ultra-wide angle ပါဝင္တဲ့ စမတ္ဖုန္း Aquos R2 ရဲ႕အခ်က္အလက္မ်ားကို Sharp ေၾကညာ

0
1728

ဂ်ပန္စမတ္ဖုန္းနဲ႔အီလက္ထေရာနစ္ပစၥည္းထုတ္လုပ္သူ Sharp ဟာ အဆင့္ျမင့္ စမတ္ဖုန္း တစ္လံုးကုိ ေၾကညာလိုက္ပါတယ္။၎ဖုန္းဟာ ဒုတိယမ်ဳိးဆက္ R စီးရီးအျဖစ္ Sharp Aquos R2 ျဖစ္ပါတယ္။ ဒီဖုန္းမွာ Notch ဒီဇုိင္း၊ အဆင့္ျမင့္ စနစ္မ်ား သံုးထားတဲ့အျပင္ အဆင့္ျမင့္ ဗီဒီယိုမ်ား ႐ုိက္ကူးႏုိင္မယ့္ ကင္မရာ ထည့္သြင္းေပးထားပါတယ္။

ဒီဖုန္းမွာ Screen-to-body အခ်ဳိးမ်ားစြာရွိေအာင္ မ်က္ႏွာျပင္အျပည့္ နီးပါး ႐ုပ္ထြက္သံုးထားပါတယ္။ Notch ပါ၀င္ပါတယ္။ Notch အတြင္းမွာ Selfie ကင္မရာ ထည့္သြင္းေပးထားပါတယ္။ မ်က္ႏွာျပင္ ၆ လက္မရွိၿပီး IGZO IPS 19:9 WHQD+ ႐ုပ္ထြက္သံုးထားပါတယ္။ 1440 x 3040 pixels Resolution ရွိၿပီး refresh rate မွာေတာ့ 100 Hz ျဖစ္ပါတယ္။ ဒီဖုန္းကုိ Snapdragon 845 ပရိုဆက္ဆာနဲ႔အတူ RAM4GB ၊ Storage 64GB ပါ၀င္ပါတယ္။ microSD မွ တစ္ဆင့္ 400GB အထိ တိုးျမႇင့္ႏုိင္ပါေသးတယ္။ ဘက္ထရီ စြမ္းအား 3030 mAh ပါ၀င္ပါတယ္။ Android 8.0 Oreo OS ထည့္သြင္းထားပါတယ္။

ေရွ႕ကင္မရာက 16.3MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာႏွစ္လံုး ပါ၀င္ပါတယ္။ 16.3MP+22.6MP ျဖစ္ပါတယ္။ ပထမဆင္ဆာက အလန္းစား ဗီဒီယို ႐ုိက္ကူးဖုိ႔ ေထာက္ပံ့ေပးႏုိင္ပါတယ္။ 4K ဗီဒီယိုကုိ Ultra-Wide Angle ျဖင့္ ႐ုိက္ကူးႏုိင္ပါတယ္။ ျမင္ကြင္းက်ယ္ ၁၃၅ ဒီဂရီအထိ ရိုက္ႏိုင္ပါတယ္။ ဗီဒီယို ႐ုိက္ကူးေနစဥ္အတြင္းမွာလည္း AI က ေကာင္းမြန္တဲ့ ဓာတ္ပံုမ်ားကုိ အလုိအေလ်ာက္ ႐ုိက္ကူးေပးပါဦးမယ္။

ဒီဖုန္းက IPX5/IPX8/IP6X ေထာက္ခဲ့ခ်က္မ်ား ရရွိထားၿပီး အသံပုိင္းအတြက္ Dolby Vision ႏွင့္ Dolby Atmos ထည့္သြင္းထားတာေၾကာင့္ ႐ုပ္ရွင္ၾကည့္တဲ့အခါပဲျဖစ္ျဖစ္၊ သီခ်င္းဗီဒီယိုၾကည့္တဲ့အခါပဲျဖစ္ျဖစ္ ေကာင္းမြန္အသံကုိ ခံစားနားဆင္ႏုိင္မွာ ျဖစ္ပါတယ္။ ဂ်ပန္စမတ္ဖုန္း ကုမၸဏီကထုတ္လုိုက္တဲ့ ဖုန္းဟာ လက္ရွိထြက္ထားၿပီးသား ဖုနး္၃လုံးကို ေပါင္းစပ္ထားသလုိျဖစ္ပါတယ္။ သူ႔မွာ iPhone X ကိုယ္ထည္၊ Essential ဖုန္းပုံစံ Notchတို႔နဲ႔ Huawei P20 Pro ရဲ႕လုပ္ေဆာင္ခ်က္ေတြ ပါဝင္ေနပါတယ္။

Unicode Version

ဂျပန်စမတ်ဖုန်းနဲ့အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူ Sharp ဟာ အဆင့်မြင့် စမတ်ဖုန်း တစ်လုံးကို ကြေညာလိုက်ပါတယ်။၎င်းဖုန်းဟာ ဒုတိယမျိုးဆက် R စီးရီးအဖြစ် Sharp Aquos R2 ဖြစ်ပါတယ်။ ဒီဖုန်းမှာ Notch ဒီဇိုင်း၊ အဆင့်မြင့် စနစ်များ သုံးထားတဲ့အပြင် အဆင့်မြင့် ဗီဒီယိုများ ရိုက်ကူးနိုင်မယ့် ကင်မရာ ထည့်သွင်းပေးထားပါတယ်။
ဒီဖုန်းမှာ Screen-to-body အချိုးများစွာရှိအောင် မျက်နှာပြင်အပြည့် နီးပါး ရုပ်ထွက်သုံးထားပါတယ်။ Notch ပါဝင်ပါတယ်။ Notch အတွင်းမှာ Selfie ကင်မရာ ထည့်သွင်းပေးထားပါတယ်။ မျက်နှာပြင် ၆ လက်မရှိပြီး IGZO IPS 19:9 WHQD+ ရုပ်ထွက်သုံးထားပါတယ်။ 1440 x 3040 pixels Resolution ရှိပြီး refresh rate မှာတော့ 100 Hz ဖြစ်ပါတယ်။ ဒီဖုန်းကို Snapdragon 845 ပရိုဆက်ဆာနဲ့အတူ RAM4GB ၊ Storage 64GB ပါဝင်ပါတယ်။ microSD မှ တစ်ဆင့် 400GB အထိ တိုးမြှင့်နိုင်ပါသေးတယ်။ ဘက်ထရီ စွမ်းအား 3030 mAh ပါဝင်ပါတယ်။ Android 8.0 Oreo OS ထည့်သွင်းထားပါတယ်။

ရှေ့ကင်မရာက 16.3MP ဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံး ပါဝင်ပါတယ်။ 16.3MP+22.6MP ဖြစ်ပါတယ်။ ပထမဆင်ဆာက အလန်းစား ဗီဒီယို ရိုက်ကူးဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ 4K ဗီဒီယိုကို Ultra-Wide Angle ဖြင့် ရိုက်ကူးနိုင်ပါတယ်။ မြင်ကွင်းကျယ် ၁၃၅ ဒီဂရီအထိ ရိုက်နိုင်ပါတယ်။ ဗီဒီယို ရိုက်ကူးနေစဉ်အတွင်းမှာလည်း AI က ကောင်းမွန်တဲ့ ဓာတ်ပုံများကို အလိုအလျောက် ရိုက်ကူးပေးပါဦးမယ်။

ဒီဖုန်းက IPX5/IPX8/IP6X ထောက်ခဲ့ချက်များ ရရှိထားပြီး အသံပိုင်းအတွက် Dolby Vision နှင့် Dolby Atmos ထည့်သွင်းထားတာကြောင့် ရုပ်ရှင်ကြည့်တဲ့အခါပဲဖြစ်ဖြစ်၊ သီချင်းဗီဒီယိုကြည့်တဲ့အခါပဲဖြစ်ဖြစ် ကောင်းမွန်အသံကို ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဂျပန်စမတ်ဖုန်း ကုမ္ပဏီကထုတ်လိုက်တဲ့ ဖုန်းဟာ လက်ရှိထွက်ထားပြီးသား ဖုန်း၃လုံးကို ပေါင်းစပ်ထားသလိုဖြစ်ပါတယ်။ သူ့မှာ iPhone X ကိုယ်ထည်၊ Essential ဖုန်းပုံစံ Notchတို့နဲ့ Huawei P20 Pro ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်နေပါတယ်။

 

Leave a Reply