လူတုိင္းရဲ႕ ျပႆနာေတြကုို ေျဖရွင္းေပးမယ့္ Google ရဲ႕ Problem Solving Artificial Intelligence အသစ္

0
1874

Zawgyi Version

Google I/O developer conference ကေတာ့ ေမလ၈ရက္ေန႕ ၂၀၁၈ (မေန႕)က စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီမွာ artificial intelligence နည္းပညာအသစ္ေလးကို ထုတ္ျပခဲ့ပါတယ္။ သူကေတာ့ လူတုိင္းရဲ႕ ျပႆနာေတြကုို ေျဖရွင္းေပးမွာ ျဖစ္ပါတယ္။ Google AI အသစ္ကေတာ့ လက္ေတြ႕ ျပႆနာေတြကုို ေျဖရွင္းဖို႕အတြက္ ထုတ္လုုပ္ထားတာျဖစ္ျပီးေတာ့ AI ေတြရဲ႕နယ္ပယ္ကို ခ်ဲ႕ထြင္သြားမယ္လို႕ ေျပာၾကားထားပါတယ္။

AI အသစ္ကို Google ထုတ္ကုန္နဲ႕၀န္ေဆာင္မႈေတြျဖစ္တဲ့ Gmail ၊ Photos ၊ နဲ႕ Google Assistant စတာေတြမွာ အသံုးျပဳႏုိင္ေအာင္ စီစဥ္ထားပါတယ္။ Google က AI နည္းပညာအသစ္ကို အသံုးျပဳျပီးေတာ့ ရွဳပ္ေထြးတဲ့ ျပႆနာေတြကုို ေျဖရွင္းႏုိင္ဖို႕၊ သံုးစြဲသူေတြရဲ႕အခ်ိန္ကုန္သက္သာေစဖို႕ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ အဲဒီ feature ေလးမွာ Gmail ရဲ႕ Smart Compose feature လိုမ်ိဳး Photos ေတြကို ခ်က္ခ်င္းဆိုသလို info ေတြ share ႏုိင္ေအာင္ လုပ္ေဆာင္ထားပါတယ္။ Google Assistant ကိုလည္း သဘာ၀ပိုဆန္ေအာင္၊ ကူညီႏုိင္စြမ္းျမင့္မားေအာင္ လုပ္ေဆာင္ဖို႕ စီစဥ္ထားပါတယ္။ Google ရဲ႕ language understanding ပိုင္းမွာ တုိးတက္လာတဲ့အတြက္ေၾကာင့္ Google ထုတ္ကုန္သံုးစြဲသူေတြဟာ Google Assistant နဲ႕ စကားေျပာတဲ့ေနရာမွာ “Hey Google” ဆိုတာကို ထပ္ကာထပ္ကာသံုးေနဖို႕ မလိုအပ္ေတာ့ပါဘူး။ Google Assistant ကို သံုးစြဲသူေတြအၾကိဳက္ျဖစ္ေအာင္ အသံအသစ္ေတြလည္း ထည့္သြင္းသြားဖို႕ စီစဥ္ထားပါတယ္။

အခုဆိုရင္ Google Research division ကို Google AI အျဖစ္နဲ႕ ေျပာင္းလဲသတ္မွတ္လိုက္ပါျပီ။ ဒါေၾကာင့္ AI အပိုင္းကို အဓိကအာရံုစိုက္ေတာ့မယ္ဆိုတဲ့အေၾကာင္းကို ေျပာခ်င္တာျဖစ္ပါတယ္။ computer vision ၊ က်န္းမာေရးပိုင္း၊ AutoML ေတြအထိ machine learning နည္းပညာကို စမ္းသပ္ေနပါတယ္။ အရာတုိင္းအတြက္ အသံုးခ်လို႕ရေအာင္ Google က ၾကိဳးစားေပးေနတာပါ။ သုေတသနလုပ္တဲ့အခ်ိန္မွာ အဲဒီစနစ္ေတြကို Google product နဲ႕ platform ေတြထဲကို ေပါင္းစပ္ဖို႕ ဦးတည္ထားပါတယ္။  ဒီလိုလုပ္ေဆာင္ဖို႕အတြက္လည္း “Google AI” ဆိုတဲ့ေခါင္းစဥ္ေအာက္ကို ၀င္ေရာက္လိုက္တာပါ။ ရွိသမွ်သုေတသနလုပ္ငန္းအားလံုးကို AI လက္ေအာက္ကို သြင္းလုိက္တာျဖစ္ပါတယ္။

Google AI လုပ္ငန္းစဥ္နဲ႕ Google ထုတ္ကုန္နဲ႕ ၀န္ေဆာင္မႈေတြမွာ အသံုးျပဳသြားမယ့္ နည္းပညာအသစ္ေတြကို သိခ်င္ရင္ေတာ့ official Google blog ကို ေစာင့္ၾကည့္ရပါလိမ့္မယ္။ အေသးစိတ္ကို developer ေပါင္း ၇၀၀၀ တက္ေရာက္ၾကမယ့္ ၁၀ရက္ေန႕မွာ ၾကားရႏုိင္ပါတယ္။

Unicode Version

Google I/O developer conference ကတော့ မေလ၈ရက်နေ့ ၂၀၁၈ (မနေ့)က စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ artificial intelligence နည်းပညာအသစ်လေးကို ထုတ်ပြခဲ့ပါတယ်။ သူကတော့ လူတိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ Google AI အသစ်ကတော့ လက်တွေ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ထုတ်လုုပ်ထားတာဖြစ်ပြီးတော့ AI တွေရဲ့နယ်ပယ်ကို ချဲ့ထွင်သွားမယ်လို့ ပြောကြားထားပါတယ်။
AI အသစ်ကို Google ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေဖြစ်တဲ့ Gmail ၊ Photos ၊ နဲ့ Google Assistant စတာတွေမှာ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ Google က AI နည်းပညာအသစ်ကို အသုံးပြုပြီးတော့ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ သုံးစွဲသူတွေရဲ့အချိန်ကုန်သက်သာစေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီ feature လေးမှာ Gmail ရဲ့ Smart Compose feature လိုမျိုး Photos တွေကို ချက်ချင်းဆိုသလို info တွေ share နိုင်အောင် လုပ်ဆောင်ထားပါတယ်။ Google Assistant ကိုလည်း သဘာဝပိုဆန်အောင်၊ ကူညီနိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ Google ရဲ့ language understanding ပိုင်းမှာ တိုးတက်လာတဲ့အတွက်ကြောင့် Google ထုတ်ကုန်သုံးစွဲသူတွေဟာ Google Assistant နဲ့ စကားပြောတဲ့နေရာမှာ “Hey Google” ဆိုတာကို ထပ်ကာထပ်ကာသုံးနေဖို့ မလိုအပ်တော့ပါဘူး။ Google Assistant ကို သုံးစွဲသူတွေအကြိုက်ဖြစ်အောင် အသံအသစ်တွေလည်း ထည့်သွင်းသွားဖို့ စီစဉ်ထားပါတယ်။
အခုဆိုရင် Google Research division ကို Google AI အဖြစ်နဲ့ ပြောင်းလဲသတ်မှတ်လိုက်ပါပြီ။ ဒါကြောင့် AI အပိုင်းကို အဓိကအာရုံစိုက်တော့မယ်ဆိုတဲ့အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ computer vision ၊ ကျန်းမာရေးပိုင်း၊ AutoML တွေအထိ machine learning နည်းပညာကို စမ်းသပ်နေပါတယ်။ အရာတိုင်းအတွက် အသုံးချလို့ရအောင် Google က ကြိုးစားပေးနေတာပါ။ သုတေသနလုပ်တဲ့အချိန်မှာ အဲဒီစနစ်တွေကို Google product နဲ့ platform တွေထဲကို ပေါင်းစပ်ဖို့ ဦးတည်ထားပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက်လည်း “Google AI” ဆိုတဲ့ခေါင်းစဉ်အောက်ကို ဝင်ရောက်လိုက်တာပါ။ ရှိသမျှသုတေသနလုပ်ငန်းအားလုံးကို AI လက်အောက်ကို သွင်းလိုက်တာဖြစ်ပါတယ်။
Google AI လုပ်ငန်းစဉ်နဲ့ Google ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေမှာ အသုံးပြုသွားမယ့် နည်းပညာအသစ်တွေကို သိချင်ရင်တော့ official Google blog ကို စောင့်ကြည့်ရပါလိမ့်မယ်။ အသေးစိတ်ကို developer ပေါင်း ၇၀၀၀ တက်ရောက်ကြမယ့် ၁၀ရက်နေ့မှာ ကြားရနိုင်ပါတယ်။

Leave a Reply