထားပါတယ်။ Pixel ဖုန်း၊ Essential Phone ၊ Sony ရဲ့ Xperia XZ2 ၊ Xiaomi ရဲ့ Mi Mix 2S နဲ့ ထွက်ရှိလာမယ့် OnePlus 6 တို့ ဖြစ်ပါတယ်။ (ဆောရီးပါ ဆမ်ဆောင်းဖန်တွေရေ) အဲဒီဖုန်းတွေမရှိဘူးဆိုရင်တော့ beta ကို မသွင်းပါနဲ့။
အဲဒီbeta လေးမှာတော့ AI ကနေ power management ၊ brightness တွေ ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။ notification shade ရဲ့ predictive app section ထဲမှာတော့ ခလုတ်အသစ်လေးတွေ ပါဝင်လာပြီးတော့ သင်ဘာလုပ်ချင်လဲဆိုတာမျိုးကို ခန့်မှန်းသွားနိုင်မှာပါ။ Android P က app usage dashboard တွေ၊ Do Not Disturb mode ရိုးရိုးလေးတွေ၊ silence လုပ်ဖို့အတွက် Shush option ၊ အိပ်ချိန်ရောက်ပြီလားသိနိုင်တဲ့ Wind Down mode တွေ ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီနောက်ကွယ်မှာ MLKit က app ထုတ်လုပ်သူတွေကို machine learning နဲ့ ပူးပေါင်းလို့ရအောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကျိုးကျေးဇူးတွေ ရနိုင်တဲ့ app တွေထွက်လာဖို့ကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဦး။
အဲဒီ beta ကို third-party device တွေမှာလည်း ရနေပါပြီ။ Project Treble မှာ ရနေပါပြီ။ ဒီနှစ်ထဲမှာ Android P ရဲ့ နောက်ဆုံးဗားရှင်းထွက်ရှိလာတော့မှာပါ။ major Android upgrade တွေကတော့ လအတော်ကြာစောင့်ရဦးမှာပါ။

Leave a Reply