စာရွက်ထဲမှစာတွေကို copy/paste လုပ်ခွင့်ပေးတော့မည့် Google Lens
0
2127
Zawgyi Version
Unicode Version
Google က Google I/O 2018 မှာ Google Lens ရဲ့ feature အသစ်ကို ကြေညာလိုက်ပါတယ်။ ဟုတ်ပါတယ်။ လက်တွေ့လောကရဲ့စာတွေကို copy/paste လုုပ်ခွင့်ပေးမှာ ဖြစ်ပါတယ်။
အဲဒီ feature ကိုတော့ dubbed smart text selection လို့ခေါ်ပြီး စာရွက်တစ်ခုကနေ စာတွေကို copy လုပ်ခွင့်ပေးမှာဖြစ်ပြီးတော့ အဲဒီစာတွေကို အသုံးပြုခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ Google blog post တစ်ခုမှာဆိုရင် လက်ခံပြေစာ၊ Wi-Fi passwords နဲ့ gift card codes တွေကို ဖုန်းအတွက်အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။
အဲဒီ platform အတွက် ကြေညာမယ့် feature ကဒီတစ်ခုတည်းလားဆိုတော့ မဟုတ်ပါဘူး။
နောက်ထပ် feature သစ်တစ်ခုကိုလည်း Google I/O မှာ ကြေညာခဲ့ပါသေးတယ်။ ဒါကတော့ အပေါ်မှာပြထားတဲ့အတိုင်း တကယ့်လက်တွေ့ကစာတွေကို ပြလိုက်တာနဲ့ အဖြေတွေ ရရှိမှာဖြစ်ပါတယ်။
Google Lens feature နောက်တစ်ခုကတော့ Style Match ဖြစ်ပါတယ်။ ဒါလေးကတော့ အဝတ်အစားနဲ့ ပစ္စည်းတွေကို အလားတူစတိုင်လ်တွေ ရှာနိုင်မှာ ဖြစ်ပါတယ်။ e-commerce ပုံစံမျိုးနဲ့ဆင်တူပြီးတော့ review တွေ၊ အရောင်းဆိုင်စာရင်းတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Google Lens feature နောက်ဆုံးတစ်ခုကတော့ proactive searching လို့ခေါ်ပါတယ်။ viewfinder ရဲ့ အချက်အလက်တွေကို ပြသပေးသွားမှာပါ။ overlay live result တွေကို ပြသပေးချင်တဲ့အနေအထားဖြစ်ပါတယ်။
Google က Google Lens ဟာ camera apps တွေမှာလည်း ရောက်လာလိမ့်မယ်လိုု့ ကြေညာခဲ့ပါတယ်။ ထုတ်လုပ်သူအများစုကတော့ သူတို့ရဲ့ ကင်မရာတွေမှာလည်း ထည့်ချင်ကြပါတယ်။
Google က Lens ကို Google Assistant နဲ့ပေါင်းစပ်ပြီးနောက်မှာ အသစ်တွေထွက်လာခဲ့တာပါ။ မကြာသေးခင်တုန်းကလည်း OnePlus ဖုန်းတွေမှာ တွေ့ရပါတယ်။ Samsung နဲ့ LG ဖုန်းတွေမှာလည်း update တွေ ရထားပြီး ဖြစ်ပါတယ်။
Leave a Reply