၁၆ရက္ေန႔မွာ မိတ္ဆက္မယ့္ notch ပါဝင္မယ့္ Nokia X စမတ္ဖုန္း

0
1967

full view display နဲ႔ Notch ဒီဇုိင္းပါဝင္လာမယ့္ Nokia X စမတ္ဖုန္း မိတ္ဆက္မယ့္ရက္ကို Nokia အေနနဲ႔ အတည္ျပဳထုတ္ျပန္လုိက္ပါၿပီ။ ႏိုကီယာအေနနဲ႔ အသစ္ထြက္လာမယ့္ စမတ္ဖုန္းကုိ ယခုလ၁၆ရက္ေန႔မွာ ပြဲထုတ္မိတ္ဆက္သြားမွာျဖစ္တယ္လို႔ မေန႔ကေၾကျငာလိုက္ပါၿပီ။
သူ႕ရဲ႕ဒီဇုိင္းဟာ notch full view screen နဲ႔ျဖစ္ၿပီး ရွည္ေမ်ာေမ်ာပုံစံဟာ iPhone X နဲ႔ဆင္တူပါတယ္။ ဖုန္းရဲ႕ေနာက္ေက်ာဘက္ကို ဖန္သားနဲ႔သုံးထားမွာပါ။ ေက်ာဘက္မွာေတာ့ dual-camera နဲ႔ dual-LED flash ကို ေဒါင္လိုက္ထားထားပါတယ္။ ညာဘက္မွာေတာ့ အသံခလုတ္နဲ႔ ပါဝါခလုတ္ပါပါတယ္။ ကင္မရာရဲ႕ေအာက္ဘက္မွာေတာ့ လက္ေဗြဖတ္စနစ္ကို တပ္ဆင္ထားမွာ ျဖစ္ပါတယ္။ ဒီဖုန္းဟာ Nokia ရဲ႕ Notchပထမဆုံး ပါဝင့္မယ့္ ဖုန္းျဖစ္လာပါမယ္။

ကင္မရာမ်ားရဲ႕ အရည္အေသြးကိုေတာ့ လက္ရွိအခ်ိန္ထိ မသိရေသးပါဘူး။ ကင္မရာမ်ားကို Carl Zeiss က ဖန္တီးထားေပးမယ္လို႔ သတင္းထြက္ေနပါတယ္။ ကင္မရာ ဖန္ရွင္မ်ားထဲမွာ Professional Mode မ်ား ပါလာႏိုင္ပါတယ္။ သူ႔မွာ Android 8.0 Oreo ထည့္သြင္းထားမွာ ေသခ်ာပါတယ္။

ထြက္ေပၚထားတဲ့ အခ်က္အလက္ေတြအရNokia X ကိုပရိုဆက္ဆာ ၂မ်ိဳးနဲ႔ ထုတ္လုပ္လာႏုိင္ၿပီး တစ္မ်ိဳးမွာေတာ့ 12nm အေျချပဳ helio P60 ကိုသုံးထားမွာျဖစ္ၿပီး Cortex A73*4 နဲ႔ Cortex A53*4 ေပါင္းစပ္မႈMali-G72 MP3 GPU တို႔နဲ႔ေမာင္းႏွင္မွာျဖစ္ပါတယ္။ ေနာက္ထပ္ ပရိုဆက္ဆာကေတာ့ 14nm အေျချပဳ Snapdragon 636 နဲ႔ျဖစ္ၿပီး1.8GHz Octa core ျဖစ္ကာ Adreno 509 GPU နဲ႔ျဖစ္မွာပါ။
ထြက္ေပၚထားတဲ့ အခ်က္အလက္ေတြအရ Nokia X ဟာ mid-range စမတ္ဖုန္းေစ်းကြက္ကို ရည္ရြယ္ပါလိမ့္မယ္။Snapdragon 636 6GB+128GB နဲ႔ Helio P60 4GB+64GB ဗားရွင္းဆိုၿပီးထြက္လာပါလိမ့္မယ္။ ေစ်းႏႈန္းကေတာ့ အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းေပၚမူတည္ၿပီး2,000 ယြမ္( $333) နဲ႔ 2,500 ယြမ္( $416 ) က်သင့္ပါလိမ့္မယ္။

Unicode Version

full view display နဲ့ Notch ဒီဇိုင်းပါဝင်လာမယ့် Nokia X စမတ်ဖုန်း မိတ်ဆက်မယ့်ရက်ကို Nokia အနေနဲ့ အတည်ပြုထုတ်ပြန်လိုက်ပါပြီ။ နိုကီယာအနေနဲ့ အသစ်ထွက်လာမယ့် စမတ်ဖုန်းကို မတ်၁၆ရက်နေ့မှာ ပွဲထုတ်မိတ်ဆက်သွားမှာဖြစ်တယ်လို့ မနေ့ကကြေငြာလိုက်ပါပြီ။
သူ့ရဲ့ဒီဇိုင်းဟာ notch full view screen နဲ့ဖြစ်ပြီး ရှည်မျောမျောပုံစံဟာ iPhone X နဲ့ဆင်တူပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်ကို ဖန်သားနဲ့သုံးထားမှာပါ။ ကျောဘက်မှာတော့ dual-camera နဲ့ dual-LED flash ကို ဒေါင်လိုက်ထားထားပါတယ်။ ညာဘက်မှာတော့ အသံခလုတ်နဲ့ ပါဝါခလုတ်ပါပါတယ်။ ကင်မရာရဲ့အောက်ဘက်မှာတော့ လက်ဗွေဖတ်စနစ်ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ကင်မရာများရဲ့ အရည်အသွေးကိုတော့ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ ကင်မရာများကို Carl Zeiss က ဖန်တီးထားပေးမယ်လို့ သတင်းထွက်နေပါတယ်။ ကင်မရာ ဖန်ရှင်များထဲမှာ Professional Mode များ ပါလာနိုင်ပါတယ်။ သူ့မှာ Android 8.0 Oreo ထည့်သွင်းထားမှာ သေချာပါတယ်။

ထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရNokia X ကိုပရိုဆက်ဆာ ၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပြီး တစ်မျိုးမှာတော့ 12nm အခြေပြု helio P60 ကိုသုံးထားမှာဖြစ်ပြီး Cortex A73*4 နဲ့ Cortex A53*4 ပေါင်းစပ်မှုMali-G72 MP3 GPU တို့နဲ့မောင်းနှင်မှာဖြစ်ပါတယ်။ နောက်ထပ် ပရိုဆက်ဆာကတော့ 14nm အခြေပြု Snapdragon 636 နဲ့ဖြစ်ပြီး1.8GHz Octa core ဖြစ်ကာ Adreno 509 GPU နဲ့ဖြစ်မှာပါ။
ထွက်ပေါ်ထားတဲ့ အချက်အလက်တွေအရ Nokia X ဟာ mid-range စမတ်ဖုန်းဈေးကွက်ကို ရည်ရွယ်ပါလိမ့်မယ်။Snapdragon 636 6GB+128GB နဲ့ Helio P60 4GB+64GB ဗားရှင်းဆိုပြီးထွက်လာပါလိမ့်မယ်။ ဈေးနှုန်းကတော့ အချက်အလက်သိုလှောင်နိုင်စွမ်းပေါ်မူတည်ပြီး2,000 ယွမ်( $333) နဲ့ 2,500 ယွမ်( $416 ) ကျသင့်ပါလိမ့်မယ်။

Leave a Reply