ကလေးတွေကို ယဉ်ကျေးအောင်လုပ်ပေးမယ့် Google Assistant ရဲ့ ‘Pretty Please’

0
1994

Zawgyi Version




Unicode Version

AI assistant တွေကို ယဉ်ကျေးနေစရာ မလိုအပ်ပါဘူး။ နားလည်အောင်ပြောမယ်ဆိုရင် သင်ခိုင်းတာကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်ခွင့်ပေးထားခြင်းဟာ တချို့မိဘတွေအတွက်တော့ ကလေးတွေကို အတုယူမှားစေနိုင်တယ်လို့ ထင်ကြတယ်။ ဒီအတွက် ကလေးတွေကို ယဉ်ကျေးအောင်လေ့ကျင့်ပေးဖို့အတွက် Google က Pretty Please ဆိုတာလေးကို ပြုလုပ်ပေးလိုက်ပါတယ်။
Pretty Please မှာ ကလေးတွေအနေနဲ့ “please” ဆိုတဲ့စကားလုံးလေးကို ခိုင်းချင်တဲ့အခါ အသုံးပြုပေးရမှာပါ။ “please” မပါရင် ခိုင်းတာမလုပ်ဘူးဆိုတဲ့သဘောပါပဲ။ “please” ထည့်ပြီးတော့ ခိုင်းစေမယ်ဆိုရင် “you’re so polite!” ဆိုတဲ့စကားလုံးလေးတွေကို ပြန်လည်ဖြေကြားပြီး ခိုင်းစေတာကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
Pretty Please ဟာ မိသားစုတွေအတွက် option လေးတစ်ခုဖြစ်ပြီးတော့ မိသားစုတွေကို ချိတ်ဆက်ပေးနိုင်မယ့်အရာလေးလို့ ပြောထားပါတယ်။ ဒီလုပ်ဆောင်ချက်လေးကိုတော့ ဒီနှစ်ကုန်လောက်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.